ဘန်ဇီးမားကို နှစ်ချို့ဝိုင်လိုမျိုး ကြာလေ ပိုကောင်းလာလေပဲလို့ ချီးကျူးလိုက်တဲ့ အန်ဆယ်လော့တီ
ကာရင် ဘန်ဇီမာက ‘ပိုကောင်းလာတယ်… နှစ်ချို့ ဝိုင်ကောင်းကောင်းနဲ့ တူတယ်။’ လို့ ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ နည်းပြ အန်ဆယ်လော့တီက ကာရင်ဘင်ဇီမာဟာ ချဲလ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဥ်မှာ ဟက်ထရစ်သွင်းယူပြီးနောက် သူ့ရဲ့ ကြယ် ပွင့်တိုက်စစ်မှူး ဘင်ဇီမာဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ကောင်းမွန်လာကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။ ဘန်ဇီမာဟာ သူ့ရဲ့ အံ့အားသင့်ဖွယ် ဒီရာသီမှာ ပြိုင်ပွဲစုံ ၃၆ ပွဲမှာ ၃၇ ဂိုးသွင်းယူပြီး PSG အသင်းနဲ့ နောက်ဆုံး ၁၆ သင်းအဆင့်ပွဲစဥ်မှာ အသင်းအတွက် ဟက်ထရစ် သွင်းယူပြီးနောက် အခု ချဲလ်ဆီးအသင်းနဲ့ ကွာတားဖိုင်နယ်