Paul Pogba ဘယ်အသင်းကို ပြောင်းမှာလဲ?

Paul Pogba Manchester United
May 13, 2022

Paul Pogba [ ပေါလ်ပေါ့ဂ်ဘာ ] ဟာ ဒီနွေရာသီမှာ စာချုပ်သက်တမ်းကုန်ရင် အသင်းကနေထွက်ခွာတော့မယ်လို့ သိရပါတယ်။

Paul Pogba [ ပေါလ်ပေါ့ဂ်ဘာ ] ရဲ့ မန်ယူအသင်းနဲ့  စာချုပ်သက်တမ်းဟာ အခုနွေရာသီဆိုရင် ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့လမ်းခွဲတော့မယ့် အနေအထားမှာ ရှိနေပါတယ်။ ကွင်းလယ်လူဟာ ဂျူဗင်တပ်စ်အသင်းကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ အသင်းဟောင်းဆီ ခြောက်နှစ်ကြာ လာရောက်ကစား ခဲ့ပြီးနောက် အိုးလ်ထရက်ဖို့ဒ်အသင်းနဲ့ ဇာတ်လမ်းအဆုံးသတ်ဖို့ အချက်ပြနေပါပြီ။

ပြင်သစ် လက်ရွေးစင် ကစားသမားဟာ ၂၀၁၂ ခုနှစ်တုန်းက ယူနိုက်တက်အသင်းကနေ အီတလီ စီးရီးအေကလပ် ဂျူပင်တပ်စ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ သူဟာ ဂျူပင်တပ်စ်အသင်းမှာ ခြေစွမ်းတွေလည်း တဟုန်ထိုး တိုးတက်လာခဲ့ပြီး အသင်းနဲ့အတူ အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၆ ခုနှစ်မှာ အသင်းဟောင်း ယူနိုက်တက်က သူ့ကိုစံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ‌ခေါ်ယူခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပေါ့ဂ်ဘာဟာ စပါးအသင်းမှ ဂါရတ်ဘေးလ်ကို ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူခဲ့တဲ့ စံချိန်ကို ချိုးဖျက်ပြီး ၂၀၁၆ ခုနှစ်မှာ အသင်းဟောင်း ယူနိုက်တက်အသင်းကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ပေါလ်ပေါ့ဂ်ဘာဟာ အီတလီ စီးရီးအေမှာတုန်းက အသင်းအတွက် ‌ခြေစွမ်းကောင်းတွေနဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပေမယ့် အင်္ဂလန်ကို ဒုတိယအကြိမ် ပြန်ရောက်လာချိန်မှာတော့ တူညီတဲ့ စွမ်းဆောင်ရည်တွေကို မတွေ့ရတော့ပါ။

 

၂၀၁၆ ခုနှစ် သူ့ရဲ့ပထမရာသီမှာ အသင်းဟောင်းနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းအိုးထရက်ဖို့ဒ်အသင်းမှာ သူနဲ့အံဝင်ဂွင်ကျမဖြစ်တဲ့ ‌အနေအထားမှာ ကစားနေရပြီး ပွဲထွက်ပထမအသင်းမှာ ‌မရွေးချယ်ခံရတော့တာကြောင့် အသင်းကနေထွက်ခွာတော့မှာ ဖြစ်ပါတယ်။

Paul Pogba Manchester United

EFL cup နဲ့အတူ အောင်ပွဲခံနေတဲ့ ပေါလ်ပေါ့ဘာ။

ပေါ့ဘာရဲ့ ပြောင်းရွှေ့ကြေး

ကလပ်အသင်းဟာ ပေါ့ဂ်ဘာအတွက် စုစုပေါင်း ယူရို ၂၁၄.၁ သန်း (ပေါင် ၁၈၃.၅ သန်း) အထိ သုံးစွဲထားပြီးဖြစ်ပါတယ်။ အဆိုပါ ငွေကြေးပမာဏမှာ ပြောင်းရွှေ့ကြေး၊ လုပ်ခနဲ့ သစ္စာစောင့်သိမှုဘောနပ်စ်တွေ ပါဝင်နေပါတယ်။ သို့ပေမယ့် စာချုပ်သက်တမ်းကုန်ဆုံးပါက ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ စွန့်လွှတ်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ယူနိုက်တက်အသင်းအနေနဲ့ သုံးစွဲထားခဲ့တဲ့ ငွေကြေးတွေ အလဟသ ဖြစ်သွားတော့မှာပါ။

 

ယူနိုက်တက် ကွင်းလယ်လူဟာ တူရင်ကို ပြန်လည်ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ချေရှိတဲ့အတွက် ဂျူဗင်တပ်စ်အသင်းနဲ့ ဆွေးနွေးနေပေမယ့် သူ့ရဲ့အနာဂတ်ပန်းတိုင်ကို မသိရသေးပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဟာ ပေါ့ဂ်ဘာအတွက် ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေပါတယ်။ နောက်ဆုံးမှာ ပြင်သစ် လက်ရွေးစင်ကစားသမားကို သူ့ရဲ့မွေးရပ်မြေဆီပြန်ပြီး ကလပ်အသင်းမှာကစားဖို့ အခွင့်အရေးပေးမယ့် အနေအထားရှိတယ်လို့ ယူဆရပါတယ်။

Paul Pogba Manchester United

ယူရိုပါလိဂ်ဖလားနဲ့အတူ အောင်ပွဲခံနေတဲ့ ပေါလ်ပေါ့ဘာ။

ပေါလ်ပေါ့ဂ်ဘာနဲ့ ပီအက်စ်ဂျီအသင်း

ဂိုးသမား ဒွန်နာရမ်မာနဲ့ ကီလာ နာဗတ်စ်တို့ဟာ ဒီရာသီတစ်လျှောက်လုံးမှာ နံပါတ်တစ်ဂိုးသမားတာဝန်တွေကို ပိုင်းခြားခံထားပေမယ့် အီတလီဂိုးသမားကတော့ ပရိတ်သတ်တွေအကြား လူကြိုက်များပြီး လာမယ့်ရာသီမှာ အသင်းရဲ့ဦးစားပေးအနေနဲ့ စ,တင်မှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းမှာ အာရှရာ့ဖ် ဟာကီမီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ညည်းညူမှုတွေရှိခဲ့ပေမယ့် အသင်းအနေနဲ့ သူ့ကိုဆက်လက်ထားရှိသွားမယ်လို့ သိရပါတယ်။

 

ခြေစွမ်းကောင်းနေတဲ့ နူနိုမန်းဒက်စ်ကို သူ့ရဲ့အငှားပြောင်းရွှေ့မှုကနေ အပြီးသတ်ခေါ် ယူလိုက်ပြီး အသင်းမှာဆက်ကစားစေမှာ ဖြစ်ပါတယ်။ လာမယ့်ရာသီမှာ ပါရီသားတွေက နောက်ခံလူ ဆာဂျီယိုရာမို့စ်ကို ပိုမိုအားကိုးနိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ့်လည်း နောက်ခံလူ ပရက်စ်နယ်ကင်ပမ်ဘီနဲ့ ကလပ်အသင်းခေါင်းဆောင် မာကွင်းညို့တို့ကတော့ အသင်းရဲ့ဗဟိုခံစစ်အတွဲအဖြစ် ရာသီအသစ်ကို စ,တင်မှာ ဖြစ်ပါတယ်။

 

တကယ်လို့ အမ်ဘာပေသာ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ပါက အသင်းရဲ့ တိုက်စစ်ပိုင်းကို ဖန်တီးမှုတွေပြုလုပ်ပေးနိုင်ဖို့  ပေါလ်ပေါ့ဂ်ဘာကို ဗာရက်တီနဲ့  ဂွယ်ယဲတို့က အကောင်းဆုံးကူညီသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် PSG အသင်းကတော့ သူ့အနေနဲ့ အသင်းမှာဆက်ရှိနေစေမှာ ဖြစ်ပြီး သူအပါအဝင် တိုက်စစ်မှူး လီယွန်နယ်မက်ဆီနဲ့ နေမာတို့တိုက်စစ်ပိုင်း သုံးယောက်ကို ဆက်လက်ထားရှိသွားမယ်လို့ ယုံကြည်နေပါတယ်။

Paul Pogba France

ပြင်သစ်လက်ရွေးစင်အသင်း‌နဲ့ လေ့ကျင့်ခန်း ဆင်းခဲ့တုန်းက ပေါလ်ပေါ့ဘာ။

အပိုဆောင်း သတင်း

အက်စတွန်ဗီလာအသင်းဟာ ဖိလစ် ကော်တင်ဟိုကို အပြီးသတ် ခေါ် ယူလိုက်ပါပြီ။

အင်္ဂလန်ပရီးမီးယားလိဂ်မှ အက်စတွန်ဗီလာအသင်းဟာ အငှားခေါ်ယူထားတဲ့ ဘာစီလိုနာ ကွင်းလယ်တိုက်စစ်ကစားသမား ဖိလစ်ကော်တင်ဟိုကို ၄ နှစ်စာချုပ်နဲ့ အပြီးသတ် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ဘရာဇီးလ်သားဟာ လာလီဂါမှာရပ်တန့်နေခဲ့တဲ့ သူ့ရဲ့ကစားသမားဘဝ ပြန်လည်ရှင်သန်လာစေဖို့ မျှော်လင့်ထားတာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယာယီစာချုပ်နဲ့ ဘာကာကနေဗီလာအသင်းဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အခုနွေရာသီမှာတော့ ကော်တင်ဟိုဟာ ဗီလာအသင်းကို ၄ နှစ်စာချုပ်နဲ့ အပြီးသတ်ရောက်ရှိလာခဲ့ပါပြီ။

Philippe Coutinho Aston villa

အက်စတွန် ဗီလာအသင်းနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုလိုက်တဲ့ ဖိလစ်ကော်တင်ဟို။

ဗီလာအသင်း နည်းပြချုပ် စတီဗင်ဂျရတ်က

ဒါဟာ အက်စတွန်ဗီလာအတွက် တောက်ပတဲ့ခေါ်ယူမှုတစ်ခုပါ။ ဖီးလ်ဟာ ထိပ်တန်း ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်ပြီး ဇန်နဝါရီမှာ စတင်ဝင်ရောက်ကတည်းက အသင်းအပေါ် သူ့ရဲ့အကျိုးသက်ရောက်မှုက အရမ်းရှင်းလင်းခဲ့ပါတယ်။ သူ့ရဲ့ အတွေ့အကြုံကနေ ဂျူနီယာကစားသမားတွေအတွက် အကျိုးပြုနိုင်တဲ့ စံပြ ကစားသမားတစ်ဦးပါ။ လို့ မှတ်ချက်ပြုထားပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment