Antony ကို ခေါ်ယူနိုင်ဖို့ ယုံကြည်နေတဲ့ ယူနိုက်တက်အသင်း။

Antony to Man United
August 25, 2022

အေဂျက်စ်ကို ရောင်းချဖို့ ဖိအားပေးခဲ့ပြီးနောက် Antony [ အန်တိုနီ ] ရဲ့ အပြောင်းအရွှေ့ကို ယူနိုက်တက် ယုံကြည်မှုရှိနေပါတယ်။

Antony [ အန်တိုနီ ] က သူ့ကို ရောင်းချဖို့ အေဂျက်စ်အသင်းကို ‌ဖိအားပေးခဲ့ပြီးနောက် လာမယ့်အပတ် အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် ကစားသမားကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက်အသင်းက ယုံကြည်နေပါတယ်။

ဘရာဇီးလ်သားဟာ နွေရာသီ တလျှောက်လုံး နည်းပြ အဲရစ် တန်ဟက်ဂ်အတွက် ထိပ်တန်းပစ်မှတ် ဖြစ်ခဲ့ပြီး ယူနိုက်တက် နည်းပြဟာ သူ့ရဲ့ တပည့်ဟောင်းကို ခေါ်ယူဖို့ လမ်းကြောင်း‌မှန်ပေါ် ရောက်နေပြီ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ တိုက်စစ်မှူးကို အသင်းမှာ ပူးပေါင်းစေဖို့ တော်တော်လေးကို မျှော်လင့်ချက် ရှိနေပြီ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ယူရို ၉၄ သန်းနဲ့ ကမ်းလှမ်းမယ့် ယူနိုက်တက်အသင်း

အန်တိုနီ [ Antony ] ရဲ့ ကိုယ်စားလှယ်တွေဟာ ယူနိုက်တက်ရုံးများရှိရာ လန်ဒန်မြို့မှာ ကျန်ရှိတဲ့ အပြောင်းအရွှေ့ ဈေးကွက်ကို သုံးစွဲဖို့ စီစဥ်နေပါတယ်။ ပြီးတော့ ယူနိုက်တက်အသင်းက တိုက်စစ်မှူးအတွက် ပြောင်း‌ရွှေ့ကြေး ယူရို ၉၄ သန်းနဲ့ ကမ်းလှမ်းမှုအသစ်ကို တင်သွင်းဖို့ စီစဥ်နေတယ်လို့လည်း သိရပါတယ်။

အားကစား မီဒီယာ De Telegraaf ရဲ့ အစီရင်ခံစာမှာ တိုက်စစ်မှူး အန်တိုနီ [ Antony ] ဟာ ယူနိုက်တက်အသင်းကို ပြောင်း‌ရွှေ့ခြင်းဟာ သူနဲ့ ကလပ်အတွက် ငွေကြေးအရ အကျိုးပြုမယ်လို့ ယုံကြည်နေပါတယ်။ ဒါကြောင့်မို့ ကစားသမားက အေဂျက်စ်အသင်းကို သဘောတူညီချက် တစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တရားဝင် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

Antony at Brazil National team

ဘရာဇီးလ် လက်ရွေးစင် ကစားသမား အန်တိုနီ။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒါရိုက်တာဟောင်း မာ့ခ် အိုဗာမားစ်က မကြာမီ ကာလအတွင်း ပရီးမီးယားလိဂ်အတွက် အကောင်းဆုံး ဘုတ်အဖွဲ့ကို ကိုယ်စားပြုမယ်လို့ ကတိပေးထားတဲ့ အေဂျက်စ်ဆီ ၂၀၂၀ ခုနှစ်မှာ အာဘီ လိုက်ဇစ်ကို ကျော်ပြီး ပြောင်း‌ရွှေ့ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ Antony [ အန်တိုနီ ] ကို ခေါ်ယူဖို့ ဘယ်လောက် နီးစပ်နေပြီလဲ?

အခုချိန်မှာ အန်တိုနီ [ Antony ] ဟာ ယူနိုက်တက်အသင်းကို ပြောင်း‌ရွှေ့ဖို့ စိတ်အားထက်သန်နေပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ စည်းကမ်းချက်များကို သဘောတူညီထားပြီး ဖြစ်ပါတယ်။ ကစားသမားက သူ့ရဲ့ ပရီးမီးယာလိဂ် အိပ်မက်ကို စွန့်လွှတ်ပါက နောင်တရ နာကျင်စေမယ်လို့ အင်တာဗျူးတစ်ခုမှာ ဖော်ပြခဲ့ဖူးပါတယ်။

ဘရာဇီးလ်သား အန်တိုနီဟာ အဆိုပါ ထင်ကြေးပေးမှုတွေကြောင့် လေ့ကျင့်ရေး အစီအစဥ်တွေ လွဲချော်ခဲ့တဲ့အပြင် အေဂျက်စ်အသင်း နောက်ဆုံးကစားခဲ့တဲ့ စပါတာ ရိုတာဒန်အသင်းနဲ့ ပွဲစဥ်ကိုလည်း လွဲချော်ခဲ့ပါတယ်။

တချိန်တည်းမှာတော့ သူ့ရဲ့ ကိုယ်စားလှယ်တွေက မန်ချက်စတာမြို့မှာ နေအိမ် ရှာဖွေမှုတွေ စ,တင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

Antony and Erik Ten Hag were good relationship

အေဂျက်စ်မှာကတည်းက တန်ဟက်နဲ့ အန်တိုနီတို့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့ကြပါတယ်။

အခုလ အစောပိုင်းတုန်းက ပြောကြားရာမှာ အန်တိုနီဟာ အပြောင်းအရွှေ့ နောက်ဆုံးသတ်မှတ်ရက်ပြီးနောက်ကို အသင်းရဲ့ ဂျာစီကို ဆက်လက်ဝတ်ဆင်ဦးမလားလို့ မေးမြန်းခဲ့ကြပါတယ်။ အဲ့တုန်းက တိုက်စစ်မှူးဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အေဂျက်စ် ပရိတ်သတ်တွေကို စိတ်ချသေချာအောင် မပြုလုပ်နိုင်ခဲ့ပါဘူး။

အေဂျက်စ်တိုက်စစ်မှူး အန်တိုနီက

“မဟုတ်ဘူး။ ရိုးရိုးသားသားပြောရရင် ကျွန်တော် မတတ်နိုင်ဘူး။ ကျွန်တော်ပြောနိုင်တာကတော့ မိသားစု၊ အေးဂျင့်တွေ၊ အေဂျက်စ်အသင်း၊ အစရှိသဖြင့် တစ်ယောက်ချင်းစီတိုင်းအတွက်  မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ချင်တာပါ။ 

နောက်ဆုံးတော့လည်း ကျွန်တော့်ရဲ့ အနာဂတ်ကို ဘုရားသခင်ကပဲ ဆုံးဖြတ်ပေးပါလိမ့်မယ်။ ” လို့ ပြောထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နွေရာသီ အစောပိုင်းတုန်းက တိုက်စစ်မှူးကို ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ နဲ့ ခေါ်ယူဖို့ ဆွေးနွေးခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အေဂျက်စ်အသင်း ‌အနေနဲ့ ပထမ ပွဲထွက်လူစာရင်းထဲ ကစားသမား တချို့ကို ရောင်းချပြီး ဖြစ်ပါတယ်။

Antony is high-rated player Ajax

အေဂျက်စ် အသင်းမှာ ခြေစွမ်းပြနေတဲ့ အန်တိုနီ။

အဲ့ဒီနောက် သူတို့အသင်းကို ကစားသမား ဖွဲ့စည်းပုံ ပျက်စီးသွားမယ့် အဖြစ်ကို မလိုလားတာကြောင့် တဖက်အသင်းရဲ့ ကမ်းလှမ်းမှုအပေါ် သူတို့ရဲ့ တောင်းဆိုမှု ဈေးနှုန်းကို မြှင့်တင်ခဲ့တာ ဖြစ်ပါတယ်။

Eredivisie [ နယ်သာလန်လိဂ် ] အသင်းဟာ ပြီးခဲ့တဲ့ အပတ်က ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ နဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ နဲ့ ရွှေ့ဆိုင်းထားခဲ့ပေမယ့် လာမယ့် ရက်တွေအတွင်း အပေးအယူလုပ်ဖို့ အလားအလာ ရှိနေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment