အားကစားနယ်ပယ်အသီးသီးမှ ဘုရင်များ

Kings of sports

 

🏆 ကလေးဘဝတုန်းက အားကစားလုပ်ရင် အနိုင်ရဖို့နဲ့ ဆုဖလားရဖို့တို့ထက် ဘယ်အရာက ပိုကောင်းဦးမလဲ? 🏆

 

 

အားကစားလုပ်တဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ကြတာတွေ ရှိမယ်။ တချို့က အားကစားကို ဝါသနာအရ ကစားကြပြီး တချို့ကျတော့ ပရော်ဖက်ရှင်နယ် အရ ကစားကြတာ

ရှိပါတယ်။ ပြိုင်ပွဲက ကြီးမားသည်ဖြစ်စေ သေးသေးမွှားမွှားပဲ ဖြစ်စေ စ,တင် ယှဥ်ပြိုင်ပြီဆိုတာနဲ့ ဘယ်သူပဲ ဖြစ်ဖြစ် နိုင်ချင်ကြတာချည်းပါပဲ။

 

 

ကျွန်တော်တို့ အားကစားရဲ့ ထိပ်ဆုံးကို ရောက်ရှိခြင်းထက် ပိုမိုကောင်းမွန်တဲ့ ခံစားချက် ရှိတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရရှိတဲ့ ဆုတွေဟာ အားကစား

လောကမှာ သက်ဆိုင်ရာ အောင်မြင်ပြီးမြောက်တဲ့ နှစ်တွေရဲ့ ထာဝရအမှတ်တရအဖြစ် ရှိနေဦးမှာပါ။

 

အခုဒီမှာတော့ ပရော်ဖက်ရှင်နယ် အားကစားနယ်ပယ် ( ၈ ) ခုက အမြင့်ဆုံး ဆုတံဆိပ်တွေကို အများဆုံး ဆွတ်ခူးထားနိုင်တဲ့ ကမ္ဘာကျော် ကစားသမား

( best athletes ) များကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျ။

 

 

 

 

၆။ တွန်ဘရက်ဒီ ( Super Bowl Rings ၇ ကြိမ် )

 

 

NFL မှာ Super Bowl တစ်ခုအနိုင်ရဖို့ဆိုတာ တကယ်ကို ခက်ခဲတဲ့အရာပါ။ အဲ့ဒါက မေးတဲ့လူအပေါ်မှာလည်း မူတည်ပါသေးတယ်။

 

Super Bowl လက်စွပ် များစွာကို ရရှိထားတဲ့ NFL ကစားသမား အများအပြားရှိပြီး လက်ချောင်းတစ်ချောင်းစီမှာ စွပ်ဖို့ လုံလောက်တဲ့ လက်စွပ်တွေကို စုဆောင်း

ထားကြပါတယ်။ လွယ်ကူတဲ့အလုပ်မဟုတ်ပေမယ့် ပြီးမြောက်အောင်မြင်တဲ့အလုပ်တစ်ခုပါ။ ဒီလို အောင်မြင်မှုအမှတ်အသားတွေကို အကြိမ်အရေအတွက် အများ

ဆုံး ရရှိထားသူကတော့ တွန်ဘရက်ဒီလို့ လူသိများတဲ့ သောမတ်စ် အက်ဒဝါ့ဒ် ပက်တရစ်ခ် ဘရက်ဒီ ဂျူနီယာပဲ ဖြစ်ပါတယ်။

 

ဘရက်ဒီဟာ New England Patriots နဲ့အတူ (’01, ’02, ’04, ’14, ’16, ’18) ရာသီတွေမှာ ခြောက်ကြိမ် အနိုင်ရရှိခဲ့ပြီး Super Bowl LV မှာ Tampa Bay

Buccaneers နဲ့အတူ သူရဲ့ နောက်ဆုံးရာသီမှာ ( ၇ ) ကြိမ်မြောက် လက်စွပ်ကွင်းကို ရယူခဲ့ပါတယ်။ သူဟာ Super Bowl လက်စွပ် ခုနစ်ကွင်း ရရှိထားပြီး အများဆုံး

( most super bowl rings )ရရှိသူအဖြစ် စံချိန်တင်ထားပါတယ်။

 

 

 

 

၅။ မိုက်ကယ် ရှူးမေကာ & လီဝိစ် ဟမ်မစ်လ်တန် ( ဖော်မြူလာဝမ်း ချန်ပီယံ ၇ ကြိမ် )

 

 

ဖော်မြူလာဝမ်း ( Formula one ) ဂိမ်းတွေမှာလိုမျိုး ပြိုင်ကားကို ရင်သတ်ရှုမောဖွယ် မောင်းပြရင်း ကမ္ဘာကျော်ခဲ့တဲ့ ကားမောင်းဘုရင်ကတော့ ဂျာမနီနိုင်ငံသား

မိုက်ကယ် ရှူးမေကာပဲ ဖြစ်ပါတယ်။ သူဟာ အရင်က ဖော်မြူလာ သရီး ပြိုင်ပွဲတွေမှာ ယှဥ်ပြိုင်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ ‌‌‌ဂျော်ဒန်အသင်းအတွက် ဖော်မြူလာဝမ်း ( F1 )

ပြိုင်ပွဲကို ပြောင်းရွှေ့ ယှဥ်ပြိုင်လာခဲ့တာ ဖြစ်ပါတယ်။

 

ရှူးမေကာဟာ ( ၁၉၉၄၊ ၁၉၉၅၊ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃၊ ၂၀၀၄ ) ခုနှစ်တွေမှာ စုစုပေါင်း ချန်ပီယံ ( ၇ ) ကြိမ် ရရှိခဲ့ပြီး ချန်ပီယံ ( ၅ ) ကြိမ် ရရှိထားတဲ့ ဟွမ် မန်နူ

ယယ် ဖန်ဂီယိုရဲ့ စံချိန်ကို  နှစ်ပေါင်း ၅၀ နီးပါးကြာအောင် ချိုးဖျက်ခဲ့ပါတယ်။ သူဟာ ၂၀၀၆ ခုနှစ်မှာ သူ့ရဲ့ကစားသမားဘဝကနေ အနားယူသွားခဲ့ပြီ။

 

 

ဒါပေမယ့်လည်း အခုအခါ ရှူးမေကာရဲ့ ချန်ပီယံ ( ၇ ) ကြိမ် စံချိန်ကို လိုက်မီလာခဲ့တဲ့ နောက်ထပ် ဖော်မြူလာဝမ်း ချန်ပီယံ တစ်ယောက်ကတော့ ဆာ လီဝိစ် ကားလ်

ဒေးဗစ်ဆန် ဟမ်မစ်လ်တန်ပဲ ဖြစ်ပါတယ်။ တော်တော်များများကတော့ လီဝိစ် ဟမ်မစ်လ်တန်လို့ ခေါ်ကြပါတယ်။

 

သူဟာ McLaren အသင်းနဲ့အတူ ( ၂၀၀၇ – ၂၀၁၂ ) ခုနှစ်တွေမှာ ယှဥ်ပြိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ သူ့ရဲ့ ပထမဆုံး ချန်ပီယံကို ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၃ ခုနှစ်မှ

Mercedes အသင်းနဲ့ ပြောင်းရွှေ့လက်တွဲခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံ ( ၆ ) ကြိမ် ရရှိခဲ့ပါတယ်။ ဟမ်မစ်လ်တန်ဟာ လက်ရှိမှာလည်း Mercedes အသင်းနဲ့ပဲ ပြိုင်ပွဲ

တွေ ယှဥ်ပြိုင်နေဆဲ ဖြစ်ပါတယ်။ လီဝိစ် ဟမ်မစ်လ်တန်ဟာ ( ၂၀၀၈၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ ) ခုနှစ်တွေမှာ စုစုပေါင်း ချန်ပီယံ ( ၇ ) ကြိမ်

( most fi championships ) ရရှိခဲ့ပြီး ချန်ပီယံဟောင်း ရှူးမေကာနဲ့ ပူးတွဲစံချိန်တင်ထားပါတယ်။

 

 

 

 

 

၄။ လီယွန်နယ် မက်ဆီ ( Ballon d’Or  ၇ ကြိမ် )

 

 

ရွှေဘောလုံး ( Ballon d’Or ) လို့ ပြောလိုက်ရင် မက်ဆီကိုပဲ ပြေးမြင်ကြမယ်လို့ ထင်ပါတယ်။ သူဟာ လေ့ကျင့်မှုကောင်းတယ် ဆိုတာထက် ပါရမီရှင်လို့ ပြောရမှ

ပါ။ တချို့ကလည်း တခြားကမ္ဘာက ဂြိုလ်သားလို့လည်း ပြောကြပါသေးတယ်။ သူ့ရဲ့ ကစားသမားဘဝတလျှောက်လုံးကို ဘာစီလိုနာအသင်းနဲ့ပဲ ကုန်ဆုံးသွားလိမ့်မယ်

လို့ မျှော်လင့်ထားခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ အသင်းက မလိုအပ်တော့တဲ့အတွက် စိတ်မကောင်းစွာနဲ့ပဲ PSG အသင်းကို အလွတ်ပြောင်း‌ရွှေ့ကြေးနဲ့ ပြောင်း‌ရွှေ့ခဲ့ရ

ပါတယ်။ ဒါပေမယ့် သူ့ကို ဘာစီလိုနာ၊ အာဂျင်တီးနားအသင်းတွေနဲ့ပဲ တွဲမြင်နေကြဦးမယ်လို့ ထင်ပါတယ်။

 

လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ ( အခုချိန်ထိ ) ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ဆုဖလားပေါင်း ( ၃၇ ) လုံးအထိ ရယူးထား

ပြီး လက်ရှိမှာလည်း ( ၇ ) ကြိမ်မြောက် Ballon d’Or ဆုကို မကြာသေးခင်ကပဲ ရရှိထားပါတယ်။ မက်ဆီဟာ ဘောလုံးရာသီ ( ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅၊

၂၀၁၉၊ ၂၀၂၁ ) ခုနှစ်တွေမှာ စုစုပေါင်း Ballon d’Or ( ၇ ) ရရှိခဲ့ပါတယ်။

 

သူဟာ Ballon d’Or ( ၇ ) ကြိမ်ဖြင့် အများဆုံး ( most ballon d’or )ဆုရှင်အဖြစ် စံချိန်တင်ထားပြီး သူ့ရဲ့နောက်မှာ ပေါ်တူဂီ ဂန္တဝင်ကစားသမား ခရစ်စတီယာနို

ရော်နယ်ဒိုက Ballon d’Or ( ၅ ) ကြိမ်ဖြင့် ဒုတိယအဖြစ် ရပ်တည် နေပါတယ်။

 

 

 

 

 

၃။ ‌ဘီးလ် ရက်ဆယ် ( NBA ချန်ပီယံ ၁၁ ကြိမ် )

 

 

အမျိုးသားဘတ်စကက်ဘောအသင်း ( NBA championship ) ချန်ပီယံ အများဆုံး ရရှိခဲ့သူကတော့ အမေရိကန် ဘတ်စကက်ဘော ဂန္တဝင်ကြီး ဘီးလ် ရက်ဆယ်ပဲ

ဖြစ်ပါတယ်။ သူဟာ ကွင်းလယ်မှာ ကစားခဲ့သူဖြစ်ပြီး သူ့က ဂျာစီနံပါတ် ( ၆ ) ကို အမြဲ ဝတ်ဆင်လေ့ ရှိခဲ့ပါတယ်။ ရက်ဆယ်ဟာ သူ့ရဲ့ ကစားသမားဘဝ

တလျှောက်လုံးကို ဘော်စတွန် ဆဲလ်တစ်စ် ( Boston Celtics ) အသင်းမှာပဲ ကုန်ဆုံးခဲ့ပါတယ်။ အသင်းနဲ့အတူ အောင်မြင်မှုတွေလည်း အများကြီး ရရှိခဲ့ပါတယ်။

 

ရက်ဆယ်ဟာ ဘော်စတွန် ဆဲလ်တစ်စ်အသင်းနဲ့အတူ ဘတ်စကက်ဘောရာသီ ( ၁၃ ) ရာသီကစားခဲ့ပြီး ချန်ပီယံဆုကို ( ၁၁ ) ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာ ( ၁၉၅၇၊ ၁၉၅၉၊ ၁၉၆၀၊ ၁၉၆၁၊ ၁၉၆၂၊ ၁၉၆၃၊ ၁၉၆၄၊ ၁၉၆၅၊ ၁၉၆၆၊ ၁၉၆၈၊ ၁၉၆၉ ) ခုနှစ်တွေမှာ စုစုပေါင်း NBA ချန်ပီယံ ( ၁၁ ) ကြိမ် ရရှိခဲ့ပြီး NBA

ချန်ပီယံ အများဆုံး ( most nba trophies ) ဆုရှင်အဖြစ် စံချိန်တင်ထားပါတယ်။

 

ရက်ဆယ်ရဲ့နောက်မှာ သူရဲ့ အသင်းဖော် ဆမ်ဂျုံးစ်က NBA ချန်ပီယံ ( ၁၀ ) ကြိမ်ဖြင့် ဒုတိယအဖြစ် ရပ်တည် နေပါတယ်။ ဂန္တဝင်ကြီး ဘီးလ် ရက်ဆယ်ဟာ လာမယ့်

ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာ အသက် ၈၈ နှစ်ပြည့်မှာ ဖြစ်ပါတယ်။

 

 

 

 

 

၂။ ရာဖေးလ် နာဒယ်လ် ( Grand Slam ချန်ပီယံ ၂၁ ကြိမ် )

 

 

 

မကြာသေးခင်ကမှ တင်းနစ်စ်အမျိုးသား တစ်ဦးချင်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး သတင်းတွေ၊ ဂုဏ်ပြုစကားတွေ အများကြီးတက်လာခဲ့တဲ့ ကမ္ဘာကျော် တင်းနစ်စ်

သမားကတော့ ရာဖေးလ် နာဒယ်လ်ပဲ ဖြစ်ပါတယ်။

 

ရာဖေးလ် နာဒယ်လ် ပါရဲရားဟာ စပိန်ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားတစ်ဦး ဖြစ်ပြီး တင်းနစ်ကျွမ်းကျင်ပညာရှင်များအသင်းမှ သူ့ကို ကမ္ဘာ့အဆင့် နံပါတ် ၅

အဖြစ်သတ်မှတ်ခဲ့ပါတယ်။  ATP အဆင့်သတ်မှတ်ချက်မှာတော့ ၂၀၉ ပတ်ကြာ နံပါတ် ၁ ဖြစ်ခဲ့ပြီး နှစ်ကုန်အဆင့်သတ်မှတ်ချက်  နံပါတ် ၁ ဖြင့် ငါးကြိမ်တိုင် ပြီးဆုံးခဲ့

ပါတယ်။ နာဒယ်သည် ဂရန်းစလန်း အမျိုးသားတစ်ဦးတည်းချန်ပီယံဆု ၂၁ ကြိမ်ရရှိခဲ့ပြီး သမိုင်းတစ်လျှောက် အများဆုံး ( most grand slam titles ) ဆုရှင်အဖြစ်

စံချိန်တင်ထားပါတယ်။

 

ရာဖေးလ် နာဒယ်လ်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားဘဝကို ၂၀၀၁ ခုနှစ်မှာ စတင်ခဲ့ပြီး ပထမဦးဆုံး ချန်ပီယံဖလားကို ၂၀၀၅ ခုနှစ် ( 2005 French

Open ) ပြိုင်ပွဲမှာ ရရှိခဲ့ပါတယ်။ သူဟာ ( 2005 French Open၊ 2006 French Open၊ 2007 French Open၊ 2008 French Open၊ 2008 Wimbledon၊ 2009

Australian Open၊ 2010 French Open၊ 2010 Wimbledon၊ 2010 US Open၊ 2011 French Open၊ 2012 French Open၊ 2013 French Open၊ 2013 US

Open၊ 2014 French Open၊ 2017 French Open၊ 2017 US Open၊ 2018 French Open၊ 2019 French Open၊ 2019 US Open၊ 2020 French Open၊ 2022

Australian Open ) ပြိုင်ပွဲတွေမှာ တစ်ဦးချင်း ချန်ပီယံဖလားတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။

 

2022 Australian Open မတိုင်ခင် နာဒယ်ဟာ ခြေဖဝါး ဒဏ်ရာကြောင့် ၆ လကြာ အနားယူးပြီးမှ ပြန်လည် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ဆုဖလားကို ရယူခဲ့ခြင်းလည်း

ဖြစ်ပါတယ်။ သူ့ရဲ့နောက်မှာ ရိုဂါ ဖာဒါရာနဲ့ နိုဗာ့ခ် ဂျိုကိုဗစ်တို့က တစ်ဦးချင်း ချန်ပီယံ အကြိမ် ( ၂၀ ) စီဖြင့် ဒုတိယနေရာမှာ ရပ်တည် နေကြပါတယ်။

 

 

 

 

 

၁။ မိုက်ကယ် ဖဲလ်စ် ( အိုလံပစ် ရေကူး ‌ဆုတံဆိပ် ၂၈ ခု )

 

 

နောက်ထပ် ချန်ပီယံတစ်ဦးကတော့ အမေရိကန်နိုင်ငံသား ရေကူးချန်ပီယံ မိုက်ကယ် ဖရတ်ဒ် ဖဲလ်စ်ပဲ ဖြစ်ပါတယ်။ ဖဲလ်စ်ဟာ အသက် ၇ နှစ်အရွယ်မှာ စ,ပြီး ရေကူး

တတ်ခဲ့တာ ဖြစ်ပါတယ်။ ‌ရေကူးရခြင်း အဓိက အကြောင်းအရင်းကတော့ သူ့မိခင်ကြောင့်ပါ။ သူ့ရဲ့ မိခင်က သူ့ကို ရေကူးသင်စေချင်တယ်ဆိုတာနဲ့ ရေကူးဖြစ်သွား

တာလို့ ဆိုပါတယ်။

 

ဖဲလ်စ်ဟာ

( 2004 Athens Olympics ) ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ၆ ခုနဲ့ ကြေးတံဆိပ်ဆု ၂ ခု၊

(  2008 Beijing Olympics ) ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ၈ ခု၊

(  2012 London Olympics ) ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ၄ ခုနဲ့ ငွေတံဆိပ်ဆု ၂ ခုနဲ့

(  2016 Rio de Janeiro Olympics ) ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ၅ ခုနဲ့ ငွေတံဆိပ်ဆု ၁ ခု တို့ကို ရရှိခဲ့ပါတယ်။

 

သူဟာ အိုလံပစ် ပြိုင်ပွဲကြီး‌တွေမှာ ရွှေတံဆိပ်ဆု ၂၃ ခု၊ ငွေတံဆိပ်ဆု ၃ ခု၊ ကြေးတံဆိပ်ဆု ၂ ခုနဲ့ စုစုပေါင်း ဆုတံဆိပ် ( ၂၈ ) ခုဖြင့် ဆုတံဆိပ် အများဆုံး ( most

olympic medals ) စံချိန်တင်ထားနိုင်ခဲ့ပါတယ်။

 

🏆 အပေါ်မှာ ဖော်ပြခဲ့တာတွေကတော့ အားကစားနယ်ပယ် အသီးသီးမှာ အအောင်မြင်ဆုံးနှင့် ဆုဖလားအများဆုံး  ရရှိထားသူတွေပဲ ဖြစ်ပါတယ်။ 🏆

 

 

အခုလို စိတ်ဝင်စားစရာ အကြောင်းအရာတွေနဲ့ ကျွန်တော်တို့ 1xBet ရဲ့ ပရိုမိုးရှင်း ဘောနပ်စ်များကို အမြဲလိုလို ဖော်ပြပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နေ့စဥ်

နေ့တိုင်း မတူညီတဲ့ ဘောနပ်စ်အပိုဆု မျိုးစုံနဲ့ ပရိုးမိုးရှင်း ပြိုင်ပွဲပေါင်း များစွာတို့ကို ရယူနိုင်ဖို့အတွက် ကျွန်တော်တို့ 1xBet ဝဘ်ဆိုဒ်ကို လာရောက် ဆက်သွယ်လိုက်

ပါ ခင်ဗျ။

 

 

🎁 1xbet ရဲ့ ကတ်စတန်မာများ အားလုံးပဲ ကံထူးကြပါစေခင်ဗျ။ 🎁

 

🔞 မှတ်ချက်။ အသက် (၁၈)နှစ် ပြည့်ပြီးသူများသာ ကစားခွင့်ရနိုင်ပါသည်။ 🔞

 

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။