Pierre-Emerick Aubameyang ကို ခေါ်ယူချင်နေတဲ့ ချဲလ်ဆီး

Chelsea want to sign Pierre-Emerick Aubameyang
August 11, 2022

ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး လိုအပ်ချက်အတွက် Pierre-Emerick Aubameyang [ အူဘာမီယန်း ] ကို ပစ်မှတ်ထားနေပါတယ်။

Pierre-Emerick Aubameyang [ အူဘာမီယန်း ] ဟာ ဘာစီလိုနာ တိုက်စစ်မှူး ဖြစ်ပြီး လက်ရှိမှာ ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

အခုချိန်မှာ ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး လိုအပ်ချက် အကျပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုအဖြစ် ဘာစီလိုနာ တိုက်စစ်မှူး Pierre-Emerick Aubameyang [ အူဘာမီယန်း ] ကို ခေါ်ယူဖို့ ပြင်ဆင်လာကြတယ်လို့ သိရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

[ ပီရဲ - အမ်းမရစ် အူဘာမီးယန်း ] Pierre-Emerick Aubameyang  ကို ရရှိဖို့ အလေးအနက်ထားနေပါတယ်။

လန်ဒန်အသင်းဟာ သူတို့ရဲ့ လက်ရှိ အခက်အခဲတွေကို ဖြေရှင်းပေးဖို့အတွက် အူဘာမီယန်းကို အလေးအနက်ထားပြီး ကမ်းလှမ်းမှုတွေ ပြုလုပ်နေတယ်လို့လည်း သတင်းတွေအရ သိရှိရပါတယ်။

အားကစား မီဒီယာ Daily Mail ရဲ့ ဖော်ပြချက်အရ နည်းပြ သောမတ်စ် တူချယ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး ရိုမီလူ လူကာကူနဲ့ တီမိုဝါနာတို့ကို ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။

Pierre-Emerick Aubameyang and Tuchel at Dortmund

ဒေါ့မွန်မှာတုန်းက အူဘာမီယန်းနဲ့ နည်းပြ တူချယ်။

အဲ့ဒီနောက်မှာတော့ နည်းပြဟာ သူ့ရဲ့ အရင် အသင်းဟောင်းဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူးဟောင်း Pierre-Emerick Aubameyang [ အူဘာမီယန်း ] နဲ့ ပြန်လည် တွေ့ဆုံဖို့ စိတ်အားထက်သန်နေကြောင်း ဖော်ပြခဲ့ပါတယ်။

ဂါဘွန်တိုက်စစ်မှူး Pierre-Emerick Aubameyang [ အူဘာမီယန်း ] ကို ခေါ်ယူဖို့ ဘာကာအသင်းနဲ့ ညှိနှိုင်းနေပါပြီ။

မန်ချက်စတာ စီးတီးအသင်း ကစားသမားဟောင်း ရာဟင်း စတာလင်ဟာ ချဲလ်ဆီးအသင်းနဲ့အတူ အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲစဥ်မှာ ကွင်းလယ်တိုက်စစ်နေရာမှာပါ အားဖြည့်ခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသခဲ့ပါတယ်။ ဒီလို ကစားသမားသစ်နဲ့ ကစားကွက် ပိုမို သက်တောင့်သက်သာ ‌ရှိနေတာတောင် နည်းပြက နောက်ထပ် တိုက်စစ်မှူးသစ်ကို ရှာဖွေနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းကနေ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီးနောက် အူဘာမီယန်းဟာ နူးကမ့်မှာ အထင်ကြီးစရာ ခြေစွမ်းတွေ ကောင်းမွန်နေခဲ့ပါတယ်။ သူ့ကို ခေါ်ယူနိုင်ဖို့နဲ့ ပတ်သက်ပြီး ချဲလ်ဆီးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ ညှိနှိုင်းမှုတွေ စ,တင် ပြုလုပ်နေပြီလို့ သိရပါတယ်။

Pierre-Emerick Aubameyang with FA Cup

အာဆင်နယ်ကစားသမားဟောင်း အူဘာမီယန်း။

ဂါဘွန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ နူးကမ့်ကနေ ထွက်ခွာဖို့ ဖြစ်နိုင်ခြေ အရှိဆုံး ကစား‌သမားတွေထဲမှာတော့ မပါဝင်ခဲ့ပါဘူး။ ဒါပေမယ့် လန်ဒန်သားတွေဟာ သူတို့ရဲ့ ရောင်းထုတ်ပါစေဆိုတဲ့ ဆန္ဒကို ကြိုးစား မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဘာကာရဲ့ လက်ထဲကနေ လွတ်သွားနိုင်ပါတယ်။

ဘာစီလိုနာအသင်းဟာ ကစားသမား မှတ်ပုံတင်တာနဲ့ ပတ်သက်ပြီး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

မကြာသေးခင်က သတင်းတွေအရ လာလီဂါရဲ့ လစာ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ပျက်ကွက်ခြင်းဟာ ရာသီသစ်အတွက် အသင်းသားများအဖြစ် နွေရာသီမှာ ဖြည့်တင်းမှု များစွာကို စာရင်းသွင်းထားနိုင်မှာ မဟုတ်ကြောင်း သိရှိရပါတယ်။

အထူးသဖြင့် အလွတ် ပြောင်းရွှေ့ ကြေးနဲ့ ရောက်ရှိလာတဲ့ အေစီမီလန် ကွင်းလယ်လူ ဖရန့် ကယ်စီနဲ့ ချဲလ်ဆီး နောက်ခံလူ အန်ဒရေ့စ် ခရစ္စတန်ဆန်တို့ဟာ လစာ ဝန်ထုပ်ဝန်ပိုးကို လျှော့ချဖို့အတွက် ပွဲစဥ်တွေ မကစားရဘဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ထွက်ခွာသွားရဖွယ် ရှိနေပါတယ်။

အထောင်တိုက်စစ်မှူး အူဘာမီယန်းကို ရောင်းထုတ်ခြင်းဟာ အနည်းဆုံးတော့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ လိုချင်နေကြတဲ့ ဖရန့်ကီ ဒီဂျောင်ရဲ့ အနာဂတ်ကို ဖြေရှင်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Pierre-Emerick Aubameyang and De Jong Celebrated after scoring

ဂိုသွင်းအပြီး အူဘာမီယန်းနဲ့ ဒီဂျောင်တို့ အောင်ပွဲခံနေကြစဥ်။

ပြီးတော့ ဘာကာအသင်းအတွက် အသက်ရှူချောက်မယ့် ကိစ္စရပ်တစ်ခုပါပဲ။ သို့ပေမယ့် အသင်းအနေနဲ့ နှစ်ဖက်စလုံးကို လက်မှတ်ထိုးဖို့ တွန့်ဆုတ်နေပုံပါပဲ။ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးကို ခေါ်ယူလိုက်တဲ့အတွက် ဘာစီလိုနာအသင်းဟာ ဗဟိုတိုက်စစ်ပိုင်းမှာ လုံးဝကို စိတ်ချယုံကြည်လို့ ရနေပြီ ဖြစ်ပါတယ်။

ဒီဂျောင်ကိုရော ချယ်လ်ဆီးအနေနဲ့ ခေါ်ယူနိုင်မလား?

ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်ဆီ ‌တင်ပြခဲ့တဲ့ စည်းမျဥ်း စည်းကမ်းတွေဟာ ကစားသမားအနေနဲ့ လက်ခံနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း အပြီးသတ် ခေါ်ယူဖို့ သဘောတူညီမှုကတော့ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိမရှိ ဒါမှမဟုတ် ကလပ်အသင်းကနေ အတင်းအကြပ် ခိုင်းစေခြင်း ရှိမရှိအပေါ် မူတည်နေပါတယ်။

နူးကမ့်အသင်းဟာ အော်စမန် ဒမ်ဘီလီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ကစားသမားရဲ့ လုပ်ခ လစာတောင်းဆိုမှုတွေကို လျှော့ချဖို့ ညှိနှိုင်ခဲ့ကြပါတယ်။ ဒီလို လျှော့ချဖို့ သဘောတူခဲ့တဲ့ အော်စမန် ဒမ်ဘီလီနဲ့ ပတ်သက်တဲ့ အခြေအနေတွေအပေါ် ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။ ဖရန့်ကီ ဒီဂျောင်ရဲ့ အသင်းနဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၆ အထိ သက်တမ်းရှိနေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment