Sterling17 – မန်စီးတီးမှာနေနေရတာဟာ အချိန်ဖြုန်းတာပါပဲ။

Sterling17 at Chelsea
August 12, 2022

စတာလင် [ Sterling17 ] - " မန်စီးတီးမှာနေနေရတာဟာ အချိန်ဖြုန်းတာပါပဲ။ "

Sterling17 [ ရာဟင်း စတာလင် ] ဟာ မန်စီးတီးမှာ ဆက်နေဦးမယ်ဆိုရင် ဒါဟာ သူ့အတွက် အချိန်ဖြုန်းတာနဲ့ အတူတူပဲလို့ ပြောသွားခဲ့ပါတယ်။

အထူးသဖြင့် ဒီနွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ စီးတီးအသင်းကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ငြင်းဆိုခဲ့ပြီး မန်စီးတီးအသင်းမှာ ဆက်ကစားဦးမယ်ဆိုရင် ဒါဟာ အချိန်တွေ အလဟသ ဖြုန်းတာမျိုး ဖြစ်သွားလိမ့်မယ်လို့ စတာလင်က ဝန်ခံခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

လက်ရှိ ပရီးမီးယားလိဂ်ဆုရှင် ရာဟင်း စတာလင်

[ ရာဟင်း စတာလင် ] Sterling17 ဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း Etihad  [ အက်တီဟတ်ကွင်း ] မှာ ခုနစ်နှစ်ကြာ ကစားခဲ့ပါတယ်။ အဲ့ကာလတွေအတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ငါးကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ပါတယ်။ ဒီခုနစ်နှစ်အတွင်း အသင်းအတွက် ပွဲပေါင်း ၃၀၀ ကျော် ကစားပေခဲ့ပါတယ်။

ဒါပေမယ့် သူဟာ နောက်ပိုင်းမှာ ပထမ ပွဲထွက် ၁၁ ယောက် လိုင်းအပ် လူစာရင်းမှာ ပါဝင်ဖို့ အခွင့်အရေး နည်းပါးခဲ့ပြီး ပွဲထွက်လူစာရင်းမှာ ပါဝင်ကစားဖို့ ခက်ခဲနေတာကို တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Sterling  [ ရာဟင်း စတာလင် ] ဟာ စတန်းဖို့ဒ် ဘရစ်ချ်မှာ သူ့ရဲ့ ကစားသမားဘဝသစ်ကို ပြန်လည် စ, တင်ဖို့ အခွင့်အရေး ရလာခဲ့ပါတယ်။ လန်ဒန်အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ နဲ့ အပြီးသတ် ရောက်ရှိလာခဲ့ပါတယ်။

Sterling17 at Man City

မန်ချက်စတာစီးတီးအသင်းမှာ နေရာမရတော့တဲ့ စတာလင်

မန်စီးတီး ကစားသမားဟောင်း Sterling17 [ ရာဟင်း စတာလင် ] က

” ကျွန်တော့်အသက် ၁၇ နှစ်အရွယ် ကတည်းက ပုံမှန် ပွဲထွက် ၁၁ ယောက် လူစာရင်းမှာ စ, တင် ကစားခဲ့ရတာပါ။ ပြီးတော့ ကျွန်တော့်ရဲ့ ကစားသမားဘဝ အထွတ်အထိပ်ကို ရောက်ဖို့အတွက် ပုံမှန် ပွဲထွက်ခွင့် မရတာကို ကျွန်တော် လက်မခံနိုင်ဘူး။ “

“ကျနော့်ရဲ့ ပင်ကိုယ်စရိုက်က အသင်းအတွက် ကြိုကြိုးစားစားနဲ့ အစွမ်းကုန် ရုန်းကန် ကစားမယ်၊ လိုအပ်ချက်တွေကို ပြုပြင်ပြောင်းလဲမယ်၊ ဒါပေမယ့် ကြိုးစားခွင့် မရခဲ့ဘူး။ အဲ့ဒါပါပဲ။ “

“ကျွန်တော့်အထင်တော့။ ကြိုးစားနေတဲ့သူတစ်ယောက်အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မန်စီးတီးမှာ ကစားချိန်က အကန့်အသတ်တွေ ရှိလာတယ်လို့ ခံစားခဲ့ရတယ်။ “

“ကျွန်တော့် အနေနဲ့ ဒီအချိန်တွေကို ကျွန်တော် မဖြုန်းတီးနိုင်ဘူး။ ဒါကြောင့် ဒီအဆင့်နဲ့ စိန်ခေါ်မှုအသစ်တွေကို ဆက်ထိန်းထားဖို့လိုတယ်။ ” လို့ အားကစား သတင်းဌာန BBC ကို ပြောကြားခဲ့ပါတယ်။

Sterling17 at Chelsea

ချဲလ်ဆီးကို ပြောင်းလာတာ မှန်တယ်ဆိုတဲ့ စတာလင်။

ကိုယ့်အိမ်နဲ့တူတဲ့ နေရာမရှိဘူးဆိုတဲ့ [ ရာဟင်း စတာလင် ] Sterling17။

အဆိုပါ အပြောင်းအရွှေ့ဟာ ငယ်ရွယ်စဥ် အခါက လန်ဒန်မှာ ကြီးပြင်းခဲ့တဲ့ [ စတာလင် ] Sterling ရဲ့ Queens Park Rangers [ QPR – ကွင်းပါ့ခ် ရိန်းဂျားစ် ] ကနေ Liverpool [ လီဗာပူးလ် ] အသင်းဆီ ရောက်ရှိခြင်းကို ကိုယ်စားပြုနေပါတယ်။

” ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင် ပန်းတိုင်၊ ရည်မှန်းချက်တွေ၊ မိသားစုတွေနဲ့လည်း အံဝင်ခွင်ကျ ဖြစ်စေတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပြီး ကလပ်အသင်းရဲ့ လမ်းညွှန်မှုအတိုင်း လုပ်ဆောင်သွားမှာပါ။ “

” ဒီအသင်းဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်းတစ်သင်း ဖြစ်ပြီး ပိုကောင်းလာမှာပါ။ ပိုင်ရှင်အသစ်ကလည်း ကောင်းမွန်ပြီး အဓိပ္ပါယ် အများကြီး ရှိပါတယ်။ “

” ကျွန်တော်မန်ချက်စတာ စီးတီးအသင်းမှာ နေခဲ့ရတဲ့ အချိန်တွေနဲ့အတူ အမှတ်ရစရာတွေနဲ့ ထိပ်တန်း အခိုက်အတန့်တွေ အများကြီး ရှိခဲ့တယ် ဆိုတာတော့ သေချာပါတယ်။ “

Sterling17 with yellow chelsea jersey

ချဲလ်ဆီးအသင်းနဲ့အတူ ပွဲထွက်ခွင့်ရနေတဲ့ စတာလင်။

” သို့ပေမယ့်လည်း ကျွန်တော့် ကလပ်အသင်းဆီ ရောက်ပြီး  တစ်နှစ်နဲ့ လနည်းနည်း ကြာတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကို အများကြီး သင်ယူခဲ့ရတယ်။ ကြုံတွေ့ရသမျှအရာတွေ အားလုံးကို တန်ဖိုးထားလာပြီး အစစအရာရာကို စနစ်တကျဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ “

” ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်ကို ချကိုချမှ ရမှာပါ။ ”  လို့ ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင် ကစားသမား Sterling17 [ စတာလင် ] ရဲ့ စွမ်းဆောင်ရည်များ

အသက် ၂၇ နှစ်အရွယ် စတာလင်ဟာ ၂၀၁၀ ခုနှစ်မှာ QPR အသင်းကနေ လီဗာပူးလ် အငယ်တန်းအသင်းကို ရောက်ရှိလာခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ လီဗာပူးလ် ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူဟာ လီဗာပူးလ်အသင်းမှာ ၂၀၁၅ ခုနှစ်အထိ ၃ နှစ်တာ ကစားခဲ့ပါတယ်။ ပြိုင်ပွဲစုံ ၁၂၉ ပွဲမှာ ၂၃ ဂိုးသွင်း၊ ၂၅ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက် မန်ချက်စတာ စီးတီးအသင်းကို ပေါင် ၆၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ မန်စီးတီးအသင်းမှာ ၂၀၂၂ ခုနှစ်အထိ ၇ နှစ်တာကာလအတွင်း ပြိုင်ပွဲစုံ ၃၃၉ ပွဲမှာ ၁၃၁ ဂိုးသွင်း၊ ၉၅ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားများအပါအဝင် တခြား ပြည်တွင်းဖလားများကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment