Tierney ကို ပစ်မှတ်ထားနေတဲ့ မန်စီတီး

Man City want Tierney in the long-term
August 19, 2022

နောက်ခံလူ [ တီယာနေး ] Tierney ကို ပစ်မှတ်ထားနေတဲ့ မန်ချက်စတာ စီးတီးအသင်း

Tierney [ တီယာနေး ] ဟာ အာဆင်နယ်အသင်းအတွက် အားထားရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ဒဏ်ရာပြဿနာကြောင့် မကြာခဏဆိုသလို အရန်ခုံမှာ ထိုင်ရလေ့ရှိသူ တစ်ဦး ဖြစ်ပါတယ်။

မန်ချက်စတာ စီးတီးအသင်းအနေနဲ့ သူတို့ရဲ့ နောက်ခံလူ အိုလစ်စန်းဒါးရ် ဇင်ချန်ကို ထွက်သွားပြီးတဲ့နောက်မှာ သူ့နေရာ အစားထိုးဖို့ အာဆင်နယ်အသင်း နောက်ခံလူ Tierney [ တီယာနေး ] ကို ရေရှည် ပစ်မှတ်ထားလာကြတယ်လို့ သိရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဂွာဒီယိုလာရဲ့ မန်စီးတီးက Tierney [ တီယာနေး ] ကို စောင့်ကြည့်ခဲ့တာ ကြာပါပြီ။

မန်ချက်စတာစီးတီးအသင်းဟာ အာဆင်နယ်နောက်ခံလူ Tierney [ တီယာနေး ] ကို ကာလရှည်ကြာ အထင်ကြီး စောင့်ကြည့်ခဲ့ကြောင်း CBS သတင်း‌ထောက် ဘန် ဂျက်ကောပ်စ်က ရေးသား ဖော်ပြခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် တီယာနေးဟာ ၂၀၁၉ ခုနှစ်တုန်းက ဆဲလ်တစ်အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်း‌ရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

Tierney is highly-rated player

ဂိုးသွင်းအပြီး အောင်ပွဲခံနေတဲ့ တီယာနေး။

သူဟာ ကလပ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၈၉ ပွဲ ကစားထားပေမယ့် အကြိမ်ကြိမ် ဒဏ်ရာပြဿနာတွေကြောင့် နည်းပြ မီကယ် အာတတ်တာရဲ့ ပွဲထွက် လူစာရင်းမှာ သူရဲ့ ပါဝင်ပတ်သက်မှုတွေကို လျှော့ချခံထားရပါတယ်။

အခု နွေရာသီ အပြောင်းအရွှေ့ ကာလမှာ အိုလစ်စန်းဒါးရ် ဇင်ချန်ကို ကို ဂန်းနားတို့ဆီ ရောင်းချခဲ့ပြီးနောက် မန်ချက်စတာစီးတီးအသင်းဟာ နောက်တန်း အင်အားဖြည့်တင်းဖို့ စကော့တလန် လက်ရွေးစင်ကို ခေါ်ယူဖို့ အာရုံစိုက်လာတာ ဖြစ်ပါတယ်။

ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ Tierney [ တီယာနေး ]။

နောက်တန်းကစားသမား ကီရန် တီယာနေးကို စောင့်ကြည့်ခဲ့တာဟာ နှစ်ရှည်လများ ကာလရှိခဲ့ပြီး ကလပ်အသင်းတွေဟာ လက်ရှိ အပြောင်အရွှေ့စျေးကွက်မှာ သူတို့ရဲ့  အစွမ်းအစ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

မန်ချက်စတာစီး တီးရဲ့ အမြင်အရ ဇင်ချန်ကို ရဲ့ နေရာမှာ အစားထိုး မယ့် ဦးစားပေး ကစားသမားကတော့ ဆာဂျီယို ဂိုမက်ဇ်လို့လည်း သိရပါတယ်။

Tierney had injury problems

တီယာနေးဟာ ခြေစွမ်းကောင်းပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ ရပါတယ်။

ကီရန် တီယာနေးက မန်ချက်စတာ စီးတီးအသင်းကို နှစ်သက်တယ်ဆိုတဲ့ ပြောဆိုချက်ဟာ အဓိပ္ပာယ်ရှိပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး အနာဂတ်မရှိဘူးလို့ ထင်စရာမရှိတဲ့အပြင် တရားဝင် ထုတ်ပြန်ချက်တွေကိုလည်း မှတ်တမ်းတင်ထားခြင်းမရှိသေးပါဘူး။

စကော့တလန် လက်ရွေးစင်ဟာ ဒဏ်ရာ ပြဿနာကြောင့် အာဆင်နယ်အသင်းရဲ့ နွေရာသီ အမေရိကန် ခရီးစဥ်မှာ ပါဝင်ကစားခြင်းမရှိခဲ့ပေမယ့် အပြောင်းအရွှေ့ တစ်ခုခုကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ရာသီကြို နဲ့ ပတ်သက်ပြီး အနည်းငယ် နောက်ကျကျန်နေသေးတာကို တွေ့ရပါတယ်။

စောင့်ကြည့်ရမယ့်အရာတစ်ခု

မန်စီးတီးအသင်းအနေနဲ့ ဒါကို စောင့်ကြည့်ရမယ့်အရာလို့ ထင်ရပါတယ်။ ဒါ‌ပေမယ့် လာမယ့်နှစ်ပတ်အတွင်း အပြောင်း‌အရွှေ့ကို ရုတ်သိမ်းနိုင်ခဲ့ရင် ဒါဟာ အံ့ဩစရာ ကောင်းမှာ သေချာပါတယ်။ တစ်စိတ်တစ်ပိုင်းအနေနဲ့ အာဆင်နယ်က သူ့ကို မရောင်းချင်တာရောရယ်၊ မန်စီးတီးအသင်းက တခြားရေတို ဦးစားပေးတွေ ရှိနေတာကြောင့် ဖြစ်ပါလိမ့်မယ်။

ဒါဟာ အများကြီး အဓိပ္ပာယ်ရှိပြီး မန်ချက်စတာစီးတီးအသင်းက ရေရှည်အတွက် တီယာနေးကို ခေါ်ယူလိမ့်မယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ရေတိုမှာ သူတို့ နောက်ကျတဲ့ အလုပ်တွေ အများကြီး လုပ်ရမှာဖြစ်ပြီး အာဆင်နယ် အသင်းကလည်း ကောင်းမွန်စွာ လုပ်ဆောင်ဖို့ လိုပါသေးတယ်။

ငွေးရေးကြေးရေးပိုင်းဆိုင်ရာကတော့ သဘာဝအတိုင်း အထောက်အကူ ဖြစ်စေနိုင်ပေမယ့် ဖြစ်နိုင်ခြေထက် နောက်နှစ်ပတ်အတွင်း ပိုမိုရှည်ကြာသွားနိုင်ပါတယ်။ အခုအချိန်အထိတော့ တရားဝင် ကမ်းလှမ်းထားခြင်း မရှိသေးပါဘူး။

Tierney was at Celtic

ဆဲလ်တစ် ကစားသမားဟောင်း တီယာနေး။

မန် စီးတီးအနေနဲ့ တီယာနေးကို ‌ခေါ်ယူနိုင်မလား?

သူတို့အနေနဲ့ ညတွင်းချင်း ရူးသွပ်စရာ ဖြစ်ပေါ် လာတဲ့ အပြောင်းအရွှေ့ ဈေးကွက် အဆင့်မှာ ရှိနေတာကြောင့် အများကြီး ပြောင်းလဲသွားနိုင်ပါတယ်။ သို့ပေမယ့် ပစ်မှတ်တစ်ခုကို လွဲချော်ပြီး နောက်တစ်ခုဆီ ဆက်သွားဖို့ စိန်ခေါ်မှုကတော့ အာဆင်နယ်အသင်းကို ဆွဲဆောင်နိုင်ပြီး ကြီးမားတဲ့ ကမ်းလှမ်းချက်တွေနဲ့ စိန်ခေါ်မှုတွေ ဖြစ်လာမှာပါ။

ဇင်ချန်ကို ရောက်လာခဲ့ပေမယ့် အာဆင်နယ်အသင်းအနေနဲ့ တီယာနေးကို ရောင်းချဖို့ လမ်းဖွင့်ပေးထားမယ်ဆိုတာ မသေချာပါဘူး။ စကော့တလန်ကြယ်ပွင့်ဟာ ဧပြီလမှာ ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် ရာသီကြို ခြေစမ်း‌ပွဲတွေကို လွဲချော်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္လာနေ့က ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် ပွဲစဥ်မှာ ပြန်လာနိုင်ခဲ့ပြီး ဇင်ချန်ကိုနဲ့ အစားထိုးခဲ့ပါတယ်။ လက်စတာစီးတီးအသင်းကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာ ယူကရိန်းအသင်းခေါင်းဆောင်ဟာ ၇၇ မိနစ်မှာ တီယာနေးအတွက် လမ်းစ လုပ်ပေးခဲ့တာကြောင့် တူညီတဲ့ အခြေအနေတစ်ခု ဖြစ်နိုင်ပါတယ်။

အိုလစ်စန်းဒါးရ် ဇင်ချန်ကိုက ပြိုင်ပွဲက အကြိတ်အနယ်ရှိပြီး မန်းစီးတီးကစားသမားဘဝတုန်းက တီယာနေးရဲ့ ကစားပုံကို သဘာတကျနဲ့ ကြည့်ရှုခဲ့ဖူးကြောင်း ဖွင့်ဟခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment