Chelsea ကနေ ထွက်ခွာသွားရဖွယ်ရှိနေတဲ့ ကစားသမားများ

Chelsea winger - Hakim Ziyech
June 30, 2022

ကစားသမားအသစ်တွေ ခေါ်ယူပြီးတာနဲ့ ရောင်းချခံရနိုင်တဲ့ Chelsea [ ချဲလ်ဆီး ] ကစားသမားများ

Chelsea [ ချဲလ်ဆီး ] အသင်းဟာ လိဒ်အသင်းရဲ့ ဘရာဇီးလ်တောင်ပံတိုက်စစ်ကစားသမား ရာဖင်ညာကို ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ အလားတူ မန်စီးတီး တောင်ပံတိုက်စစ် ရာဟင်း စတာလင်ကိုလည်း ခေါ်ယူနိုင်တော့မှာ ဖြစ်ပေမယ့် ချဲလ်ဆီး ကစားသမားတိုင်းကတော့ ပျော်ရွှင်ဝမ်းမြောက်ပြီး အောင်ပွဲခံကြမှာ မဟုတ်ပါဘူး။

ချဲလ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့နောက် အမှတ်ကွာခြားချက်တွေကို ကျော်ဖြတ်ဖို့ စိတ်အားထက်သန်နေပါတယ်။ အခုချိန်မှာ အသင်းကို ပိုင်ရှင်သစ် တော့ဒ် ဘိုလီရဲ့ လွှဲပြောင်းရယူမှု အပြီးသတ်သွားတာကြောင့် နည်းပြ သောမတ်စ် တူချယ်ဟာ အသင်းအင်အားကောင်းလာဖို့ အာရုံစိုက်လာနိုင်ပြီ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

သောမတ်စ် တူချယ်ရဲ့ တောင်ပံကစားသမားအသစ်များ

ဂျာမန်သား နည်းပြဟာ သူကြိုက်နှစ်သက်တဲ့ ၃-၄-၃ ကစားကွက်အတွက် တောင်ပံကစားသမား တစ်စုံကို လိုချင်နေပါတယ်။ အဲ့အထဲမှာ ရာဖင်ညာ၊ စတာလင်တို့ကတော့ အကောင်းဆုံး နှစ်ဦးအနေနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ရာသီတုန်းက လိဒ်အသင်းဟာ ပရီးမီးယားလိဂ်မှာ တန်းဆင်းစုံအထက် ၃ မှတ်အကွာနဲ့သာ ရပ်တည်ခဲ့ပေမယ့် ရာဖင်ညာက အသင်းအတွက် သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်းတီးမှု ၃ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အဲ့အချိန်မှာ ရာဟင်း စတာလင်ကတော့ မန်းစီးတီးအသင်း ပရီးမီးယား‌လိဂ် ချန်ပီယံရရှိဖို့အတွက် သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ရာဖင်ညာနဲ့ စတာလင်တို့ ရောက်ရှိလာခြင်းက လက်ရှိ Chelsea ရဲ့ ကစားသမားတွေကို ထိခိုက်မှုရှိစေမလဲ?

၁။ [ ချဲလ်ဆီး ] Chelsea တောင်ပံကစားသမား - ဟာကင်း ဇီယက်ချ်

ဇီယက်ချ်ဟာ ၂၀၂၀/၂၁ ရာသီမတိုင်ခင် အေဂျက်အသင်းကနေ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နယ်သာလန် ထိပ်တန်းအသင်းနဲ့အတူ ချန်ပီယံစ်လိဂ် ပြိုင်ပွဲတွေမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့ ပထမဆုံး နှစ်ပွဲမှာတင် နှစ်ဂိုးသွင်းယူနိုင်ခဲကာ ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းလာခဲ့ပါတယ်။

Chelsea winger - Hakim Ziyech

ချဲလ်ဆီးတောင်ပံ ကစားသမား ဇီယက်ချ်။

ဒါပေမယ့် ဒတ်ခ်ျမှာမွေးတဲ့ မော်ရိုကိုသားဟာ ပြီးခဲ့တဲ့ ရာသီက ရုန်းကန်ခဲ့ရပြီး ခရစ္စမတ်မတိုင်ခင်အထိ သွင်းဂိုး တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ပြီးတော့ စုစုပေါင်း လိဂ်သွင်းဂိုး ၄ ဂိုးနဲ့သာ ရာသီကို အဆုံးသတ်ခဲ့ရပါတယ်။ အေစီမီလန်အသင်းက အသက် ၂၉ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

၂။ တီမို ဝါနာ - [ ချဲလ်ဆီး ] Chelsea တိုက်စစ်ကစားသမား

ဝါနာဟာ ၂၀၂၀ နွေရာသီမှာ ချဲလ်ဆီးအသင်းကို မပြောင်းခင် အာဘီလိုက်ပ်ဇစ်အသင်းမှာ လိဂ်ပွဲ ၃၄ ပွဲမှာ ၂၈ ဂိုးအထိ စံချိန်တင် ဂိုးသွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဘွန်ဒက်စ်လီဂါရဲ့ အခွန်ကောက်ခံမှု အများဆုံး ခံစားခဲ့ရသူ ဖြစ်ပါတယ်။

Chelsea striker - Timo Werner

ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာ။

တိုက်စစ်မှူး တီမိုဝါနာဟာ ဂျာမနီကလပ်အသင်းမှာတုန်းက တိုက်စစ်ပိုင်းကို ကောင်းမွန်စွာ ဦးဆောင်နိုင်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းမှာတော့ တူချယ်ရဲ့ ကစားကွက်မှာ သူ့အတွက် သက်တောင့်သက်သာရှိပုံ မရပါဘူး။ နောက်ခံလူ ဒီလစ်ရဲ့ အပြောင်းအရွှေ့နဲ့အတူ ဂျာမနီလက်ရွေးစင် ကစားသမားကို ဂျူဗင်တပ်စ်အသင်းက ကမ်းလှမ်းနိုင်ပါတယ်။

၃။ ခရစ္စတီယန် ပူလီဆစ်

ဂျာမနီကလပ်အသင်းကနေ ချဲလ်ဆီးအသင်းကို ရောက်ရှိလာတဲ့ နောက်ထပ်ကစားသမားတစ်ဦးကတော့ ပူလီဆစ်ပဲ ဖြစ်ပါတယ်။ ပူလီဆစ်ဟာ ချဲလ်ဆီးအသင်းကို ဇီယက်ချ်နဲ့ ဝါနာတို့ထက် စောပြီး ရောက်ရှိလာတဲ့ ဒေါ့မွန်ကစားသမားဟောင်းတစ်ဦး ဖြစ်ပါတယ်။

Chelsea winger - Christian Pulisic

ချဲလ်ဆီး တောင်ပံကစားသမား ခရစ္စတီယန် ပူလီဆစ်။

သူ့မှာ ပင်ကိုယ်စွမ်းရည်တွေ ရှိခဲ့ပါတယ်။ သူ့ရဲ့ ၂၁ နှစ်မြောက် မွေးနေ့အပြီး ၃၈ ရက်အကြာ ဘန်လေနဲ့ ပွဲမှာ  ကလပ်သမိုင်းတလျှောက် အသက်အငယ်ဆုံး ဟက်ထရစ် သွင်းယူနိုင်သူ ဖြစ်လာခဲ့ပါတယ်။ ဒဏ်ရာ ပြသနာတွေက အမေရိကန်လက်ရွေးစင်အသင်းကို ထိခိုက်နိုင်ပြီး ဒေါ့မွန်အသင်းဆီလည်း ပြန်သွားနိုင်ပါတယ်။

၄။ ကာလမ် ဟက်ဒ်ဆန်-အိုဒွိုင်

ဟက်ဒ်ဆန်-အိုဒွိုင်ကတော့ အပေါ်က ကစားသမားတွေထက် သူ့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ တန်ကြေးကို သက်သေပြဖို့ အချိန်ပိုရနိုင်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမတိုင်ခင်က ချဲလ်ဆီးအသင်းဟာ ကစားသမားကို ၂၁ နှစ်အရွယ်မှာ ခြေစွမ်း တိုးတက်ဖို့ အချိန်ကျန်သေးကြောင်း ယူဆတာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းချက်ကို မသေချာမရောမှုတွေနဲ့ ငြင်းဆိုခဲ့ပါတယ်။

Chelsea attaker - Callum Hudson-Odoi

ချဲလ်ဆီး လူငယ်ကစားသမား ဟက်ဒ်ဆန် အိုဒွိုင်။

သို့ပေမယ့် အကယ်ဒမီထွက် လူငယ်ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက လိဂ်ပွဲ ၁၁ ပွဲ စ,တင်ချိန်မှာ တည်ဆောက်ဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ရာဖင်ညာနဲ့ စတာလင်တို့ ရောက်ရှိလာမှူက သူ့ရဲ့မျှော်လင့်ချက်တွေ ဖြစ်လာတော့မယ် မထင်ပါဘူး။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment