Houssem Aouar ပရီးမီးယားလိဂ် အပြောင်းအရွှေ့

Houssem Aouar to Nottingham Forest
August 16, 2022

ထူးထူးဆန်းဆန်း ပရီးမီးယားလိဂ် အပြောင်းအရွေ့အတွက် ချိတ်ဆက်လာတဲ့ Houssem Aouar [ ဟူဆန် အာဝေါ ]။

Houssem Aouar [ ဟူဆန် အာဝေါ ] ဟာ ပရီးမီးယားလိဂ် ကလပ်ဖြစ်တဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရှိရပါတယ်။

အစောပိုင်းတုန်းက ရီးယဲလ်ဘက်တစ်အသင်းကို ပြောင်းရွှေ့လုနီးပါး ဖြစ်ခဲ့တဲ့ ဟူဆန် အာဝေါဟာ အာဆင်နယ်အသင်းနဲ့လည်း ချိတ်ဆက်ခဲ့ဖူးပါတယ်။ အခုချိန်မှာတော့ ကွင်းလယ်လူဟာ စတိဗ် ကူပါရဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းအတွက် မယုံနိုင်လောက်စရာ ခေါ်ယူမှုတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အသင်းအတွက် ပွဲပေါင်းမနည်း ကစားထားတဲ့ Houssem Aouar [ ဟူဆန် အာဝေါ ]။

ကွင်းလယ် ကစားသမား Houssem Aouar [ ဟူဆန် အာဝေါ ] ဟာ လိုင်ယွန်အသင်းအတွက် ပွဲပေါင်း ၂၀၀ ကျော် ကစားပေးထားပြီး ကလပ်အသင်းရဲ့ ပရိတ်သတ် အချစ်တော်အဖြစ် အားပေးမှုတွေ ရရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းနဲ့ သူ့ရဲ့ စာချုပ်ဟာ ၁၂ လအတွင်း သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

အခုအချိန်မှာ သူဟာ မမ်းဖစ် ဒီပိုင်း၊ နဘေးလ် ဖီကီရ်နဲ့ တန်ဂီ အန်ဒွန်ဘီလီတို့ရဲ့ ခြေရာကို လိုက်နင်းကာ စိန်ခေါ် မှုအသစ် တစ်ခုအတွက် ကလပ်အသင်းကနေ ထွက်ခွာဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။

Houssem Aouar as Lyon Captain

လိုင်ယွန်အသင်းမှာ ခြေစွမ်းပြနေတဲ့ အာဝေါ။

ဖောရက်စ်အသင်းဟာ မကြားသေးခင်က ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ အသင်းတစ်သင်းဖြစ်ပေမယ့် သူတို့ရဲ့ အသင်းမှာ ဖီကီရ်နဲ့ အလုပ်တွဲလုပ်ဖို့ အရည်အချင်း များစွာ ရှိနေပါတယ်။

ဖီကီရ်ဟာ ဂျက်စီ လင်ဂတ်၊ ဒင်း ဟန်ဒါဆန်နဲ့ အမ်မ်နူယယ် ဒန်နစ်တို့ အပါအဝင် အပြောင်းအရွှေ့ စျေးကွက်မှာ ကလပ်အသင်းရဲ့ ၁၅ ယောက်မြောက် ခေါ်ယူမှု ဖြစ်လာမှာ ဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား ဟူဆန် အာဝေါရဲ့ ခြေစွမ်း ‌ဘယ်လောက်ထိ ကောင်းသလဲ?

အာဝေါဟာ လိုင်ယွန်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး လိုင်ယွန်ကလပ်အသင်း အကယ်ဒမီကို ရောက်ရှိလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Les Gones [ လိုင်ယွန်အသင်း ] ရဲ့ အဖိုးတန် ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

သူဟာ ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလတုန်းက ကလပ်အတွက် သူ့ရဲ့ ပထမဦးဆုံး ပွဲထွက် ကစားသမားအဖြစ် AZ အက်ခမာအသင်းနဲ့ ယူရိုပါလိဂ် ပွဲစဥ်မှာ လူးစားလဲ ဝင်ရောက် ကစားခဲ့ပါတယ်။

သူ့ရဲ့ စံပြ ဂန္တဝင် ကစားသမားကြီးတွေကတော့ ဇီနဒန် ဇီဒန်းနဲ့ ဂျူနင်ဟို ပါနမ်ဘူကာနိုတို့ ဖြစ်ပြီး ဒါက သူ့ရဲ့ ကစားကွက် ပုံစံမှာ ထင်ဟပ်နေပါတယ်။ အထူးသဖြင့် နေရာလွတ်နည်းပြီး ကျပ်တည်းတဲ့ နေရာတွေမှာ ဘောလုံးကို အသေကိုင်ထားရင်း အေးဆေးတည်ငြိမ်တဲ့ ပုံစံနဲ့ လှလှပပ ကစားကွက် ပုံဖော်နိုင်သူ တစ်ယောက် ဖြစ်ပါတယ်။

Houssem Aouar scored goals for Lyon

လိုင်ယွန် ကွင်းလယ်လူ အာဝေါ။

၂၀၁၈/ ၂၀၁၉ ရာသီတုန်းက Houssem Aouar [ ဟူဆန် အာဝေါ ] ဟာ အသင်းအတွက် ၇ ဂိုး သွင်းယူပေးပြီး ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်မှုအတွက် မှတ်တမ်းတင်နိုင်ခဲ့တာကြောင့် နောက်ထပ် သူ့ရဲ့ သွင်းဂိုးတွေ ပိုပြီး တိုးတက်လာနိုင်မှာ သေချာပါတယ်။

ကွင်းလယ်ကနေ ကစားကွက် ဖန်တီးနိုင်စွမ်းတွေ ရှိနေပေမယ့် သူသွင်းမှု စာရင်းတွေအရတော့ အာဝေါဟာ နှစ်တွေတလျှောက် ဝေဖန်မှုတစ်ချို့ကို အနည်းငယ် ခံခဲ့ရပါတယ်။

ပြင်သစ်သား အာဝေါရဲ့ လိုင်ယွန်ကစားသမားဘဝ

အသက် ၂၄ နှစ်အရွယ် Houssem Aouar [ ဟူဆန် အာဝေါ ] ဟာ ဆီမီးဖိုင်နယ်အဆင့်သို့ရောက်ရှိချိန်မှာ လိုင်ယွန်အသင်းအတွက် ထူးချွန်ထက်မြက်တဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် ၂၀၂၀ ချန်ပီယံ ဆုရှင်တွေကို အဆုံးအဖြတ်ပေးဖို့အတွက် ပုံမှန် ပြိုင်ပွဲတွေက စ,လို့ လူသိများတဲ့ အသင်းရဲ့ အားထားရ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ပြင်သစ်ကလပ်ဖြစ်တဲ့ လိုင်ယွန်အသင်းဟာ မန်ချက်စတာ စီးတီးအသင်းကို ဖယ်ရှားပြီးနောက်မှာ နည်းပြ ပက်ဂွာဒီယိုလာက ”  Houssem Aouar [ ဟူဆန် အာဝေါ ] ဟာ အရမ်းကောင်းတဲ့ ကစားသမား တစ်ဦးပါ။ တကယ်ကို မယုံနိုင်လောက်အောင်ပါပဲ။ “

Houssem Aouar at France

ပြင်သစ်လူငယ်ကစားသမား ဟူဆမ် အာဝေါ။

ကျွန်တော်တို့ တန်ဂီ အမ်ဒွန်ဘီလီတို့အကြောင်း အများကြီး ပြောနေကြပေမယ့် ဟူဆန် အာဝေါ အကြောင်းလည်း ပြောဖို့ လိုအပ်ပါသေးတယ်။ နည်းစနစ်ပိုင်း အရည်အသွေးနဲ့ သူ့ရဲ့ ခြေထောက်မှာ ဘောလုံးက တသားတည်း အမြဲတမ်း အေးအေးဆေးဆေးနဲ့ ကပ်နေတတ်သူပါ။ “

ဒါပေမယ့် အားလုံးက ပြင်သစ်သားရဲ့ အသက်မွေးဝမ်းကြောင်းကို ရှေ့ဆက်ဖို့ စောင့်မျှော်နေကြပြီး ဖြစ်မလာပါဘူး။ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့တာက သူ့ရဲ့ အလားအလာ အပြည့်ရှိတဲ့ ပြောင်းရွှေ့မှု ဖြစ်နိုင်တယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment