Henderson နော်တင်ဟမ် ဖောရက်စ်အသင်းမှာ လက်စွမ်းပြ

Henderson is better than De Gea
August 15, 2022

ပင်နယ်တီဘုရင် ဟန်ဒါဆင် [ Henderson ] က ဒဟဲယားထက် ပိုကောင်းကြောင်း ပြသနေပါတယ်။

Henderson  [ ဒင်း ဟန်ဒါဆင် ] ဟာ အသင်းသစ် နော်တင်ဟမ် ဖောရက်စ်အသင်းမှာ တော်တော်လေးကို လမ်းစွမ်းပြနေပြီး ဒဟဲယားထက် ပိုကောင်းကြောင်းကိုလည်း သက်သေပြနေပါတယ်။

ဒေးဗစ် ဒဟဲယားဟာ စနေနေ့က ဘရန့်ဖို့ဒ်အသင်းနဲ့ ပွဲမှာ ၄-၀ ဂိုးနဲ့ ရှုံးနိမ့်စေခဲ့ပြီး အရှက်ရစေခဲ့တာကြောင့် တုန်လှုပ်ချောက်ချားမှုတစ်ခု ထပ်မံ ကြုံတွေခဲ့ရပါတယ်။ စပိန်သားဟာ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ ခွင့်ပြုလိုက်ရတဲ့ ပထမနှစ်ဂိုးဟာ သူ့ရဲ့ ပေါ့လျော့မှုကြောင့် ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဒဟဲယားရဲ့ ပေါ့လျော့မှုကနေ နှစ်ဂိုးထိ ခွင့်ပြုပေးလိုက်ရပါတယ်။

ဂျို့ရှ် ဒါဆေးလ်ဗားရဲ့ ‌အဝေးကန်ချက်ဟာ သာမန်ကန်ချက်တစ်ခုပါပဲ။ ဒါပေမယ့် ဒဟဲယားရဲ့ ပေါ့လျော့မှုကြောင့်သာ အဲ့ဒီ မြေလိမ့်ဘောကို ပထမဦးဆောင်ဂိုးအဖြစ် ခွင့်ပြုပေးလိုက်ရတာ ဖြစ်ပါတယ်။ 

ဒုတိယမြောက်ဂိုးအနေနဲ့ ဂိုးဧရိယာထဲမှာ ကွင်းလယ်လူ အဲရစ်ဆင်နဲ့ အပေးအယူလုပ်လိုက်တဲ့ အမှားကနေ ဦးဆောင်ဂိုး ထပ်မံ ခွင့်ပြုလိုက်ရပါတယ်။ ရာသီအဖွင့်နေ့ မန်ယူက ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲမှာ ပေးလိုက်ရတဲ့ ဂိုးတွေထဲက ၁ ဂိုးမှာလည်း အမှားအယွင်း ရှိခဲ့ပါတယ်။

ဂိုးရှေ့ ဖြတ်ပို့ပေးတဲ့ မြေလိမ့်ဘောကို ခြေထောက်နဲ့ မိမိရရ သေချာမတားဆီးနိုင်လိုက်တာကြောင့် ပါစကယ် ဂရော့စ်ကို ရိုးရိုးရှင်းရှင်း ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးပေးသလို ဖြစ်သွားခဲ့တာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် မန်ချက်စတာ ယူနိုက်အသင်းအနေနဲ့ ပွဲထွက်လူစာရင်းမှာ ဂိုးသမားရဲ့ အမှားတွေ ရှိနေတယ်ဆိုတာ လက္ခဏာပါပဲ။

Henderson is better than David De Gea

ယူနိုက်တက်ရဲ့ ရှုံးနိမ့်မှုဟာ ဒဟဲယားရဲ့ အမှားကြောင့်လည်း သက်ဆိုင်ပါတယ်။

အဲ့အတောအတွင်းမှာ နော့်တင်ဟမ်ဖောရက်စ်ရဲ့ အငှား ဂိုးသမား Henderson  [ ဒင်း ဟန်ဒါဆင် ] ကတော့ ဒီလို ပြဿနာမျိုးတွေကို အရင်နေ့ကတည်းက ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဒါပေမယ့် သူကတော့ လွယ်လွယ်ကူကူပဲ ကာကွယ်လိုက်နိုင်ပါတယ်။

ဂိုးသမား ဒင်းဟန်ဒါဆန်ဟာ အခု ဒီရာသီ ပရီးမီးယားလိဂ် ပထမဆုံး အိမ်ကွင်း ပွဲစဥ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ရချိန်မှာ သူဟာ အံ့အားသင့်ဖွယ် ကာကွယ်မှုတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။

အထူးသဖြင့် သူ့ရဲ့ လက်စွမ်းကောင်းမွန်တာကို ပေါ်လွင်စေတာကတော့ ပွဲကစားချိန် ဒုတိယပိုင်းမှာ ဒီကလန် ရိုက်စ်ရဲ့ ပင်နယ်တီကို အမိဖမ်း ကာကွယ်လိုက်နိုင်တာ ဖြစ်ပြီး ဖောရက်စ်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင် ၃ မှတ် ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းက Henderson  [ ဒင်း ဟန်ဒါဆင် ] ကို လက်လွှတ်လိုက်တာ တကယ်ကို အမှားကြီးပါပဲ။

စပိန်လက်ရွေးစင် ဂိုးသမား ဒေးဗစ် ဒဟဲယားဟာ ယူနိုက်တက်သင်းမှာ နှစ်အတော်ကြာ ပြဿနာဖြစ်ခဲ့ပြီး သူဟာ ယူနိုက်တက်ကို ထိန်းချုပ်ဖို့ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ အခုလ အစောပိုင်းက ဟန်ဒါဆန်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့  ဦးစားပေး ကစားသမားဖြစ်ခွင့်ရဖို့ သူ့ရဲ့ မျှော်လင့်ချက်ကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

တကယ်လို့ သူသာ ကိုဗစ်ကူးစက်ခံရခြင်း မရှိခဲ့ရင်တော့ နည်းပြဟောင်း အိုလီဂန်နာဆိုးရှား လက်အောက်မှာ ပြီးခဲ့တဲ့ ရာသီတုန်းက ရွေးချယ်ခံရဖွယ် ရှိခဲ့ပါတယ်။ အသင်းမှာ နေရာရဖို့ မျှော်လင့်ချက်နဲ့ ဟန်ဒါဆန်ဟာ တခြားအသင်းတွေရဲ့ အငှား ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီအစမှာ အားလုံး ပြောင်းလဲသွားခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Henderson is better than De Gea

ယူနိုက်မှာတုန်းက ဒင်းဟန်ဒါဆန်ဟာ ဒဟဲယားရဲ့ အရန်ဂိုးသမား ဖြစ်ခဲ့ပါတယ်။

ဒဟဲယားနဲ့ ပြဿနာဟာ နည်း ဆိုးလ်ရှားနဲ့ ရာ့ဖ် ရန့်ဂနစ်လက်အောက်ရှိ အသင်းတွေကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။ အဲရစ်တန်ဟက် မရောက်ခင်ကတည်းက ဟန်ဒါဆန်ဟာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် သူထွက်ခွာခါနီး နည်းပြ တန်ဟက်ဂ်နဲ့ မတွေ့ခဲ့ဘူး၊ စကားတောင် မပြောခဲ့ဘူးလို့ ဆိုပါတယ်။

ဒီရာသီအသင်းသစ်နဲ့ လက်စွမ်း‌ပြနေတဲ့ Henderson  [ ဒင်း ဟန်ဒါဆင် ]

ယေဘုယျအားဖြင့် ဒေး‌ဗစ် ဒဟဲယားက ကောင်းမွန်တဲ့ ဂိုးသမားတစ်ယောက်လို့ ဆိုနိုင်ပေမယ့် ရာသီအစပွဲစဥ်တွေရဲ့ ရလဒ်အရ ဒင်းဟန်ဒါဆန်က ပိုကောင်းကြောင်း သက်သေပြနေပါတယ်။

ရာသီကြို ခြေစမ်းပွဲစဥ်တွေမှာ စပိန်သားဟာ အထင်ကြီးစရာကောင်းခဲ့ပါတယ်။ သို့ပေမယ့် လိဂ်ပွဲအစမှာပဲ အားလုံးတခြားစီ ပြောင်းလဲသွားခဲ့ပါတယ်။ တခြားတစ်ဖက်မှာတော့ ဟန်ဒါဆန်ဟာ အဲ့ဒီအရည်အချင်းတွေကို မကြာခဏဆိုသလို ပြသလေ့ရှိပြီး လိဂ်ရဲ့ အကောင်းဆုံးအသင်းမှာ မပါဝင်နိုင်ပေမယ့် သူဟာ ဒီမန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပိုသင့်လျော်နေပါတယ်။

သူဟာ ၂၀၂၀/ ၂၀၂၁ ရာသီအကုန်မှာတုန်းကတော့ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ပိုမိုကောင်းမွန်ကြောင်းနဲ့ ပိုတည်ငြိမ်ကြောင်း ‌သက်သေပြခဲ့ပါတယ်။ နောက်ရာသီမှာတော့ သူ့ကို လက်လွှတ်လိုက်တာဟာ အမှားကြီးတစ်ခုအဖြစ် ကျန်ရစ်နေပါတယ်။

Henderson saved penalty against West Ham United

ဒီကလန်ရိုက်စ်ရဲ့ ပင်နယ်တီကို ဒင်းဟန်ဒါဆန် အမိဖမ်း ကာကွယ်နိုင်ခဲ့ပါတယ်။

သူဟာ ၂၀၂၀/ ၂၀၂၁ ရာသီအကုန်မှာတုန်းကတော့ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ပိုမိုကောင်းမွန်ကြောင်းနဲ့ ပိုတည်ငြိမ်ကြောင်း ‌သက်သေပြခဲ့ပါတယ်။ နောက်ရာသီမှာတော့ သူ့ကို လက်လွှတ်လိုက်တာဟာ အမှားကြီးတစ်ခုအဖြစ် ကျန်ရစ်နေပါတယ်။

ဒဟဲယား ‌ရင်ဆိုင်နေရတဲ့ နောက်ထပ် ပြဿနာတစ်ခုကတော့ သူ့ရဲ့ ကြီးမားတဲ့ စာချုပ်ပါပဲ။ သူဟာ တစ်ပတ်လုပ်ခ ပေါင် ၃၅၀,၀၀၀ ခန့် ရရှိပြီး ကမ္ဘာ့အဆင့် ဂိုးသမားတွေထဲမှာ အမြင့်ဆုံး လစငွေ ဖြစ်တာကြောင့် ၂၀၂၂ ခုနှစ်မှာ သူ့ကို ဘယ်အသင်းကမှ ခေါ် ယူနိုင်ခြင်း မရှိပါဘူး။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment