Casemiro က ရှဝိုင်းစတိုက်ဂါလို ဖြစ်လာမှာမဟုတ်ပါဘူး။

Casemiro was compared with Schweinsteiger
August 22, 2022

ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်း ရှဝိန်းစတိုက်ဂါလို ဖြစ်လာမှာ မဟုတ်တဲ့ [ Casemiro ] ကတ်စီမီရို။

Casemiro [ ကတ်စီမီရို ] ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ပြီးခဲ့တဲ့အပတ်က သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ပါတယ်။ အပြီးသတ် စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးပြီးတာနဲ့ စနေနေ့ ဆောက်သမ်တန်နဲ့ပွဲမှာ အသင်းအတွက် ပထမဦးဆုံး ပွဲထွက်ခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

ကတ်စီမီရိုအတွက် ပြောင်းရွှေ့ကြေး ပေါင်းသန်း ၆၀ ပတ်ဝန်းကျင်နဲ့ အပိုပရိုဂရမ်ပေါင်း ၁၀ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီး ဒီနေ့ညကန်မယ့် လီဗာပူးလ်အသင်းနဲ့ပွဲစဥ် မတိုင်ခင် အိုးထရက်ဖို့ဒ် ပရိတ်သတ်တွေရှေ့မှာ မိတ်ဆက် ပြသသွားမှာ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ကွင်းလယ်ခံစစ် [ ကတ်စီမီရို ] Casemiro ကို ကွင်းလယ်လူဟောင်း ရှဝိုင်းစတိုက်ဂါနဲ့ နှိုင်းယှဥ်ခဲ့ပါတယ်။

မန် ယူနိုက်တက်အသင်းဟာ ကွင်းလယ်ခံစစ်တစ်ဦးကို ‌ရှာဖွေနေတာ အချိန်အတော်ကြာခဲ့ပါပြီ။ ဒီနေရာမှာ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့အပေါ် အငြင်းအခုံ ရှိနေကြပေမယ့် တစ်စုံတစ်ဦးကတော့ ဒီခေါ်ယူမှုအပေါ် လုံးဝကို ယုံကြည်ခြင်း မရှိပါဘူး။

ချဲလ်ဆီး၊ မာဆေးနဲ့ ဂီလင်ဟန်ကစားသမားဟောင်း တိုနီ ကတ်စကာရီနိုဟာ ဒီခေါ်ယူမှုနဲ့ ပတ်သက်လို့ အားကစားသတင်းဌာန TalkSport မှာ ပြောကြားခဲ့ပြီး အဲ့ဒါကို ၂၀၁၅ ခုနှစ်တုန်းက ယူနိုက်တက်တို့ ခေါ် ယူခဲ့တဲ့ ဘာစတီယန် ရှဝိုင်းစတိုက်ဂါနဲ့ နှိုင်းယှဥ်ခဲ့ပါတယ်။

Casemiro and his two best Midfielders

ရီးယဲလ်မက်ဒရစ်မှာ ဆယ်စုနှစ်တစ်ခုစာ အတွဲညီခဲ့ကြတဲ့ ကမ္ဘာ့အဆင့် ကွင်းလယ် (၃) ဦး။

“ အသင်းအတွက် ကြီးမားတဲ့ တိုးတက်မှုတွေ လုပ်ဖို့ သူ့ရဲ့ လုပ်ဆောင်မှု စွမ်းရည်တွေပေါ်မှာ အများကြီး မှီခိုနေရပါတယ်။ ကတ်စီမီရိုက တကယ်တမ်း အရမ်းကြီး မပြေးနိုင်ပါဘူး။ သူက တိုက်စစ်အမြန်နဲ့ အပြေးအလွှားကစားတဲ့ ကွင်းလယ်တစ်ယောက် မဟုတ်ပါဘူး။ ဒါ့ကြောင့် ပွဲစ, ဖို့အတွက် သူ့ရဲ့ အခြေအနေတွေကို သေချာစောင့်ကြည့်ဖို့ လိုပါမယ်။ ” လို့ ကတ်စ်ကာရီနိုက ပြောကြားခဲ့ပါတယ်။

ကစားသမားဟောင်း ကတ်စ်ကာရီနိုက

“ ကတ်စီမီရိုကို ဝယ်တော့မယ်ဆိုရင် သူနဲ့ တွဲကစားမယ့် အသင်းဖော်တွေရဲ့  ကစားအားနဲ့ စွမ်းဆောင်ရည်တွေလည်း လိုအပ်တယ်ဆိုတာ နားလည်ထားရဦးမှာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ယူနိုက်တက်အကြောင်းနဲ့ ပတ်သက်ပြီး သိလိုက်ရတာကတော့ သူတို့က အရမ်းကြီး တွန်းတွန်းတိုက်တိုက် မကစားကြဘူး ဆိုတာပါပဲ။ ” လို့ ဆက်ပြောလိုက်ပါတယ်။

ကတ်စ်ကာရီနိုက ကတ်စီမီရို အနေနဲ့ ရီးယဲလ်မက်ဒရစ်မှာတုန်းက သူနဲ့တွဲကစားခဲ့တဲ့ သူတွေရဲ့ စွမ်းဆောင်ရည်တွေကြောင့် သူ့အတွက် အများကြီး အကျိုးရှိစေတယ်လို့ ယုံကြည်နေပါတယ်။ ရှဝိုင်းစတိုက်ဂါ ယူနိုက်တက်အသင်းဆီ မပြောင်းခင် ဘိုင်ယန်အသင်းမှာ တိုနီခရုစ်က သူနဲ့ အတွဲညီညီ ကစားပေးခဲ့သလိုမျိုး ပုံစံ ဆင်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

Casemiro needs kroos like Schweinsteiger

ရှဝိုင်းစတိုက်ဂါ ခြေစွမ်းပေါ်လွင်ဖို့ တိုနီခရုစ် အထောက်အပံ့ပြုပေးခဲ့သလိုမျိုး ကတ်စီမီရိုလည်း အဲ့လို့ ကွင်းလယ်မျိုး လိုအပ်ပါတယ်။

ဂျာမနီ ကွင်းလယ် ကစားသမားဟောင်း ရှဝိုင်းစတိုက်ဂါရဲ့ တောက်ပတဲ့ ဘိုင်ယန်မြူးနစ် ကစားသမားဘဝအကြောင်းပြောရင်း အဲ့ဒါက ရှဝိုင်းစတိုက်ဂါ‌အကြောင်း နည်းနည်း သတိရစေတယ်လို့ ဆိုပါတယ်။ ဘာစတီယန် ရှဝိုင်းစတိုက်ဂါက ဘိုင်ယန်မှာ ကစားတုန်းကဆို အရမ်းမိုက်တယ်လို့ ချီးကျူးထားပါတယ်။

ဂျာမန်ကွင်းလယ် ရှဝိုင်းစတိုက်ဂါနဲ့ ဘရာဇီးလ်ကွင်းလယ် Casemiro [ ကတ်စီမီရို ]။

“ သူ မန်ယူနိုက်တက်အသင်းကို ရောက်လာပြီး ခြေစွမ်းတွေက ဘိုင်ယန်မှာတုန်းကနဲ့ လုံးဝ မတူတော့ပါဘူး။ အဲ့အချိန်တုန်းက ရှဝိုင်းစတိုက်ဂါအနေနဲ့ သူ့အတွက် အထောက်အပံ့ဖြစ်စေမယ့် တွဲဖက်ကစားသမားတချို့ လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့လိုအခြေအနေမျိုး ဘယ်တုန်းကမှာ ဖြစ်မလာခဲ့ပါဘူး။ ”

“ ဟုတ်ပါတယ်။ ရှဝိုင်းစတိုက်ဂါဟာ ဘိုင်ယန်မြူးနစ်မှာတုန်းက သူ့ရဲ့ နောက်ဆုံးနှစ်တွေမှာ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ယူနိုက်တက်အသင်းဆီ ပြောင်း‌လာချိန်မှာတောင် အဲ့ဒါတွေက ထိခိုက်မှု ရှိစေခဲ့ပါတယ်။ ”

“ အခုအချိန်မှာ ကတ်စီမီရိုအတွက်တော့ ခက်ခက်ခဲခဲ ဖြစ်နိုင်ပေမယ့် အရမ်းကြီး ထွေထွေထူးထူးတော့ မရှိလောက်ပါဘူး။ ” လို့ ထောက်ပြ ပြောဆိုလိုက်ပါတယ်။

Casemiro and Fred have good friendship at Brazil National team

ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ ကတ်စီမီရိုနဲ့ ဖရက်ဒ်တို့ ကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေ ရှိပါတယ်။

ဘရာဇီးလ်သား ကတ်စီမီရိုမှာ ဒဏ်ရာပြဿနာ နည်းပါးလှပါတယ်။

ကတ်စီမီရိုရဲ့ ဒဏ်ရာမှတ်တမ်းကတော့ ရှဝိုင်းစတိုက်ဂါနဲ့ ဆန့်ကျင်ဘက်လို့ ဆိုရလောက်အောင် မရှိသလောက် နည်းပါးလှပါတယ်။ ပြီးတော့ ဘရာဇီးလ် လက်ရွေးစင်အသင်းကနေ ဖရက်ဒ်နဲ့ ကောင်း‌မွန်တဲ့ ဆက်ဆံရေးတွေရှိပြီး ဟန်ချက်ညီတဲ တွဲဖက်ကစားဖော်ဆိုတဲ့ အချက်တွေကနေ ပရိတ်သက်တွေရဲ့ အားပေမှုကို ရယူနိုင်ပါတယ်။

ပြဿနာအနေနဲ့ အသင်းမှာ တွန်းတွန်းတိုက်တိုက် ကစားဖို့ စိတ်အားမထက်သန်တဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ သူ့ အလုပ်က ပိုခက် လာမယ်။ ဒါပေမယ့် သူဒါ‌ကို အကောင်းဆုံး ကျော်ဖြတ်နိုင်မှာပါ။

ကတ်စီမီရိုအနေနဲ့ ကလပ်အသင်းသစ်နဲ့ စာချုပ်ချုပ်ဆိုမှုတွေ အပြီးမသတ်နိုင်သေးတာကြောင့် ဒီနေ့ညကန်မယ့် လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ( ၃ ) ကို ပါဝင်နိုင်မှာ မဟုတ်သေးပါဘူး။ လာမယ့် သတင်းပတ်အကုန်မှာတော့ သူ့ရဲ့ ပွဲဦးထွက်ကို စ,တင် ကစားနိုင်မှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment