Bernardo Silva ကို ခေါ်ယူတော့မယ့် ဘာစီလိုနာ

Bernardo Silva to Barcelona
July 4, 2022

ကွင်းလယ်တိုက်စစ် Bernardo Silva ဟာ မန်စီးတီးအသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

Bernardo Silva [ ဘာနာဒို ဆေးလ်ဗား ] ဟာ လက်ရှိ မန်ချက်စတာ စီးတီးအသင်းကနေ ထွက်ခွာပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီးကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားဟာ အခုနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ နောက်ဆုံးမှာတော့ စပိန်ကလပ် ဘာစီလိုနာအသင်းဆီ ဦးတည်သွားတာ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

မန်စီးတီးအသင်းအတွက် ဆေးလ်ဗားရဲ့ အခန်းကဏ္ဍ

ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟာ ပြီးတဲ့ရာသီကတည်းက ဘာလာဂရာနာ [ ဘာစီလိုနာအသင်း ] ဆီ ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခဲ့ပေမယ့် အပြောင်းအရွှေ့တစ်ခု အကောင်အထည် မပေါ်ခဲ့ပါဘူး။ ဆေးလ်ဗားဟာ ၂၀၂၁/၂၀၂၂ ရာသီမှာတုန်းက နည်းပြ ပက်ဂွာဒီယိုလာ အသင်းရဲ့  အဓိက ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက ဆေးလ်ဗားဟာ  မန်ချက်စတာစီးတီးအသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ၃ ပွဲကလွဲရင် ကျန်တဲ့ပွဲတွေ အကုန်ပါဝင် ကစားခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ သူ့ရဲ့ အေးဂျင့် ဖြစ်တဲ့ Jorge Mendes [ ဂျော့ချ် မန်းဒက်စ် ] က သူဟာ ဘာစီလိုနာကို ပြောင်းရွှေ့ချင်တယ်လို့ ပြောခဲ့ကြောင်း စပိန် အားကစားသတင်းတွေအရ သိရှိရပါတယ်။

Bernardo Silva is key player of Guardiola's team

ဂွာဒီယိုလာရဲ့ အသင်းမှာ အဓိက ကစားဖြစ်နေတဲ့ ဘာနာဒို။

အင်္ဂလန်အသင်းကနေ ထွက်ခွာချင်နေတဲ့ Bernardo Silva [ ဘာနာဒို ဆေးလ်ဗား ]

အားကစား မီဒီယာ Sport ရဲ့ ဖော်ပြချက်အရ ဆေးလ်ဗားဟာ အခုနွေရာသီမှာ မန်စီးတီးအသင်းကနေ ထွက်ခွာလိုပြီး စပိန်ကလပ်အသင်းမှာ ဇာဗီနဲ့ ပူပေါင်းလိုကြောင်း မန်းဒက်စ်ကို အသိပေးခဲ့တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် အပြောင်းအရွှေ့ကတော့ ခက်ခဲပါလိမ့်မယ်။

ပထမတစ်ချက်က ဂွာဒီယိုလာနဲ့ မန်စီးတီးတို့ဟာ ကွင်းလယ်ကစားသမားကို မဆုံးရှုံးချင်တာကြောင့် သူ့ရဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၀၀ အထိ မြင့်မားတဲ့ တန်ကြေးသတ်မှတ်ထားတယ်လို့ သတင်းတွေအရ သိရှိရပါတယ်။

နံပါတ် ၂၀ ကစားသမားရဲ့ အသင်းနဲ့ စာချုပ်သက်တမ်း

ဒါ့အပြင် Etihad Stadium [ မန်စီးတီးအသင်း ] မှာ ဆေးလ်ဗားရဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိနေသေးပါတယ်။ ဒါကြောင့်မို့ မန်စီးတီးအသင်းအနေနဲ့ ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အားလုံးကို ချုပ်ကိုင်ထားပါတယ်။ ပြီးတော့ သူတို့ရဲ့ အရေးပါဆုံး ကစားသမားတစ်ဦးအတွက် ပမာဏများစွာ တောင်းဆိုပိုင်ခွင့်လည်း ရှိနေပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိ ဆေးလ်ဗားရဲ့ နူးကမ့်ကို ပြောင်းရွှေ့မယ့် အလားအလာက ဖရန့်ကီ ဒီဂျောင် အသင်းမှာ ဆက်နေမှာလား ဒါမှမဟုတ် ထွက်ခွာမှာလားဆိုတဲ့ အပေါ်မှာ လွှမ်းမိုးမှု ကြီးကြီးမားမား ရှိနေမှာ ဖြစ်ပါတယ်။ နယ်သာလန်သားဟာ လစာဖြတ်တောက်ဖို့ သဘောတူညီရမယ်လို့ ဘာစီလိုနာအသင်းက ပြောကြားထားပြီး ဖြစ်ပါတယ်။

Bernardo Silva wants to leave Man City

မန်စီးတီးအသင်းကနေ ထွက်ခွာချင်နေတဲ့ ဆေးလ်ဗား။

ဒီလိုမှ မဟုတ်ရင် သူ့ကို အခုနွေရာသီမှာ ခေါ်ယူဖို့ လုံးဝ စိတ်အားထက်သန်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောင်းချတော့မှာ ဖြစ်ပါတယ်။

ဖရန့်ကီ ဒီဂျောင်လား? ဒါမှမဟုတ် Bernardo Silva [ ဘာနာဒို ဆေးလ်ဗား ] လား?

မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့ဟာ ဒီဂျောင်အတွက် ယူရို ၆၅ သန်း ( ပေါင် 56 သန်း ) အထိ တန်ကြေးရှိတဲ့ စာချုပ်တစ်ရပ်ကို သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအပြောင်းအရွှေ့ ပြီးစီးဖို့ နောက်ဆုံးဆုံးဖြတ်ချက်ကတော့ ကစားသမားကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

တကယ်လို့ ဒီဂျောင်ဟာ ဘာစီလိုနာရဲ့ သတ်မှတ်ချက်တွေကို လက်မခံပါက ကလပ်အသင်းဟာ သူ့ကို ရောင်းချပြီး ဆေးလ်ဗားကို ခေါ်ယူဖို့ ငွေကြေးတချို့ ရရှိနိုင်ပါတယ်။ သို့ပေမယ့်လည်း မန်စီးတီးအသင်းရဲ့  မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုမှုဈေးနှုန်းအရ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ခက်ခဲနေပါသေးတယ်။

Bernardo Silva or De Jong For Barcelona

ဘာစီလိုနာအနေနဲ့ ဒီဂျောင်ကို ရောင်းချရဖို့ များနေပါတယ်။

ဘာစီလိုနာအသင်းရဲ့ အပြောင်းအရွှေ့

အမှန်တကယ်တော့ အားကစား မီဒီယာ Sport က ဇာဗီရဲ့ အသင်းဟာ ဆေးလ်ဗားကို ခေါ်ယူခွင့် ရရှိဖို့အတွက် ကစားသမားရဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ နဲ့ လျှော့ချချင်တယ်လို့ ဆိုထားပါတယ်။ ဘာစီလိုနာအသင်းဟာ အခုအပြောင်းအရွှေ့ ကာလမှာ ဝယ်ယူ ထပ်ပေါင်းထားတဲ့ ကစားသမားတွေ မရှိသေးပါဘူး။

ဒါပေမယ့်လို့ ဖရန့်ခ် ကယ်ဆီနဲ့ အန်ဒရေ့စ် ခရစ္စတီယန်ဆန် တို့ကိုတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူပြီးစီးကြောင်း ထုတ်ဖော်ပြသတော့မှာ ဖြစ်ပါတယ်။

Bernardo Silva at Portugal National Team

ပေါ်တူဂီလက်ရွေးစင် ကစားသမား ဘာနာဒိုဆေးလ်ဗား။

စပိန်ကလပ် ဘာစီလိုနာအသင်းဟာ ဂျူးလ်စ်း ခွန်ဒယ်၊ ရိုဘတ် လီဝန်ဒေါစကီး၊ ကားလို့စ် ဆိုလာ၊ မားကို့စ် အလွန်ဆို၊ စီဇာ အက်ဇပလီကွက်တာနဲ့ ရာဖင်ညာတို့ကို အခုနွေရာသီမှာ Camp Nou ကွင်းဆီ ခေါ်ယူနိုင်ဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment