Daniel James ကို ခေါ်ယူချင်နေတဲ့ စပါးအသင်း။

Daniel James to Spurs
August 24, 2022

လိဒ်စ် ယူနိုက်တက် တောင်ပံ ကစားသမား Daniel James [ဒန်နီယယ် ဂျိမ်း ] ကို ခေါ်ယူဖို့ သတင်းထွက်နေတဲ့ စပါးအသင်း

Daniel James [ဒန်နီယယ် ဂျိမ်း ] ကို လန်ဒန်မြို့ခံ ကလပ်အသင်းဖြစ်တဲ့ တော့တင်ဟမ် ဟော့စပါးအသင်းက ခေါ် ယူဖို့ အံ့အားသင့်ဖွယ် သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

တော့တင်ဟမ် ဟော့စပါးအသင်းဟာ ထွက်ခွာသွားတဲ့ ဘရိုင်ယန်ဂီးလ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် လိဒ်စ် ယူနိုက်တက် တောင်ပံ ကစားသမား Daniel James [ဒန်ဂျိမ်း ] ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

လိဒ်စ်ယူနိုက်တက်မှာ ခြေစွမ်းပြနေတဲ့ Daniel James [ဒန်နီယယ် ဂျိမ်း ]။

ပြီးခဲ့တဲ့ နွေရာသီတုန်းက လိဒ်စ် ယူနိုက်တက်အသင်းဟာ အသက် ၂၄ နှစ်အရွယ် ကစားသမားကို မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး ဒန်ဂျိမ်းဟာ သူ့ရဲ့ ပွဲဦးထွက် ရာသီမှာ အသင်းအတွက် ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးထားပါတယ်။

စပါးအသင်းဟာ သူတို့ဆီမှာ တစ်နှစ်ကြာ ကစားခဲ့တဲ့ တောင်ပံ ကစားသမား ဂီးလ်ကို ရောင်းချဖို့ ကြိုးပမ်းနေပြီး သူ့နေရာကို အစားထိုးဖို့ Daniel James [ဒန် ဂျိမ်း ] ကို နည်းပြ အန်တိုနီယို ကွန်တီက ခေါ်ချင်နေတယ်လို့ ယူဆရပါတယ်။

Daniel James vs chelsea

ဂျိမ်းစ်ဟာ ချဲလ်ဆီးနဲ့ပွဲမှာ ခြေစွမ်းပြခဲ့ပါတယ်။

မြောက်-လန်ဒန်အသင်းဟာ ကစားသမားကို ပေါင်းသန်း ၂၀ နဲ့ အငှား ကမ်းလှမ်းဖို့ စီစဥ်ထားတယ်လို့ သိရပေမယ့် လိဒ်စ်အသင်းကတော့ စပါးအသင်းရဲ့ အစီအစဥ်တွေကို အကောင်အထည် ဖော်ပေးမှာ မဟုတ်ဘဲ ဘယ်ကမ်းလှမ်းမှုကိုမှ ဆောင်ရွက်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

တောင်ပံ ကစားသမား ဂီးလ်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဆီဗီးလားအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၂၁ သန်းနဲ့ ခေါ် ယူပြီးကတည်းက ပရီးမီးယားလိဂ် ပွဲစဥ် ၉ ပွဲသာ ပါဝင် ကစားခွင့်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ ဒုတိယ နှစ်ဝက်မှာ အငှားနဲ့ ဗလင်စီယာအသင်းကို သွားကစားခဲ့ပြီး အပြီးသတ် ပြောင်း‌ရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

အန်တိုနီယိုကွန်တီရဲ့ မှတ်ချက်

စပါးနည်းပြ ကွန်တီက တောင်ပံ ကစားသမားနေရာအတွက် တခြားတစ်ယောက်ကို အစားထိုး ခေါ်ယူနိုင်မှာသာ ဂီးလ်ကို ရောင်းထုတ်မယ်လို့ အခိုင်အမာ‌ ပြောထားပြီး ဒီအကြောင်းအရာက ကလပ်အသင်းအနေနဲ့ ရှင်းရှင်းလင်းလင်း ရှိနေတယ်လို့ ဆိုထားပါတယ်။

” ကလပ်အသင်းတစ်သင်း ‌အနေနဲ့ ဖွဲ့စည်းပုံ တည်ဆောက်တဲ့အခါ အသင်းရဲ့ ကစားသမား တစ်ယောက်ထွက်သွားတယ်။ ကစားသမားသစ် ဝင်လာတယ်။ ဒါက လူတိုင်းအတွက် ရှင်းရှင်းလင်းလင်း ဖြစ်ရမယ်။”

Daniel James at Man U

ယူနိုက်တက် ကစားသမားဟောင်း ဒန်ဂျိမ်းစ်။

“ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ ဒီအသင်းမှာ ဆက်နေပြီး ဒီကစားသမားတွေနဲ့ လမ်းကြောင်းကို ဆက်လုပ်သွားမှာပါ။ ဒါပေမယ့် အသင်းရဲ့ ကစားသမား တစ်ယောက်ယောက်က ထွက်သွားမယ်ဆိုရင် နောက်တစ်ယောက်က တချိန်တည်းမှာ အဝင်ရှိရပါမယ်။”

“ဒါက ကျွန်တော့်အတွက်၊ ကလပ်အတွက် အရမ်းရှင်းပါတယ်၊ ဒါပေမယ့် ဒီကဏ္ဍအတွက် ကျွန်တော်တို့ လုံးဝသဘောတူပါတယ်။” လို့ နည်းပြ ကွန်တီက ပြောထားပါတယ်။

ကွန်တီအနေနဲ့ တောင်ပံကစားသမား Danil James [ ဒန်ဂျိမ်း ] ကို ခေါ်ယူနိုင်မလား?

ဝေးလ်လက်ရွေးစင် ကစားသမား ဒန်ဂျိမ်းစ်ဟာ လိဒ်စ် ယူနိုက်တက်အသင်းမှာ ရှိနေစဥ်အတွင်း မျှော်လင့်ချက်အတိုင်း မနေနိုင်ပေမယ့် သူ့ရဲ့ အရည်အသွေးကို ပြသခဲ့ပြီး ချဲလ်ဆီးအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ တော်တော်လေးကို ခြေစွမ်းပြခဲ့ပါတယ်။

ဆွမ်ဆီး ကစားသမားဟောင်းရဲ့ စွမ်းဆောင်ရည်ဟာ နည်းပြ ကွန်တီအတွက် အသုံးတည့်မယ့် ရွေးချယ်မှုတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ အီတလီသား နည်းပြဟာ ဒန်ဂျိမ်းလိုမျိုး ‌နေရာတူ ကစားသမားတွေကို တောင်ပံ – နောက်တန်း‌ပုံစံအဖြစ် မကြာခဏ ဆိုသလို အသုံးပြုလေ့ ရှိပါတယ်။

တကယ်လို့ Daniel James [ဒန်နီယယ် ဂျိမ်း ] သာ တော့တင်ဟမ် ဟော့စပါးအသင်းကို ရောက်ရှိလာခဲ့မယ်ဆိုရင် ပွဲထွက် လူစာရင်းအသင်းနဲ့ ပွဲကစားချိန်မိနစ် လျော့နည်းသွားမယ်လို့ ထင်ရပါတယ်။ သို့ပေမယ့် သူ့အနေနဲ့ ခြေစွမ်း ပိုမိုတိုးတက်လာတဲ့ ကစားသမားတစ်ယောက် ဖြစ်လာစေဖို့အတွက် နာမည်ကောင်းရှိတဲ့ ကမ္ဘာ့အဆင့် နည်းပြ တစ်ဦး လက်အောက်မှာ ချန်ပီယံစ်လိဂ်ပြိုင်ပွဲဝင် အသင်းတစ်သင်းအတွက် ကစားခြင်းက ပိုပြီး အကျိုးရှိစေမှာပါ။

Daniel James at Wales

ဝေးလ် လက်ရွေးစင် ကစားသမား‌ ဒန်ဂျိမ်းစ်။

တကယ်လို့ Daniel James [ဒန်နီယယ် ဂျိမ်း ] သာ တော့တင်ဟမ် ဟော့စပါးအသင်းကို ရောက်ရှိလာခဲ့မယ်ဆိုရင် ပွဲထွက် လူစာရင်းအသင်းနဲ့ ပွဲကစားချိန်မိနစ် လျော့နည်းသွားမယ်လို့ ထင်ရပါတယ်။ သို့ပေမယ့် သူ့အနေနဲ့ ခြေစွမ်း ပိုမိုတိုးတက်လာတဲ့ ကစားသမားတစ်ယောက် ဖြစ်လာစေဖို့အတွက် နာမည်ကောင်းရှိတဲ့ ကမ္ဘာ့အဆင့် နည်းပြ တစ်ဦး လက်အောက်မှာ ချန်ပီယံစ်လိဂ်ပြိုင်ပွဲဝင် အသင်းတစ်သင်းအတွက် ကစားခြင်းက ပိုပြီး အကျိုးရှိစေမှာပါ။

တချိန်တည်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး နီးကပ်လာတာနဲ့အမျှ ဝေးလ်လက်ရွေးစင်အသင်းအတွက် အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာဖို့ မျှော်လင့်နေတဲ့ တောင်ပံ ကစားသမားဟာ လက်ရှိကလပ်အသင်းရဲ့ ရောင်းချဖို့ တုံ့ဆိုင်းနေမှုကြောင့် နောက်ဆုံး သတ်မှတ်ရက်မှာ လိဒ်စ်မှာပဲ ကျန်ရှိနေမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment