Sadio Mane17 – ပွဲစဥ် (၃) ရဲ့ အကောင်းဆုံး ကစားသမား။

Sadio Mane17 was MOM Of Matchday 3
August 23, 2022

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး [ ဆာဒီယို မာနေး ] Sadio Mane17 ရဲ့ စွမ်းဆောင်ရည်။

Sadio Mane17 [ ဆာဒီယို မာနေး ] ဟာ ဘိုချန်အသင်းကို ၇-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဥ် ( ၃ ) ရဲ့  အကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီအတွက် ဘွန်ဒက်စ်လီဂါ ပွဲစဥ် ( ၃ ) အဖြစ် ဘိုချန်အသင်းကို ၇-၀ ဂိုးနဲ့ အနိုင်ယူပြီးတဲ့အချိန်မှာ မှတ်တမ်းသစ်တစ်ခုကို စောစောစီးစီး စိုက်ထူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဆာဒီယိုမာနေးက အသင်းအတွက် နှစ်ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

တိုက်စစ်မှူး Sadio Mane17 [ ဆာဒီယို မာနေး ] က ဘွန်ဒက်စ်လီဂါကို ပွဲစဥ်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

ပွဲစဥ် ( ၃ ) ပြီးတဲ့နောက်မှာ လက်ရှိ ဘွန်ဒက်စ်လီဂါရဲ့ ဂိုးသွင်းအများဆုံး ( ၃ ဂိုး ) အဖြစ် မာလာဆီယာနဲ့ မာနေးတို့က ဦးဆောင်နေပါတယ်။ ဆာဒီယိုမာနေး [ Sadio Mane ] ရဲ့ ( ၃ ) ဂိုးထဲက ( ၂ ) ဂိုးကတော့ ပြီးခဲ့တဲ့ ဘိုချန်နဲ့ပွဲမှာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ပွဲနဲ့ ပတ်သက်ပြီး မာနေးက “ဒီနေ့ အသင်းရဲ့ စွမ်းဆောင်ရည် တစ်ခုလုံး ကောင်းပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးခဲ့ပြီး ခုနစ်ဂိုးထိ သွင်းနိုင်ခဲ့ပါတယ်။ တကယ်ကို ကောင်းမွန်တဲ့ ပွဲတစ်ပွဲပါ။ ကျွန်တော်တကယ် ပျော်မိပါတယ်။ ” လို့ ပြောသွားခဲ့ပါတယ်။

Sadio Mane17 was MOM Of Matchday 3 WS (1)

ဘိုချန်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ မာနေး။

မြူးနစ်အသင်းဟာ ပွဲကစားချိန် နာရီဝက်ကျော်တဲ့အချိန်မှာ လွိုင်းဆာနေး၊ မတ်သီးယက်စ် ဒီလစ်၊ ကင်စလေ ကိုးမန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ ဘိုချန်အသင်းကို ၃-၀ ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဆီနီ‌ဂေါသား Sadio Mane17 [ ဆာဒီယို မာနေး ] ရဲ့   ရိုးသားမှု။

သိပ်မကြာခင်မှာတော့ ဆာဒီယို မာနေးက အသင်းအတွက် ၄ ဂိုးမြောက် ဦးဆောင်ဂိုးဖြစ်မယ့် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီဂိုးက တိုင်ထိပြီး ပြန်ကန်ထွက်လာတဲ့ ဘောလုံးဖြစ်ပြီး သူ့ရဲ့ လက်နဲ့ ပြန်ထိပြီး ဝင်သွားခဲ့ပါတယ်။

အစောပိုင်းမှာ ဂိုးပေးခဲ့ပေမယ့် မာနေးက ဒါဟာ လက်ထိဘောဖြစ်ကြောင်း ကွင်းလယ်ဒိုင်ကို ဝန်ခံ ပြောကြားခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ဟာ VAR ရဲ့ စစ်ဆေးချက်ကို ကြည့်ရှုပြီး လက်ထိဘောအဖြစ် အတည်ပြုကာ ဂိုးကို ပယ်ချလိုက်ပါတယ်။

အဲ့ဒီ လက်ထိဘောအပြီး ကစားချိန် အတိအကျ ‌အနေနဲ့ ၁ မိနစ် စက္ကန့် ၃၀ အကြာမှာ Sadio Mane17 [ ဆာဒီယို မာနေး ] ဟာ မြူးနစ်အသင်းအတွက် ( ၄ ) ဂိုးမြောက် ဦးဆောင်ဂိုးကို ကင်စလေ ကိုးမန်းရဲ့ ပေးပို့မှုကနေတဆင့် လှလှပပ လိမ်ခေါက်ပြီး သွင်းယူနိုင်ခဲ့ပါတယ်။

Sadio Mane17 scored by hand

လက်ထိဘောဖြစ်ကြောင်း မာနေးက ဝန်ခံခဲ့ပါတယ်။

မာနေးဟာ ဘိုင်ယန်အသင်းအတွက် ( ၅ ) ဂိုးမြောက် ဦးဆောင်ဂိုးဖြစ်မယ့် သွင်းဂိုးကို ပွဲကစားချိန် မိနစ် ၆၀ မှာ သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီဂိုးဟာ ကင်စလေ ကိုးမန်းအပေါ် ဘိုချန်နောက်ခံလူရဲ့ ဖြတ်ထုတ်ပုံ ကြမ်းတမ်းမှုကြောင့် ရရှိလာတဲ့ ပင်နယ်တီကနေ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

သွင်းဂိုးတွေအပေါ် ဆာဒီယိုမာနေးက

“ ကင်စလေ [ ကိုးမန်း ] နဲ့ ကျွန်တော်တို့က လေ့ကျင့်ရေးကွင်းမှာ ဒီလိုမျိုး နေ့တိုင်း အတူတူ ချိတ်ဆက် ကစားထားပြီး ဖြစ်တဲ့အတွက် တန်ပြန်တိုက်စစ်မှာ ဘောလုံး ရလာတဲ့အခါ ဂိုးရမယ်ဆိုတာ ကျွန်တော်ကြိုသိနေပါတယ်။ ” လို့ ပြောပါတယ်။

အသက် ၃၀ အရွယ်ရှိပြီ ဖြစ်တဲ့ မာနေးဟာ ဖေဖေါ်ဝါရီလက ကန်ခဲ့တဲ့ အီဂျစ်အသင်းနဲ့ အာဖရိက နိုင်ငံများဖလား ဗိုလ်လုပွဲမှာ ပွဲချိန်တွင်း ပင်နယ်တီကို လွဲချော်ခဲ့ပေမယ့် အဆုံးအဖြတ် ပင်နယ်တီကို အသာအယာသွင်းနိုင်ခဲ့ပြီး ဆီနီဂေါအသင်းကို အောင်မြင်မှုဆီ ပို့ဆောင်နိုင်ခဲ့ပါတယ်။

အဲ့ဒီ ပင်နယ်တီဟာ ဆာဒီယို မာနေး လီဗာပူးလ်မှာ ရှိနေစဥ်အတွင်း နောက်ဆုံး ပင်နယ်တီသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်၊ မာနေး လီဗာပူးလ်ကို ရောက်ပြီးနောက်ပိုင်း ကလပ်အသင်းအတွက် ပင်နယ်တီသွင်းယူပေးခဲ့ခြင်း မရှိခဲ့ပါဘူး။ အခု ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ပြီးမှသာ ပင်နယ်တီတွေ ကန်သွင်းခွင့် ရခဲ့တာ ဖြစ်ပါတယ်။

Sadio Mane17 scored via penalty

မာနေးဟာ အသင်းအတွက် ၅ ဂိုးမြောက် ဦးဆောင်ဂိုးကို ပင်နယ်တီကနေတဆင့် သွင်းယူပေးခဲ့ပါတယ်။

“ ကျွန်တော်အခု ပတ်ဝန်းကျင်အသစ်၊ လိဂ်အသစ်၊ ကလပ်အသစ်ကို ရောက်လာပြီး ပင်နယ်တီ ကန်သွင်းတယ်။ ပြီးတော့ အခု အရမ်းပျော်ပါတယ်။ အသင်းအတွက် ပင်နယ်တီတွေ ထပ်သွင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ ”  လို့ မာနေးက ပြောပါတယ်။

ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူးဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၄ ပွဲ ကစားထားပြီး ၄ ဂိုး သွင်းယူပေးထားပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment