ဒီနေ့ည ထရွိုင်းစ်နဲ့ပွဲမှာ Lionel Messi ပါလာမှာလား?

Lionel Messi in training
May 8, 2022

ဒီနေ့ည ကစားမယ့် PSG - ထရွိုင်းစ်နဲ့ပွဲမှာ လီယွန်နယ် မက်ဆီ ပါဝင်ကစားမှာလား?

Lionel Messi [လီယွန်နယ်မက်ဆီ] ရဲ့  ပါဝင်နိုင်မှုမှာ မေလ ၈ ရက် တနင်္ဂနွေနေ့ကစားမယ့် Troyes အသင်းနဲ့  လီဂူးဝမ်းပွဲမတိုင်မီ PSG အသင်းအတွက် အဓိက သံသယဖြစ်ဖွယ်ဖြစ်နေပါတယ်။ ပြင်သစ် ကလပ်ရဲ့ တရားဝင် ဆေးဘက်ဆိုင်ရာ အပ်ဒိတ်သတင်းများအရ အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးဟာ မကြာသေးခင်းက သူ့ရဲ့ နံရိုးပြဿနာကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒါပေမယ့် ဒီနေ့မနက်မှာတော့ အသင်းရဲ့ လူစာရင်းမှာ   Lionel Messi [မက်ဆီ] ကို စာရင်း ထည့်သွင်းထားပြီး ဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာအပ်ဒိတ်မှာ အခုလို ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ –

လီယိုမက်ဆီဟာ နံရိုးနာကျင်ပြီးနောက် တစ်ဦးချင်း လေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။ နောက်ထပ် ပြန်လည်သုံးသပ်မှုကို ဆက်လက်ပြီး ပြုလုပ်သွားမှာဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo Code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

တကယ်လို့ လီယွန်နယ်မက်ဆီဟာ ထရွိုင်းစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ လုံလောက်တယ်လို့ မှတ်ယူနိုင်ပေမယ့် တွန်းတွန်းတိုက်တိုက်၊ အကြိတ်အနယ် ကစားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ ဒီလို အခြေအနေမျိုးမှာ လီယွန်နယ်မက်ဆီဟာ  ကီလီယန် အမ်ပါပေ၊ နေမာတို့နဲ့အတူ တိုက်စစ်ပိုင်းမှာ ပူးပေါင်းသွားမှာ ဖြစ်ပြီး ပထမပွဲထွက် လူစာရင်း ဒါမှမဟုတ်  အရန်ခုံမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နည်းပြ မော်ရီစီယို ပိုချက်တီနိုဟာ တိုက်စစ်မှူး မက်ဆီရဲ့ ကြံ့ခိုင်မှုကို စွန့်စားဖို့ မက်လုံးမရှိပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က လန်းစ်အသင်းနဲ့ ၁-၁ ဂိုစီ သရေကျခဲ့တဲ့ပွဲမှာအာဂျင်တီးနား လက်‌ရွေးစင် တိုက်စစ်မှူးဟာ  အံ့အားသင့်ဖွယ် အကွာအဝေးကနေ အဝေးသွင်းဂိုးကို လှလှပပ သွင်းယူခဲ့ပြီးနောက် သူ့ရဲ့  PSG အသင်းဟာ လီဂူး 1 ချန်ပီယံဆုကို စောစီးစွာ ရယူနိုင်ခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် လီယွန်နယ်မက်ဆီအနေနဲ့ ပြီးခဲ့တဲ့ ရာသီက စထရက်စဘတ်အသင်းနဲ့  ပွဲမှာ အကြိတ်အနယ် ကစားခဲ့ရတာကို မှတ်မိနေဦးမှာပါ။ ပါရီအသင်းကြီးတွေဟာ ၃-၃ ဂိုးနဲ့ သရေကျခဲ့ပေမယ့် အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ အဲဒီပွဲမှာ သွင်းဂိုးတစ်ဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။

တိုက်စစ်မှူး လီယွန်နယ်မက်ဆီ ရဲ့ PSG ပထမဆုံးရာသီက အစီအစဉ်အတိုင်း မဖြစ်သေးပါဘူး။

Lionel Messi in training

ပီအက်စ်ဂျီအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတဲ့ လီယွန်နယ် မက်ဆီ။

ကျောနံပါတ် ၃၀ ကစားသမား လီယွန်နယ်မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပဲရစ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင်ဆီကနေ အများကြီး မျှော်လင့်ထားခဲ့ပေမယ့် ပြင်သစ်မှာ ကစား‌နေတဲ့ ဒီရာသီဟာ သူ့အတွက် အတော်လေးဆိုးရွားခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူးဟောင်းဟာ PSG အတွက် ပြိုင်ပွဲစုံ ၃၁ ပွဲကစားပြီး ၉ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ထားပါတယ်။ ဒါပေမယ့် မက်ဆီ ဟာ ဒီရာသီ လီဂူး 1 မှာ ၄ ဂိုး သာ သွင်းထားယူ နိုင်ခဲ့ ပါတယ် ။

လက်ရှိမှာတော့ လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ထက်မြက်မှုကိုတော့  ခဏခဏ ပြသခဲ့ပါတယ်။ Ballon d’Or ခုနစ်ကြိမ်ဆုရှင်ဟာ ပြင်သစ်လိဂ်မှာ စ, တင် ကစားချိန်ကနေ အခုထိ သီးခြားအချိန်နှစ်ခုမှာ ဟက်ထရစ်ဖန်တီးမှုတွေ ပြုလုပ်ထားပါတယ်။ အခုအချိန်မှာ တိုက်စစ်မှူးရဲ့  PSG စာချုပ်မှာ နောက်ထပ် တစ်နှစ်ကျန်ရှိနေသေးပြီး ဒါကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိနေတယ်လို့ ပြောရကျိုးနပ်မှာပါ။ ကတ်တလန်အသင်း စူပါစတားဟောင်းဟာ ပြင်သစ်လိဂ်မှာ အတွေ့အကြုံ တစ်နှစ်ရှိတာကြောင့် လာမယ့် ၂၀၂၂-၂၃ ရာသီမှာ ပိုကောင်းတဲ့ အချိန်တွေကို မျှော်လင့်နေမှာပါ။

PSG VS TROYES

PSG vs Troyes

ထရွိုင်းစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်း နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဥ်က။

PSG အသင်းဟာ ၂၀၂၁-၂၂ လီဂူး 1 ရာသီ အဖွင့်နေ့မှာ ထရွိုင်းစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ပြီး အဲ့ဒီ့အချိန်မှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အာရှရာ့ဖ် ဟာကီးမီးနဲ့ မော်ရို အီကာဒီတို့ရဲ့ သွင်းဂိုးတွေဟာ ပဲရစ်သားတွေအတွက် လုံလောက်တဲ့ သွင်းဂိုးတွေဖြစ်ခဲ့ပြီး အဲဒီ့ပွဲစဉ်မှာ သုံးမှတ်စလုံး ရယူနိုင်ခဲ့ပါတယ်။ အဲ့အချိန်တုန်းက လီယွန်နယ်မက်ဆီဟာ ပီအက်စ်ဂျီ ကစားသမားအဖြစ် မကြေညာရသေးတာ ဖြစ်တဲ့အတွက် ပွဲစဥ် မပါဝင်နိုင်ခဲ့ပါဘူး။

ဒီနှစ်သင်းကြား ပြိုင်ဆိုင်မှုဟာ အခုဆိုရင် ပွဲစဥ် ၃၀ ကြိမ်မြောက်ထိ ရောက်ရှိလာခဲ့ပါပြီ။ ပဲရစ်စိန့်ဂျာမိန်းအသင်းနဲ့ ထရွိုင်းစ်အသင်းတို့ အရင်က စုစုပေါင်း ၂၉ ကြိမ်ထိ ရင်ဆိုင်ကစားခဲ့ဖူးပြီး Les Parisiens [ ပဲရစ်သား ] တွေက ၁၉ ပွဲနိုင်၊ ၆ ပွဲသရေနဲ့ ၄ ပွဲသာ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ ပဲရစ်သားတွေရဲ့ ၁၇ ပွဲဆက်တိုက် ရှုံးပွဲမရှိမှတ်တမ်းမှာ ၁၅ ပွဲနိုင်နဲ့ ၂ ပွဲ သရေ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ ထရွိုင်းစ်အသင်းကို နောက်ဆုံးရှုံးပွဲကတော့ ၂၀၀၁ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့ ထရွိုင်းစ်အိမ်ကွင်းမှာ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ညကန်မယ့် လီဂူး 1 ပွဲစဥ်မှာရော ပီအက်စ်ဂျီအသင်းကပဲ ဆက်ပြီး အနိုင်ရဦးမှာလားဆိုတာ ကြည့်ရှုအားပေးရမှာ ဖြစ်ပါတယ် ခင်ဗျ။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment