Mane [ မာနေး ]ကို ခေါ်ယူလိုက်တဲ့ ဘိုင်ယန်။

ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူးလ်အသင်းက Sadio Mane [ ဆာဒီယိုမာနေး ] ကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ Mane [ ဆာဒီယိုမာနေး ] ဟာ လီဗာပူးလ်အသင်းကနေ ဘိုင်ယန်မြူးနစ်ကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ ဂျာမန်ချန်ပီယံအသင်းက ယူရို ၄၁ သန်းထိ ကုန်ကျမှုနဲ့ အပြီးသတ် သဘောတူညီမှု ရရှိသွားတာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဆာဒီယို မာနေးဟာ ဘွန်ဒက်လီဂါချန်ပီယံအသင်းနဲ့ ၂၀၂၅ ခုနှစ်ထိ သုံးနှစ်စာချုပ် ချုပ်ဆိုထားပါတယ်။ ဆီနီဂေါတိုက်စစ်မှူးဟာ ဘိုင်ယန်မြူးနစ်အသင်းဆီကနေ ကမ်းလှမ်းမှုများအများအပြားရှိခဲ့ပေမယ့် လီဗာပူးလ်အသင်းဘက်က ဆက်လက်ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ လီဗာပူးလ်အသင်းက ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီး မာနေးကို