Sadio Mane ရဲ့ အပြောင်းအရွှေ့

Sadio Mane Liverpool
May 11, 2022

Sadio Mane [ ဆာဒီယို မာနေး ] သာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့မယ်ဆိုရင်

သူ့အနေနဲ့ ရုန်းကန်ရလိမ့်မယ်လို့ ဂျေမီကာရေဂါက ပြောကြားခဲ့ပါတယ်။

Sadio Mane [ ဆာဒီယို မာနေး ] ဟာ အင်္ဂါနေ့ညက အက်စတွန်ဗီလာအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ လီဗာပူးလ်အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါနဲ့ ပတ်သက်ပြီး နည်းပြ ယာဂင်ကလော့ပ်က ဆီနီဂေါတောင်ပံကစားသမားအား ‘ဂိုးသွင်းစက်‘ အဖြစ်ဖော်ပြခဲ့ပါတယ်။ ဆာဒီယို မာနေးဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး၂၂ ဂိုးအထိ သွင်းယူထားပါတယ်။

ဆီနီဂေါသားဟာ Villa Park [ အက်စတွန်ဗီလာ အိမ်ကွင်း ] မှာ အနိုင်ရတဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲတုန်းက ခြေစွမ်းတွေ ပြခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်နဲ့ ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။

အဲ့ဒီနောက် လီဗာပူးလ် ကစားသမားဟောင်း  ဂျေမီကာရေဂါက “ ကျွန်တော်တို့အနေနဲ့ ဆာဒီယို မာ‌နေးကို ဆက်ထိန်းထားဖို့ လိုလိမ့်မယ် ” လို့ ပြောကြားခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

စီနီဂေါ လက်ရွေးစင် ကစားသမား မာနေးဟာ အင်္ဂါနေ့ညက ဗီလာပါ့ခ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လီဗာပူးလ်အတွက် အရေးပါတဲ့ ရလဒ်တစ်ခုကို အပြီးသတ်ဖို့ လှပလွန်းတဲ့ ခေါင်းတိုက်သွင်းဂိုးကိုဖန်တီးနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းအတွက် ပထမချေပဂိုးကို နောက်ခံလူ ဂျိုးမာတစ်က ပွဲကစားချိန် ၆ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲကစားချိန် ၆၅ မိနစ်မှာတော့ မာနေးဟာ  လူးဝစ်ဒီယက်ဇ်ရဲ့ ဖြတ်တင်ချက်ကို ခေါင်းတိုက်ချက်နဲ့ အနိုင်ဂိုးအဖြစ် ပြောင်း‌လဲပေးနိုင်ခဲ့ပါတယ်။ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ၁ ပွဲပိုနဲ့ လက်ရှိအချိန်မှာ အမှတ်ပေးဇယားထိပ်က မန်စီးတီးအသင်းနဲ့ အမှတ်တူနေပြီ ဖြစ်ပါတယ်။

ကာရေဂါဟာ မာနေးကို လီဗာပူးလ်အသင်းမှာ သူ့ရဲ့ “အကြိုက်ဆုံးကစားသမား” လို့  ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် အသက် ၃၀ အရွယ်  အီဂျစ် တိုက်စစ်မှူး မိုဟာမက်ဆာလက်လိုပဲ လီဗာပူးလ် ကံကြမ္မာအတွက် အရေးကြီးတဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

Sadio Mane Liverpool

အက်စတွန်ဗီလာဘက်ကို ဂိုးသွင်းအပြီး အသင်းဖော်တွေနဲ့ အောင်ပွဲခံနေတဲ့ ဆာဒီယို ‌မာနေး။

ဂျေမီကာရေဂါ က “ကျွန်တော် လီဗာပူးလ်ကို ပရိသတ်တစ်ယောက်အနေနဲ့ ကြည့်ဖူးတုန်းက ဆာဒီယို မာနေးက ကျွန်တော့်ရဲ့ အကြိုက်ဆုံး ကစားသမားပါ။  မာနေး နဲ့ ပတ်သတ်ပြီး တစ်ခုခုတော့ ရှိပါတယ်။ သူဟာ ရံဖန်ရံခါ သူ့ကိုယ်သူ စတေးပြီး အပြောင်းအလဲတွေ လုပ်တတ်ပါတယ်။ ” လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟောင်း ဂျေမီကာရေဂါက

ဆာလက်နဲ့အတူ ငါးနှစ်ကြာအောင် လုပ်ခဲ့တာပါ၊ သူတို့ ဘယ်တော့မှ ဒဏ်ရာမရကြပါဘူး။ သူတို့က အဲဒီမှာ အပတ်တိုင်း မိနစ် ၉၀ လောက် ကစားပြီး အပတ်တိုင်း စွမ်းဆောင်ရည်တွေ၊ သွင်းဂိုးတွေ၊ တက်လာတယ်။ ဒီဘောလုံးကလပ်အတွက် သူတို့ လုပ်ခဲ့တာတွေက မယုံနိုင်စရာပါပဲ။  ကျွန်တော်က ဆာဒီယိုမာနေးရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး သူ့ကို ဘိုင်ယန်မြူးနစ်ကို သွားခွင့်မပြုတာကြောင့် သူဘယ်ကိုမှ သွားမှာမဟုတ်ဘူးလို့ အာမခံနိုင်ပါတယ်။

သူ့ကို ကျွန်တော် သဘောကျပါတယ်။ လုံးဝကို သဘောကျပါတယ်။ ပြီးတော့ သူက ကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ လီဗာပူးအတွက် သူလုပ်ပေးခဲ့တာတွေကြောင့်တော့ မဟုတ်ပါဘူး။ အစပိုင်းမှာတော့ သူဟာ ညာတောင်ပံတိုက်စစ် ကစားသမားဖြစ်ပြီး မိုဆာလာရောက်လာတော့ သူဘယ်တောင်ပံကို ပြောင်းရွှေ့ကစားခဲ့ပြီး အခုနောက်ဆုံး ဘယ်တောင်ပံကို ဒီယက်စ်ရောက်လာတော့ ဗဟို တိုက်စစ်မှူးနေရာမှာ ပြောင်းရွှေ့ကစားနေတာ ဖြစ်ပါတယ်။ လို့ မှတ်ချက် ပြုထားပါတယ်။

ကာရေဂါက

တိုက်စစ်မှူး မာနေးက တခြားတစ်ယောက်အတွက် အမြဲတမ်း အရွှေ့အပြောင်း လုပ်ပေးနေပေမယ့်  သူ့ရဲ့  စွမ်းဆောင်ရည်က ဘယ်တော့မှ ကျဆင်းမသွားပါဘူး။ လို့ ထပ်လောင်း  ‌ပြောကြားခဲ့ပါတယ်။

ဗီလာပါ့ခ်မှာ အနိုင်ဂိုးသွင်းခဲ့တဲ့ မာနေးရဲ့  ဂိုးဟာ ပြိုင်ပွဲအရပ်ရပ်မှာ ၂၂ ဂိုးမြောက် သွင်းဂိုးဖြစ်ပြီး ပရီးမီးယားလိဂ်မှာ သူ့ရဲ့ ၁၅ ဂိုးမြောက်ဖြစ်ပါတယ်။ ဆီနီဂေါလက်ရွေးစင်ကစားသမားဟာ ဒီရာသီမှာ လီဗာပူးလ်ရဲ့ ဒုတိယဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဂျိုတာကို ကျော်ဖြတ်ကာ ဆာလက်ရဲ့ နောက်မှာ ရပ်တည်နေပါတယ်။

Sadio Mane Liverpool

၂၀၁၉ ခုနှစ် ချန်ပီယံစ်လိဂ်ဖလားနဲ့ အောင်ပွဲခံနေတဲ့ တိုက်စစ်မှူး မာနေး။

ဆာဒီယို မာနေး -  ကျွန်တော် လီဗာပူးလ်မှာ ပျော်ပါတယ်။

ဆောက်သမ်တန် ကစားသမားဟောင်းဟာ သူ့ရဲ့ကိုယ်ပိုင်အနာဂတ်အကြောင်း အတိအကျ မပြောခဲ့ပေမယ့် အထူးသဖြင့် သူလက်ရှိကစားနေတဲ့အသင်းမှာ ဆုဖလားတွေ ဆက်လက်ရယူနေချိန် ကလပ်မှာ ပျော်ရွှင်နေတယ်ဆိုတာကို ဖွင့်ဟခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ ဆောက်သမ်တန်အသင်းကနေ လီဗာပူးလ်အသင်းကို ရောက်ရှိလာပြီးကတည်းက ဆုဖလားကြီး ၅ ခု ရရှိထားခဲ့တဲ့ မာနေးဟာ ဒီရာသီကုန်ရင်တော့ အသင်းနဲ့ သူ့ရဲ့ စာချုပ်သက်တမ်းက တစ်နှစ်သာ ကျန်ရှိပါတော့တယ်။ ဒါပေမယ့် လက်ရှိရာသီကို နောက်ထပ် ဆုဖလား (၃)လုံး နဲ့ အဆုံးသတ်နိုင်ဖွယ် ရှိနေပါတယ်။

ဗဟိုတိုက်စစ်မှူးက

ကျွန်တော်က အချိန်တိုင်းကို ပျော်ရွှင်ဖို့ ကြိုးစားနေပြီး အသင်းဖော်တွေအတွက် ဂိုးသွင်းပြီး ကူညီပေးဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ ဆုဖလားတွေ ဆွတ်ခူးနိုင်တဲ့အခါ ပိုပျော်ပါတယ်။ ”  လို့ မာနေး က Sky Sports သို့ ပြောကြားခဲ့ပါတယ်။

ဗီလာနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ သူ့ရဲ့ဂိုးနဲ့ ပတ်သက်ပြီး မာနေးက ဒီယက်ဇ်ရဲ့ ဖြတ်တင်ချက်က တော်တော်လေး ကောင်းခဲ့ပါတယ်။ ကျွန်တော်က ဂိုးဧရိယာရဲ့ ၆ ကိုက်စည်းနားလေးမှာ ရှိနေခဲ့တာပါ။ ဆိုတော့ သူ့ဆီကလာတဲ့ ဘောလုံးကို သာသာယာယာ သွင်းယူလိုက်ရုံပါပဲ။ အင်အားမရှိရင်တောင်မှ ဂိုးသွင်းလေ့ရှိတာကြောင့် အဲ့လိုဂိုးထပ်သွင်းဖို့ ကြိုးစားခဲ့တာပါ။ ”  လို့ပြောသွားခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment