ဒီရာသီ မိနစ်အများဆုံး ကစားထားတဲ့ ချဲလ်ဆီးကစားသမား ၅ ဦး

Chelsea players
May 7, 2022

ဒီရာသီ အသင်းမှာ မိနစ်အများဆုံး ကစားထားတဲ့ ချဲလ်ဆီးကစားသမား ၅ ဦးအကြောင်း

ချဲလ်ဆီးကစားသမား‌ တွေဟာ ဒီအားကစား ရာသီ ပြိုင်ပွဲအများစုမှာ အရမ်းကို တက်တက်ကြွကြွ ရှိနေခဲ့ပါတယ်။ ဒီလို ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ ချဲလ်ဆီးအသင်း ဟာ ဒီနှစ် ဘောလုံးရာသီမှာ ဥရောပပွဲ အများဆုံးကစားထားတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ သူတို့ရဲ့ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေက ဒီရာသီ နည်းပြ သောမတ်စ်တူချယ်ရဲ့ အသင်းကို ပြိုင်ပွဲတစ်လျှောက် စုစုပေါင်း ၅၈ ပွဲ ပါဝင် ကစားခဲ့ပြီး ဒါဟာ အင်္ဂလိပ်အသင်းအတွက် အများဆုံးဖြစ်ပါတယ်။

အခုရာသီမှာ သူတို့ရဲ့  များပြားလှတဲ့ ပွဲတွေနဲ့အတူ ပထမ ပွဲထွက် အသင်းကစားသမားတချို့ဟာ ချယ်လ်ဆီးအသင်းရဲ့ ပြိုင်ပွဲအများစုမှာ ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။ ဒါကြောင့်မို့လို့  ဒီဆောင်းပါးကတော့  အခုလက်ရှိ ဘောလုံးရာသီမှာ မိနစ်အများဆုံး ကစားထားတဲ့ ချဲလ်ဆီးကစားသမား ၅ ဦးကို သုံးသပ်ဖော်ပြသွားမှာ ဖြစ်ပါတယ် ခင်ဗျ။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

မိနစ်အများဆုံး ကစားထားတဲ့ ချဲလ်ဆီးကစားသမား ၅ ဦး

၅။  စီဇာ အက်ဇပလီကွေတာ [ Cesar Azpilicueta ]

Cesar Azpilicueta

ချန်ပီယံစ်လိဂ်ဖလားအတူတွေ့ရတဲ့ အသင်းခေါင်းဆောင် စီဇာ အက်ဇပလီကွေတာ။

လက်ရှိ ချယ်လ်ဆီး အသင်းခေါင်းဆောင်ဟာ ချယ်လ်ဆီးအသင်းရဲ့ ပထမ ပွဲထွက်အသင်းမှာ အမြဲ တသမတ်တည်း ပါဝင်နေခဲ့ ပြီး ဒီရာသီမှာတော့ ထွေထွေထူးထူး ထောက်ပြစရာ ချွင်းချက်တော့ မရှိပါဘူး။ အက်ဇပလီကွေတာဟာ ဒီရာသီမှာ အသင်းရဲ့  အဓိက အခန်းကဏ္ဍကနေ ပါဝင်နေခဲ့တာကြောင့် ပွဲအများစုအတွက် ရွေးချယ်ခံခဲ့ရပြီး လက်တစ်ဆုပ်စာ နေရာတော်တော်များများမှာ ကစားခဲ့ပါတယ်။

စပိန်သားဟာ လန်ဒန်ကလပ်အတွက် ညာနောက်ခံလူ၊ ညာဗဟိုနောက်ခံလူ၊ ညာတောင်ပံနောက်ခံလူနဲ့ ဒီရာသီမှာ ဘယ်တောင်ပံနောက်ခံလူအဖြစ်တောင် အပြောင်းအလဲလုပ် ကစားခဲ့ပါတယ်။ အခုအချိန်အထိ အက်ဇပလီကွေတာဟာ လက်ရှိ ဘောလုံးရာသီမှာ တူချယ် အသင်းအတွက် ပွဲအများဆုံးကစားထားတဲ့ ချဲလ်ဆီးထိပ်တန်း အနည်းတွေထဲက တစ်ဦးဖြစ်ပါတယ်။။

စီဇာဟာ ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ စုစုပေါင်း ပွဲ ၄၀ ပွဲမှာ စုစုပေါင်း မိနစ်  ၃,၁၇၅ မိနစ် အထိ ကစားပေးထားပါတယ်။

၄။  သီယာဂိုဆေးလ်ဗား [ Thiago Silva ]

Thiago Silva

ဂိုးသွင်းအပြီး အောင်ပွဲခံနေတဲ့ နောက်ခံလူ သီယာဂို ဆေးလ်ဗား။

ဘရာဇီးလ်နောက်ခံလူဟာ အသက် ၃၇ နှစ်အရွယ် ရှိနေပြီဖြစ်ပေမယ်  ဒီရာသီမှာ ပြိုင်ပွဲတိုင်းနီးပါး ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ သီယာဂိုရဲ့  တည်ရှိမှုနဲ့ အတွေ့အကြုံရှိမှုတွေက အခုရာသီမှာ အမှားတွေကြုံရလေ့ရှိတဲ့ ချဲလ်ဆီးနောက်ခံလူတွေရဲ့  အဓိက ခွန်အား အရင်းအမြစ်တစ်ခု ဖြစ်နေပါတယ်။ သူ့ရဲ့ ဘောလုံးကစားနိုင်စွမ်းဟာ နောက်တန်းကနေ ရုန်းထွက်ကစားရင်းနဲ့ ခံစစ်ကနေ တစ်ဖက်အသင်းကို ဖိအားပေး တိုက်စစ်ဆင်တဲ့ အသွင် လမ်းကြောင်းပြောင်းတဲ့အချိန်မှာ လန်ဒန်အသင်းအတွက် အကြီးအကျယ် အားကိုးရတဲ့ ကစားသမားတစ်ဦးပါပဲ။

 

ဆေးလ်ဗားဟာ ချဲလ်ဆီးအသင်းရဲ့ နောက်တန်းခံစစ် ၃ ဦး အသွင်ကို ပြောင်းလာပြီးနောက် သူကိုယ်တိုင် ဖန်တီးထားတဲ့ အနေအထားမှာ တူချယ်အတွက် ဗဟိုခံစစ်မှာ အားထားရတဲ့ အဓိက ကစားသမား ဖြစ်ပါတယ်။ သူဟာ အခုရာသီမှာ ပြိုင်ပွဲစုံ စုစုပေါင်း ၄၃ ပွဲ ကစားထားပြီး မိနစ်အနေနဲ့ စုစုပေါင်း ၃,၃၁၇ မိနစ် မှတ်တမ်းတင်ထားပါတယ်။

၃။  မေဆင် မောင့်ထ် [ Mason Mount ]

Mason Mount

နော့ဝှစ်ရှ်အသင်းကို ဟတ်ထရစ်သွင်းယူပြီး အောင်ပွဲခံနေတဲ့ မေဆင်မောင့်ထ် ။

တိုက်စစ်မှူး မေဆင်မောင့်ထ်ဟာ ချဲလ်ဆီးအသင်းရဲ့  ဒီရာသီအကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပြီး ချဲလ်ဆီးအသင်းအတွက် ပုံမှန် ပွဲထွက်ခွင့်ရတဲ့ နောက်ထပ်တစ်သမတ်တည်း ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ မောင့်ထ်ဟာ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းတလျှောက် နေရာတိုင်းလိုလိုမှာ အမြဲ ပါဝင်နေသူ ဖြစ်ပါတယ်။ သူအနေနဲ့ ကွင်းလယ်မှာလည်း ကစားခဲ့ဖူးပြီး ကစားသမားကောင်းတစ်ဦးအနေနဲ့  စွယ်စုံရကြောင်း ပြသခဲ့တာပါ။

 

တိုက်စစ်ကစားသမားဟာ ဒီရာသီ ချဲလ်ဆီးအသင်းအတွက် ဂိုးအများဆုံးသွင်းသူ (၁၀) ဂိုး၊ ဂိုးဖန်တီးမှု အများဆုံး (၁၅) ကြိမ်နဲ့ တခြားအခွင့်အရေး အများကြီး ဖန်တီးမှုတွေ အပါအဝင်နဲ့ အသင်းရဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ကစားသမားဟာ အခုအချိန်အထိ လန်ဒန်ကလပ်အတွက် ပြိုင်ပွဲစုံ စုစုပေါင်း ၄၈ ပွဲ ကစားထားပြီး  ပွဲကစားချိန်အနေနဲ့  ၃,၃၇၇ မိနစ်အထိ ကစားပေးထားပါတယ်။

၂။  အက်ဒဝါ့ဒ် မန်ဒီ  [ Edouard Mendy ]

Edouard Mendy

လက်စွမ်းပြနေတဲ့ ဂိုးသမား အက်ဒဝါ့ဒ် မန်ဒီ။

ဆီနီဂေါ လက်ရွေးစင် ဂိုးသမားဟာ ဒီရာသီ ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံမှာ အလွန် တည်ငြိမ်တဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ပထမအသင်း ပွဲထွက် ဂိုးသမားဖြစ်တဲ့ အက်ဒဝါ့ဒ် မန်ဒီဟာ လန်ဒန်ကလပ်အတွက် အမြဲတမ်း ပေးဆပ်ဖို့အသင့်ရှိနေတဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။ သူ့အနေအထားက ပွဲတစ်ပွဲအတွင်းမှာ လူစားလဲခံရဖို့ မဖြစ်နိုင်သလောက်ဖြစ်တာကြောင့် သူ့အတွက် မိနစ် ၉၀ လောက် ပုံမှန်ကစားခွင့်ရဖို့ အမြဲတမ်း အာမခံချက် ရှိနေပါတယ်။

ဇန်န၀ါရီလတုန်းက ဆီနီဂေါအသင်းနဲ့ AFCON ပြိုင်ပွဲကြောင့် ကလပ်အသင်းနဲ့ ရက်သတ္တပတ် အနည်းငယ် လွဲချော်ခဲ့ပေမယ့် မန်ဒီဟာ ချယ်လ်ဆီးအသင်းအတွက် ပွဲစဥ် အရေအတွက် အများဆုံးကစားထားတဲ့ ကစားသမားတစ်ဦးအဖြစ် ရှိနေဆဲပါပဲ။ ဂိုးသမား မန်ဒီဟာ ဒီရာသီမှာ တူချယ်ရဲ့ ချဲလ်ဆီးအသင်းအတွက် ပွဲပေါင်း ၄၃ ပွဲ ပါဝင်ကစားထားပြီး ပွဲကစားချိန်အနေနဲ့  စုစုပေါင်း ၃,၉၂၈ မိနစ်အထိ ကစားပေးထားပါတယ်။

၁။  အန်တိုနီယို ရူဒီဂါ [ Antonio Rudiger ]

Antonio Rudiger

အသင်းအတွက် ဂိုးသွင်းအပြီး အောင်ပွဲခံနေတဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါ။

ဥရောပချန်ပီယံတွေအတွက် ဒီရာသီ ပွဲတွေ အများကြီး၊ မိနစ်အများကြီး ကစားထားတဲ့ နောက်ထပ်  ချဲလ်ဆီးကစားသမား တစ်ဦးကတော့ နောက်ခံလူ အန်တိုနီယိုရူဒီဂါ ပဲ ဖြစ်ပါတယ်။ ဂျာမန်နောက်ခံလူဟာ ဒီရာသီမှာ ချဲလ်ဆီးအသင်းအတွက် တစ်ပတ်တာ ခံစစ်မှာ အမြဲလိုလို တသမတ်တည်း ပါဝင်နေတာကြောင့် ကလပ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးလို့ ဆိုရပါမယ်။

ရူဒီဂါဟာ ဥရောပချန်ပီယံတွေအတွက် ဘယ်ဗဟိုနောက်ခံနေရာမှာ အလွန်သြဇာညောင်းသူဖြစ်ပြီး ချယ်လ်ဆီးအသင်းနောက်ခံလူတိုင်း သူ့ကို အရန်ခုံဆီ တွန်းပို့နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဂျာမနီ လက်ရွေဂစင်ဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် စုစုပေါင်း ပြိုင်ပွဲစုံ ၄၇ ပွဲအထိ ကစားထားပြီး ပွဲကစားချိန်အနေနဲ့  ၄,၂၃၀ မိနစ်အထိ ကစားထားပါတယ်။ ဒါ့အပြင် နောက်ခံလူ ရူဒီဂါဟာ  ကလပ်အသင်းရဲ့ ပွဲကစားချိန်အများဆုံးနဲ့ အရေးပါဆုံး ကစားသမားတစ်ဦးအဖြစ် မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment