ချဲလ်ဆီးအတွက် Romelu Lukaku ရဲ့ စွမ်းဆောင်ရည်များ

Rumelu Lukaku
May 16, 2022

Romelu Lukaku [ ရိုမီလူ လူကာကူ ] က ချဲလ်ဆီးအသင်းအတွက် ဘယ်လောက်ထိ စွမ်းဆောင်နိုင်သလဲ?

Romelu Lukaku [ ရိုမီလူ လူကာကူ ] ဟာ ၂၀၂၁ ခုနှစ် နွေရာသီအပြောင်းအရွှေ့ရဲ့ အကြီးမားဆုံး ပြောင်းရွှေးကြေးတစ်ရပ် အနေနဲ့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ အင်တာမီလန်အသင်းကနေ ‌ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူးဟာ ပြောင်းရွှေ့ကြေး ယူရို ၁၁၅ သန်း (ပေါင် ၉၇ သန်း) နဲ့ အသင်းဟောင်း Stamford Bridge [ ချဲလ်ဆီးအသင်း ] ဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ‌နွေရာသီတလျှောက်လုံးမှာ သူတို့ရဲ့ တိုက်စစ်ပိုင်း နံပါတ် ၉ နေရာအတွက် အသည်းအသန်ရှာဖွေနေခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ လူကာကူကို ရှာတွေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အသင်းဟောင်းဆီ ပြန်လာမှုက မျှော်လင့်ထားတဲ့ အစီအစဥ်အတိုင်း ဖြစ်မလာသေးပါ။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အံဩစရာကောင်းလောက်တဲ့ အပြောင်းအရွှေ့ အပြီးမှာ သူဟာ ဒဏ်ရာပြသနာတွေ၊ ဖျားနာနေတာတွေကြောင့် ပထမပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့ ခက်ခဲခဲ့ပါတယ်။ အသင်းရဲ့ မျှော်လင့်ချက်တွေလည်း ဖြစ်မလာသေးပေမယ့် ချဲလ်ဆီးအသင်းမှာ လူကာကူအတွက် အရာရာတိုင်းဟာ ကောင်းမွန်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် သြဂုတ် ၂၂ ရက်နေ့ အမ်းမရိတ်စ်ကွင်းမှာ အာဆင်နယ်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုးနဲ့ မျှော်လင့်ချက် အိပ်မက်တစ်ခု ပြန်လည်း ရှင်သန်လာခဲ့ပါတယ်။
 
လီဗာပူးလ်နဲ့  လေးစားဖွယ်ကောင်းတဲ့ ၁ – ၁ ဂိုးစီ သရေကျပြီး နောက်ထပ်ပွဲစဥ်အဖြစ် အိမ်ကွင်းမှာ အက်စတွန်ဗီလာအသင်းကို ၃ – ၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ လူကာကူက အသင်းအတွက် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပြီးတော့ သူဟာ ချယ်လ်ဆီးရဲ့ ပထမဆုံး ချန်ပီယံလိဂ် ပွဲစဉ်မှာ နောက်ထပ်ဂိုးအနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ဇင်းနစ် စိန့်ပီတာစဘတ်ကို ၁ – ၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ တစ်ခုတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

တိုက်စစ်မှူးဟာ သူ့ရဲ့ ချဲလ်ဆီးအသင်းကို ပြန်လည်ရောက်ရှိလာခြင်းအတွက် အံ့ဖွယ်ကောင်းတဲ့ အစပြုမှုကို ပြီးမြောက်စေခဲ့ပြီး ပြိုင်ပွဲအရပ်ရပ် သူ့ရဲ့ ပထမဆုံးလေးပွဲမှာ လေးဂိုးသွင်းယူ‌ပေးခဲ့ပါတယ်။ နောက်တော့ သူ့ပုံစံကောင်းတွေ ပျက်စီးသွားခဲ့ပါတယ်။ ချဲလ်ဆီးတိုက်စစ်မှူးဟာ ဒဏ်ရာနဲ့ ဖျားနာမှုတို့ကြောင့် ပရီးမီးယားလိဂ်မှာ ဂိုးမရဘဲ သုံးလကြာ မိုးခေါင်မှုကို ကြုံတွေ့ခဲ့ရပြီး ခြောက်ပွဲအထိ လွဲချော်ခဲ့ရပါတယ်။

Rumelu Lukaku vs wolve

ဝုဖ်အသင်းဘက်ကို လူကာကူ ဂိုးသွင်းယူနေစဥ်။

လူကာကူရဲ့  ကမ္ဘာ့ကလပ်ဖလားသွင်းဂိုး

ဘယ်လ်ဂျီယံသားဟာ ဇန်န၀ါရီလက ပြိုင်ပွဲစုံ (၆) ပွဲမှာ (၁)ဂိုးသာ သွင်းယူခဲ့ပြီး ချက်စတာဖီးလ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် FA ဖလားမှာ ပါဝင်ခဲ့ပါတယ်။ FIFA Club World Cup [ ကမ္ဘာ့ကလပ်ဖလား ] ပွဲစဥ်တွေကတော့ လူကာကူအတွက် ပျော်ရွှင်စရာ အမဲလိုက်ကွင်းတစ်ခုအဖြစ် သက်သေပြခဲ့ပါတယ်။ Al-Hilal အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တစ်ဂိုးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် Palmeiras အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဖိုင်နယ်မှာ အဖွင့်ဂိုးကို ကောင်းမွန်တဲ့ ခေါင်းတိုက်ချက်နဲ့ အသင်းရဲ့ အောင်ပွဲအတွက် ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

အချိန်ပိုမှာ လက်ထိဘောကနေ ရရှိလာတဲ့ ပင်နယ်တီကို ကိုင်ဟားဗက်ဇ်က ဂိုးအဖြစ်ပြောင်းလဲပြီးချိန်မှာတော့ ချဲလ်ဆီးအသင်းဟာ တစ်နှစ်တာရဲ့ ကမ္ဘာ့ချန်ပီယံအသင်းဖြစ်ဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

Rumelu Lukaku vs palmeiras

တိုက်စစ်မှူး လူကာကူ ပယ်မီးရက်စ်အသင်းဘက်ကို ဂိုးသွင်းယူနေစဥ်။

နောက်ထပ်ပွဲစဥ်အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းကို ၁ – ၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ လူကာကူဟာ ပွဲစဥ်တလျှောက်လုံး ဘောလုံးကို ၇ ကြိမ်သာထိခဲ့ရတာကြောင့် ချဲလ်ဆီးအသင်းဂျာစီနဲ့ ကန်ခဲ့သမျှ ပွဲစဥ်တွေထဲမှာ အဆိုးဆုံးအနေအထားကို ပေါ်လွင်စေခဲ့ပါတယ်။
 
ဖေဖေါ်ဝါရီလကုန်ပိုင်းမှာ ချဲလ်ဆီးအသင်းရဲ့ အကြီးကျယ်ဆုံးပွဲနှစ်ပွဲအတွက် အရန်ခုံကနေပဲ ပါဝင်ခဲ့ရပါတယ်။ သူဟာ လိုင်လီကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပထမအကျော့မှာ ပါဝင်ကစားခဲ့ပြီး လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလားဖိုင်နယ်မှာလည်း ပါဝင်ကစားခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်ကိုလည်း ဝင်ကန့်ခွင့်ရခဲ့ပါတယ်။

Rumelu Lukaku vs luton

လူတန်အသင်းဘက်ကို ဂိုးသွင်းအပြီး အသင်းဖော်တွေနဲ့ အောင်ပွဲခံနေတဲ့ လူကာကူ။

မတ်လမှာတော့ လူကာကူဟာ FA ဖလားပြိုင်ပွဲအတွက် Luton ကို သွားရောက်ယှဥ်ပြိုင်မှုအတွက် ပထမပွဲထွက် ၁၁ ဦးစာရင်းထဲကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အသင်းပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ချ်က ကလပ်ကို ရောင်းထုတ်ကြောင်း ကြေငြာပြီးနောက် ကလပ်အတွက် ခက်ခဲတဲ့ နေ့တစ်နေ့မှာ လူကာကူဟာ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ရလဒ်ကတော့ လူတန် ၂ – ၃ ချဲလ်ဆီး နဲ့ အဆုံးသတ်သွားခဲ့ပါတယ်။
 
အဲ့သီတင်းပတ်အကုန် တိုက်စစ်မှူး လူကာကူဟာ ၄-၀ ဂိုးနဲ့ ဘန်လေကို အနိုင်ရရှိခဲ့တဲ့ ပွဲမှာ မြက်ခင်းပြင်ပေါ် ခြေချဖို့ အခွင့်အရေး မရှိခဲ့ပါဘူး။ နယူးကာဆယ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲရယ်၊ လိုင်လီကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲတွေမှာသာ ဒုတိယပိုင်းတွေမှာ လူစားလဲ ပါဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံသားရဲ့ လွဲချော်မှုများ

ဘရန့်ထ်ဖို့ဒ်အသင်းကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်မှာတော့ လူကာကူအတွက် အနည်းငယ် စိတ်အားထက်သန်မှု ရှိလာခဲ့ပြီး ဧပြီလ အစမှာ သူဟာ အသင်းအတွက် အနည်းငယ် အရေးပါလာခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံစ်လိဂ် ကွာတားဖိုင်နယ် ပထမအကျော့ကို နောက်ဆုံး ၂၆ မိနစ်မှာ အရန်ခုံကနေ ပါဝင်လာခဲ့ပါတယ်။
 
ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ ဆောက်သမ်တန်အသင်းကို ၆-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ပြသနာတစ်ခုကြောင့် မပါဝင်နိုင်ခဲ့တဲ့အပြင် ရီးယဲလ်မက်ဒရစ်နဲ့ ချန်ပီယံစ်လိဂ် ဒုတိယအကျော့ပွဲစဥ်ကိုလည်း လွဲချော်ခဲ့ရပါတယ်။

Rumelu Lukaku vs leeds

လိစ်အသင်းဘက်ကို လူကာကူ ဂိုးသွင်းယူနေစဥ်။

နည်းပါးလှတဲ့ လူကာကူရဲ့ ပွဲကစားချိန်

ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ FA ဆီမီးဖိုင်နယ်ပွဲစဥ်အတွက် လူကာကူဟာ အရန်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဧပြီလ ၂၀ ရက်နေ့ အာဆင်နယ်အသင်းနဲ့ အိမ်ကွင်းပွဲစဥ်မှာ နှစ်လကျော်အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဥ် ပွဲထွက်လူစာရင်းမှာ ပါဝင့်ခွင့်ရခဲ့ပေမယ့် နာရီပိုင်းအတွင်း လူစားလဲခံရချိန်မှာ ကွင်းပြင်က လှောင်ပြောင်တာ ခံခဲ့ရပါတယ်။ အဲ့ပွဲမှာ ချဲလ်ဆီးအသင်းက ၂-၄ ဂိုးနဲ့ အာဆင်နယ်အသင်းကို အရေးနိမ့်ခဲ့ပါတယ်။
 
အင်တာမီလန် ကစားသမားဟောင်းဟာ ယူနိုက်တက်အသင်းနဲ့ ၁-၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ၁၉ မိနစ်သာ ကစားခဲ့ရပြီး ဝက်စဟမ်းအသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိပါ။ ဝုဖ်အသင်းကို ၂-၂ ဂိုးနဲ့ သရေကျခဲ့တဲ့ ပွဲမှာတော့ သူ့ရဲ့  သွင်းဂိုး ၂ ဂိုးအတွက် ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။ နောက်ရာသီ ချန်ပီယံစ်လိဂ်တစ်နေရာအတွက် လိဒ်ကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ နောက်ထပ် ၁ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

FA ဖလားဖိုင်နယ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ပွဲစဥ်မှာတော့ ၈၅ မိနစ်ပါဝင်ကစားခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ၅-၆ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်ဟာ လူကာကူအတွက် ဆုဖလားမဲ့ရာသီ ဖြစ်ခဲ့ပါတယ်။ တိုက်စစ်မှူး လူကာကူဟာ ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၄၃ ပွဲမှာ ၁၅ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။

Romelu Lukaku [ ရိုမီလူ လူကာကူ ] က အသင်းဟောင်းဖြစ်တဲ့ ချဲလ်ဆီးအသင်းအတွက် စွမ်းဆောင်မှုတွေက အရမ်းကြီးတော့ အထင်ကြီးလောက်စရာ မရှိသေးပါဘူး။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment