Erling Haaland ဘာကြောင့် မန်စီးတီးကို ရွေးချယ်ခဲ့တာလဲ?

Erling Haaland to Man City
July 11, 2022

မန်စီးတီးကို ရွေးချယ်ဖို့ Erling Haaland ဟာ မက်ဒရစ်နဲ့ ဘာကာကို ငြင်းပယ်ခဲ့ပါတယ်။

Erling Haaland [ အယ်လိန်း ဟာလန်း ] ဟာ သူ့ကို ခေါ်ယူချင်ခဲ့တဲ့ ရီးယဲလ် မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ကို ငြင်းပယ်ခဲ့ပြီး မန်ချက်စတာ စီးတီးအသင်းနဲ့ သဘောတူ စာချုပ်ချုပ်ဆိုပြီး လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီလို မန်ချက်စတာ စီးတီးအသင်းကို ရွေးချယ်လိုက်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး Erling Haaland [ အယ်လိန်း ဟာလန်း ] က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ နော်ဝေး ကြယ်ပွင့်ဟာ ဒီနှစ် နွေရာသီ အပြောင်း‌အရွှေ့ ကာလမှာ ထိပ်တန်း အသင်းတိုင်းနီးပါးက အလိုရှိတဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အသင်းတိုင်းက အလိုရှိနေခဲ့တဲ့ Erling Haaland [ ဟာလန်း ]

ဥရောပရှိ ထိပ်တန်း ကလပ်တိုင်းနီးပါးက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ မန်ချက်စတာ စီးတီး၊ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ကသာ ၂၀၂၂ ခုနှစ်မှာ အဓိက ပြိုင်ဘက် သုံးသင်းအနေနဲ့ ရှိနေခဲ့ပါတယ်။

နောက်ဆုံး ဒီနှစ် နွေရာသီမှာတော့ ဟာလန်းဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုဖို့ သဘောတူညီခဲ့ပါတယ်။ အင်္ဂလန် ချန်ပံယံအသင်းဟာ ကစားသမားရဲ့ အပြောင်းအရွှေ့ စာချုပ်အတွက် ‌ဒေါ့မွန်အသင်းကို  ယူရို သန်း ၆၀ ပေးချေခဲ့ရပါတယ်။

Erling Haaland at Man City till 2027 (1)

မန်စီးတီးအသင်းမှာ အရင်ကတည်းက ပါဝင်ကစားချင်ခဲ့တယ်ဆိုတဲ့ ဟာလန်း။

ဒါဆို Erling Haaland [ အယ်လိန်း ဟာလန်း ] က ဘာကြောင့် မန်စီးတီးကို ရောက်သွားတာလဲ?

မန်စီးတီးအသင်းကို ရွေးချယ်လိုက်တာနဲ့ ပတ်သက်ပြီး တိုက်စစ်မှူး ဟာလန်းက

“ ကျွန်တော်က ဒီအသင်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုထားတာကြောင့် ဒီမှာ ကလပ်အသင်းနဲ့ လက်တွဲပြီး စ,တင် အလုပ်လုပ် ရမှာပါ။ ” လို့  တနင်္ဂနွေနေ့ မန်စီးတီးအသင်း ပရိတ်သတ်တွေရှေ့ မိတ်ဆက် ပြသချိန်မှာ အခုလို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ”

“နောက်ဆုံးတော့ ကျွန်တော့် ရင်ထဲက ခံစားချက်၊ သူတို့ ကစားပုံနဲ့ အရာအားလုံးဟာ မန်စီးတီးအတွက် ခံစားချက်ပဲ ရှိခဲ့ပါတယ်။ ” လို့ ပြောထားပါတယ်။

မန်စီးတီးကို ပြောင်းချင်ရတဲ့ သူ့ရဲ့ ဆန္ဒ

“မနှစ်တုန်းက သူတို့နဲ့တွေ့တဲ့ပွဲမှာဆို တီဗီမှာ ကြည့်ရတာနဲ့ လုံးဝမတူဘူး။ ၂၅ မိနစ် ကြာတဲ့အထိကို ကျွန်တော် ဘောလုံး မထိခဲ့ရဘူး။ ကွင်းလယ်လူ ဂန်ဒိုဂန်ကို ကျေးဇူးပြုပြီး တီကီ-တာကာ ကစားတာကို ရပ်ပေးပါလို့ ပြောရမလိုပါပဲ။ သူတို့ ကစားပုံက မတူညီတဲ့ အဆင့် တစ်ခုဖြစ်ပြီး သူတို့နဲ့အတူ အသင်းမှာ ပါဝင် ကစားချင်ခဲ့တာပါ။ ”

“ဒီမှာ လူငယ် ကစားသမားကောင်းတွေက ကျွန်တော်နဲ့ ဖီးလ် ဖိုဒန်ပဲ မဟုတ်ပါဘူး။ နောက်ထပ် ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ မန်စီးတီးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နေပြီ ဖြစ်သလို နောက်ထပ် ကြီးမားတဲ့ အလားအလာတွေလည်း ရှိနေပါသေးတယ်။ ”

Erling Haaland against Man City

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မန်စီးတီးနဲ့ တွေ့ခဲ့စဥ်က တိုက်စစ်မှူး ဟာလန်းနဲ့ ဖီးလ် ဖိုဒန်။

“အဲဒါက တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ။ ချန်ပီယံလိဂ်ပြိုင်ပွဲက ကျွန်တော့်ရဲ့ အကြိုက်ဆုံး ပြိုင်ဆိုင်မှုလို့ ကျွန်တော် အရင်က ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် ခင်ဗျားတို့ရဲ့ ပစ်မှတ် မေးခွန်းမှာ  အဖြေရှိပြီးသား ဖြစ်မှာပါ။ ” လို့ တိုက်စစ်မှူးက ထပ်လောင်း ပြောကြားသွားတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး လိုအပ်ချက်

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံအသင်းဟာ ပြီးခဲ့တဲ့ နောက်ဆုံး ၅ ရာသီအတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို ၄ ကြိမ်အထိ ဆွတ်ခူးထားနိုင်ပါတယ်။ အင်္ဂလန် ချန်ပီယံအသင်းဟာ ဆာဂျီယို အဂွဲရိုး ထွက်သွားပြီးနောက် ပြီးခဲ့တဲ့ရာသီမှာ တိုက်စစ်မှူးစစ်စစ်မရှိဘဲ ကွင်းလယ် တိုက်စစ်တွေ၊ တောင်ပံတိုက်စစ်တွေကို အားပြုပြီး ယှဥ်ပြိုင်ကစားခဲ့ရပါတယ်။

အယ်လိန်း ဟာလန်းဟာ ဒီပြဿနာကို ပေလည်နိုင်စေမယ့် ကစားသမား တစ်ဦး‌ဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်စီးတီး ကွင်းလယ်လူဟောင်း အယ်လ်ဖီ ဟာလန်းရဲ့ သား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၃၀ ကို ၂၉ ဂိုး သွင်းယူခဲ့ပြီး ပျဥ်းမျှအနေနဲ့ ၈၂ မိနစ်အတိုင်း ၁ ဂိုး သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။

သူ့ရဲ့ ဂိုးသွင်းနှုန်းက မန်စီးတီးအသင်းရဲ့ ဂိုးဖန်တီးရှင်တွေနဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့ ဒီရာသီ မန်စီးတီးအသင်းရဲ့ ကစားပုံ တော်တော်လေး ကြည့်ကောင်းမှာ သေချာပါတယ်။

Erling Haaland at Norway National Team

နော်ဝေးတိုက်စစ်မှူး ဟာလန်း။

ဒေါ့မွန်အသင်းမှာ Erling Haaland [ ဟာလန်း ] ရဲ့ စွမ်းဆောင်ရည်များ

တိုက်စစ်မှူး ဟာလန်းဟာ ဒေါ့မွန်အသင်းကို  ‌‌၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ရတ်ဘူးလ် ဆဲလ်ဘတ်အသင်းကနေ ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ နဲ့ ရောက်ရှိလာခဲ့ပါတယ်။ နော်ဝေးလက်ရွေးစင် ကစားသမားဟာ ဒေါ့မွန်အသင်းမှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ ၂ နှစ်ခွဲကာလနီးပါး ကစားခဲ့ပါတယ်။

ဒီ နှစ်နှစ်ခွဲတာ ကာလမှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၈၉ ပွဲကစားကာ သွင်းဂိုးပေါင်း ၈၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူးဟာ ဒေါ့မွန်အသင်းနဲ့အတူ ဂျာမန်ပိုကယ် ဆုဖလားတစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment