Antony ကို ခေါ်ယူနိုင်ဖို့ ယုံကြည်နေတဲ့ ယူနိုက်တက်အသင်း။

အေဂျက်စ်ကို ရောင်းချဖို့ ဖိအားပေးခဲ့ပြီးနောက် Antony [ အန်တိုနီ ] ရဲ့ အပြောင်းအရွှေ့ကို ယူနိုက်တက် ယုံကြည်မှုရှိနေပါတယ်။ Antony [ အန်တိုနီ ] က သူ့ကို ရောင်းချဖို့ အေဂျက်စ်အသင်းကို ဖိအားပေးခဲ့ပြီးနောက် လာမယ့်အပတ် အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် ကစားသမားကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက်အသင်းက ယုံကြည်နေပါတယ်။ ဘရာဇီးလ်သားဟာ နွေရာသီ တလျှောက်လုံး နည်းပြ အဲရစ် တန်ဟက်ဂ်အတွက် ထိပ်တန်းပစ်မှတ် ဖြစ်ခဲ့ပြီး ယူနိုက်တက် နည်းပြဟာ သူ့ရဲ့ တပည့်ဟောင်းကို ခေါ်ယူဖို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ တိုက်စစ်မှူးကို အသင်းမှာ ပူးပေါင်းစေဖို့ တော်တော်လေးကို









