Senegal

Sadio Mane17 – ပွဲစဥ် (၃) ရဲ့ အကောင်းဆုံး ကစားသမား။

Sadio Mane17 was MOM Of Matchday 3
August 23, 2022

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး [ ဆာဒီယို မာနေး ] Sadio Mane17 ရဲ့ စွမ်းဆောင်ရည်။ Sadio Mane17 [ ဆာဒီယို မာနေး ] ဟာ ဘိုချန်အသင်းကို ၇-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဥ် ( ၃ ) ရဲ့  အကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီအတွက် ဘွန်ဒက်စ်လီဂါ ပွဲစဥ် ( ၃ ) အဖြစ် ဘိုချန်အသင်းကို ၇-၀ ဂိုးနဲ့ အနိုင်ယူပြီးတဲ့အချိန်မှာ မှတ်တမ်းသစ်တစ်ခုကို စောစောစီးစီး စိုက်ထူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဆာဒီယိုမာနေးက အသင်းအတွက် နှစ်ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။