အသင်းကြီးတွေ မျက်စိကျနေတဲ့ Jude Bellingham

Jude Bellingham Dortmund
May 14, 2022

Jude Bellingham [ ဂျုဘယ်လင်ဂမ် ] ကို ဥရောပထိပ်တန်း အသင်းကြီးတွေကနေ ခေါ်ယူဖို့ အားပြိုင်နေကြပါတယ်။

Jude Bellingham [ ဂျုဘယ်လင်ဂမ် ] ဟာ လွန်ခဲ့တဲ့ နှစ်နှစ်က ‌‌ဒေါ့မွန်အသင်းကို ပြောင်းရွှေ့လာပြီးကတည်းက သူ့ကိုယ်သူ ဥရောပအဆင့် ထိပ်တန်းကစားသမားတွေထဲက တစ်ဦးအဖြစ် ရပါတည်ခဲ့ပါတယ်။

ဘာမင်ဂမ် စီးတီး ကွင်းလယ်ကစားသမားဟောင်ဟာ ဘွန်ဒက်စ်လီဂါ ကလပ်အတွက် ကစားပေးခဲ့တဲ့ ပြိုင်ပွဲစုံ အရေအတွက်ကတော့ အခုဆို ပွဲ ၁၀၀ ပြည့်ခါနီးနေပါပြီ။ အတိအကျကတော့ ၈၉ ပွဲ ကစားထားပါတယ်။ ချန်ပီယံစ်လိဂ်ပွဲစဥ်တွေမှာလည်း ပါဝင်ကစားပြီး ပြီးခဲ့တဲ့ ရာသီတုန်းက DFB-Pokal [ ဂျာမန် ပိုကယ် ] ဖလားရရှိအောင် ကူညီပေးခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ကမ္ဘာ့ထိပ်တန်းကလပ်တချို့က ကွင်းလယ်လူ ဘယ်လင်ဂမ်ကို ခေါ် ယူဖို့ စိတ်ဝင်စားနေကြကောင်း ဖော်ပြခဲ့ပြီး ပရီးမီးယားလိဂ် အသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီး၊ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့က အခု နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မတိုင်ခင် ဆယ်ကျော်သက်  ကစားသမားအတွက်အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သက်ပြီး ချိဆက်မှုတွေ များစွာ ရှိနေပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ်မှ လီဗာပူးလ်အသင်းဟာ ‌ဂျော်ဒန် ဟန်ဒါဆန်၊ ဂျိမ်းစ်မီလ်နာနဲ့ သီယာဂို အယ်လ်ကန်တာရာတို့ အသက် ၃၀ ကျော်နေပြီ ဖြစ်တဲ့အတွက် သူ့တို့နေရာမှာ အစားထို့ဖို့ ဘယ်လင်ဂမ်ကို ခေါ် ယူဖို့ စိတ်ဝင်စားကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။

သူ့ရဲ့ အသင်းဖော် အာလိန်း ဟာလန်းဟာ အခုနွေရာသီမှာ အသင်းကနေထွက်ခွာတော့မှာဖြစ်ပေမယ့် ဘယ်လင်ဂမ်ကတော့ အဆိုပါ လမ်းကြောင်းအတိုင်း လိုက်မှာမဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။ တိုက်စစ်မှူး ဟာလန်းဟာ ဇူလိုင်လ ၁ ရက်နေ့မှာ မန်စီးတီးကစားသမားအဖြစ် တရားဝင် ဖြစ်လာတော့ပေမယ့် ဒေါ့မွန်အသင်းကတော့ ကွင်းလယ်လူ ဘယ်လင်ဂမ်ကို ခေါ် ယူဖို့ ကြိုးပမ်းမှုမှန်သမျှကို တားဆီးနိုင်ခဲ့ပါတယ်။

Jude Bellingham Dortmund

ဟာလန်းနဲ့အတူ အောင်ပွဲခံနေတဲ့ ဘယ်လင်ဂမ်။

သူ့ရဲ့ အသင်းနဲ့ စာချုပ်

Signal Iduna Park [ ဒေါ့မွန်အသင်း ] မှာ အင်္ဂလန်သားရဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ သက်တမ်းမကုန်ဆုံးသေးတာကြောင့် အသင်းဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး  ကိစ္စရပ်အားလုံးကို ထိန်းထားပါတယ်။ ဂျာမန်ကလပ်အသင်းဟာ မန်စီးတီအသင်းကို ပြောင်းရွှေ့မယ့် ဟာလန်းကို စာချုပ်ဖျက်သိမ်းလိုက်ပေမယ့် ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်ကတော့ အသင်းမှာ ဆက်လက်ရှိနေဦးမယ်ဆိုတဲ့ သတင်းတွေက သံသယဖြစ်စရာ မရှိပါဘူး။

ဒီအချိန်မှာ ကွင်းလယ်လူ ဘယ်လင်ဂမ်ကလည်း သူဟာ နောက်ရာသီမှာ ဒေါ့မွန်အသင်းမှာပဲ ဆက်ရှိနေဦးမယ်လို့ ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့ ၂ ရာသီလုံးမှာ သူ့ရဲ့ ခြေစွမ်း တိုးတက်မှုအတွက် ကူညီပေးခဲ့ကြတဲ့ ဂျာမန်အသင်းကြီးကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

Jude Bellingham vs Bayen Munich

ဘိုင်ယန်မြူးနစ်အသင်းနဲ့ တွေ့ဆုံခဲ့စဥ်က ဘယ်လင်ဂမ်။

ဂျု ဘယ်လင်ဂမ်က

‘‘ ကျွန်တော် စဥ်းစားနေတဲ့ တစ်ခုတည်းသော အနာဂတ်က ဒေါ့မွန်အတွက် နောက်ထပ်ပွဲတစ်ပွဲပါ။ နောက်ရာသီကို စောင့်မျှော်ပါတယ်။ နောက်တစ်ကြိမ် ပြန်စ, ဖို့ မျှော်လင့်နေပါတယ်။ ဟုတ်ပါတယ်။ လာမယ့်ရာသီ ကျွန်တော်ဒီအသင်းမှာပဲ ရှိနေမှာပါ။ ပြီးတော့ ကစားဖို့လည်း အဆင်သင့် ဖြစ်နေမှာပါ။ ” လို့  Ruhr Nachrichten BVB ကို ပြောကြားခဲ့ပါတယ်။

ထပ်ပြီး သူက

‘‘ ကျွန်တော့်ရဲ့ ကံကြမ္မာက ကျွန်တော့်လက်ထဲမှာ ရှိပြီး ကိုယ့်ပတ်ဝန်းကျင်က လူတွေကို အားကိုးပြီး ကြိုးစားရင် ရှေ့ကို ဆက်သွားနိုင်တယ်ဆိုတာ သိပါတယ်။

ဒီကို ကျွန်တော် အင်္ဂလန်ကနေ လူငယ်ကစားသမားတစ်ယောက်အနေနဲ့ လာခဲ့တာပါ။ ဖိအားတွေတော့ သိပ်မရှိပါဘူး။ ပထမရာသီကတော့ ကောင်းမွန်ခဲ့ပါတယ်။

တခါတလေ အရန်ခုံမှာထိုင်ပြီး လုံးဝ မကစားရတဲ့ ပွဲတွေလည်း ရှိခဲ့ပါတယ်။

ဒီနှစ်မှာတော့ ကျွန်တော့်ရဲ့ ခြေစွမ်း တိုးတက်မှုက အသင်းရဲ့ ပွဲစဥ်တိုင်းနီးပါးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်စေတယ်လို့ ကျွန်တော်ထင်ပါတယ်။

ကျွန်တော့်ရဲ့ အရည်အချင်းတွေကို ပေါ်လွင်လာအောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဒေါ့မွန်အသင်းကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။

ဒီအသင်းနဲ့အတူ ပွဲစဥ်တွေကို အနိုင်ရရှိဖို့ကိုပဲ အာရုံစိုက်နေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ဒီမှာရှိနေတာ အဲ့အတွက်ပဲလေ။ လို့

ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းလောက်တုန်းက လီဗာပူးလ် ဂန္တဝင်နဲ့ လက်ရှိ အက်စတွန်ဗီလာအသင်းနည်းပြဖြစ်တဲ့ စတီဗင် ဂျရတ်ဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေစာရင်းမှာ ဘယ်လင်ဂမ်ကို ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

Jude Bellingham birmingham

ဘာမင်ဂန်အသင်းမှာတုန်းက ဂိုးသွင်းအပြီး အောင်ပွဲခံနေတဲ့ ဘယ်လင်ဂမ်။

အက်စတွန်ဗီလာနည်းပြ စတီဗင် ဂျရတ်က

‘‘ အခုကစားနေတဲ့အထဲမှာတော့ ဘယ်လင်ဂမ်ကို သဘောကျတယ်။ ကျွန်တော် သူ့ရဲ့ ကစားပုံကို ချွင်းချက်မရှိ နှစ်သက်တယ်။  လို့  သူ့ရဲ့ အင်္ဂလန်လက်ရွေးစင် အသင်းဖော်ဟောင်း ရီယိုဖာဒီနန်ကို YouTube ရှိုးတစ်ခုမှာ ပြောခဲ့ပါတယ်။

‘‘ ကယ်ဗင် ဒီဘရွိုင်းနားက‌တော့ သံသယဖြစ်စရာ မရှိပါဘူး။ ပြီးတော့  ကျွန်တော် မေဆင်မောင့်ရဲ့ ခြေစွမ်းနဲ့ ကစားပုံတွေကို ကြိုက်တယ်။ ချဲလ်ဆီးမှာဆိုရင် ကိုဗာဆစ်၊ လီဗာပူးလ်မှာဆို ဖာဘင်ဟိုနဲ့ မန်ချက်စတာ စီးတီးကဆို ရိုဒရီကို ကြိုက်ပါတယ်။ အဲ့ကစားသမားတွေထဲက တစ်ယောက်ကို ရွေးရမယ်ဆိုရင် ကယ်ဗင် ဒီဘရွိုင်းနားကတော့ ကျွန်တော့်အတွက် ချွင်းချက်မရှိ အထူးစပါယ်ရှယ် ကွင်းလယ်ကစားသမားပါပဲ။  ကျွန်တော့် အနေနဲ့ ကယ်ဗင်ကို ထိပ်တန်းကစားသမားတစ်ယောက်လို့ ထင်ပါတယ်။ လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment