Christensen . ကယ်ဆီတို့ရဲ့ ဘာကာနဲ့ အပြီးသတ် စာချုပ်။

Cristensen and Franck Kessie To Barcelona
July 5, 2022

[ ခရစ္စတီယန်ဆန် ] Christensen နဲ့ [ ကယ်ဆီ ] Kessie တို့ကို အပြီးသတ်ခေါ်ယူလိုက်တဲ့ ဘာစီလိုနာအသင်း

Christensen [ အန်ဒရေစ် ခရစ္စတီယန်ဆန် ] နဲ့ အေစီကွင်းလယ်လူ Kessie [ ဖရန့်ခ် ကယ်ဆီ ] ဘာစီလိုနာအသင်းက အပြီးသတ် ခေါ်ယူ စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးနောက်ခံလူ Andreas Christensen [ ခရစ္စတီယန်ဆန် ]ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ် ခေါ်ယူလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဘာကာရဲ့ ဒုတိယမြောက် ခေါ်ယူမှု - Christensen။

မီလန်ကနေ ပြောင်းရွှေ့လာတဲ့ ဖရန့်ကီ ကယ်စီကို အရင်းဦးစွာ ဖော်ပြခဲ့ပြီးနောက် အခုချိန်မှာ ခရစ္စတီယန်ဆန်က ဘာစီလိုနာအသင်းရဲ့ ဒုတိယမြောက် အဓိကရောက်ရှိလာသူ ဖြစ်ပါတယ်။ San Siro [ အေစီမီလန် ] အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမားဟာ ဘာစီလိုနာအသင်းနဲ့ ‌အပြောင်းအရွှေ့မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ခရစ္စတန်ဆန်ဟာ နူးကမ့် [ ဘာစီလိုနာအသင်း ] နဲ့ လေးနှစ်စာချုပ်ချုပ်ဆိုထားပြီး ၂၀၂၆ ခုနှစ်အထိ အသင်းနဲ့ လက်တွဲသွားမှာ ဖြစ်ပါတယ်။

Cristensen To Barcelona

ချဲလ်ဆီးနောက်တန်းကစားသမား ခရစ္စတန်ဆန်။

ဘလာဂရာနာနဲ့ ဘဏ္ဍာရေးအခြေအနေ

ဒိန်းမတ်လက်ရွေးစင်ကစားသမားဟာ သူ့ရဲ့  စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ချဲလ်ဆီးအသင်းကနေ ထွက်ခွာဖို့ သဘောတူညီခဲ့ပြီးနောက် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ မျှော်မှန်းထားတာ လအတော်ကြာခဲ့ပါပြီ။ ‌အပြောင်း‌အရွှေ့က အခုမှသာ တရားဝင် အတည်ပြု ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။

ဘလာဂရာနာ [ ဘာစီလိုနာအသင်း ] ရဲ့ လက်ရှိ ဘဏ္ဍာရေးအခြေအနေကြောင့် ကစားသမားရဲ့ ချဲလ်ဆီးကနေ ဘာကာဆီ ပြောင်းရွှေ့မှုနဲ့ ပတ်သက်ပြီး ‌နှောင့်နှေးကြန့်ကြာမှုနဲ့ ရှုပ်ထွေး‌မှုတွေ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါကို ဖြေရှင်းပြီးပြီ ဖြစ်ရာ နောက်ဆုံးမှာတော့ ခရစ္စတီယန်ဆန်ဟာ နည်းပြ ဇာဗီရဲ့ အသင်းမှာ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

ကယ်ဆီရဲ့ စာချုပ်သက်တမ်း

နောက်ခံလူ ခရစ္စတီယန်ဆန်လိုပဲ ကွင်းလယ်လူ ကယ်ဆီကိုလည်း ဘာစီလိုနာအသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ လေးနှစ်စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ကစားသမားရဲ့ စာချုပ်မှာ ယူရို သန်း ၅၀၀ ပါရှိပြီး ကစားသမားတိုင်း စျေးနှုန်းအချို့ဖြင့် ပေးချေရမယ့် စာချုပ်ပါ လာလီဂါ စည်းမျဉ်းများ ပါဝင်ကာ ၂၀၂၆ အထိ စာချုပ်သက်တမ်း ရှိနေမှာ ဖြစ်ပါတယ်။

Kessie Milan with Cristensen To Barcelona

အေစီမီလန်ကွင်းလယ်ကစားသမား ကယ်ဆီ။

အသက် ၂၅ နှစ်အရွယ်ရှိ ကယ်ဆီဟာ ဘာကာအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စ လအတော်ကြာ သဘောတူညီမှုရရှိပြီး တရားဝင်မဖော်ပြသေးတာတော့ နည်းနည်းလေး စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ သို့ပေမယ့် အိုင်ဗရီကို့စ် ကြယ်ပွင့်ကစားသမားကို ဗုဒ္ဓဟူးနေ့မှာ စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။

ဖရန့်ခ်ကို ဘာစီလိုနာကစားသမားအဖြစ် ပထမဆုံးအကြိမ် မီဒီယာတွေရဲ့ ရှေ့မှောက်မှာ တရားထုတ်ဖော်ကြေညာမှာ ဖြစ်ပါတယ်။

အန်ဒရေ့စ် ခရစ္စတီယန်ဆန်* Christensen ရဲ့ ချဲလ်ဆီးကစားသမားဘဝ

နိုင်ငံလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၅၀ ကျော် ကစားပေးထားတဲ့ ခရစ္စတီယန်ဆန်ဟာ စတန်းဖို့ဒ် ဘရစ်ချ်မှာ ၁၀ နှစ်ကြာ ကစားခဲ့ပြီးနောက် ဆုဖလားပေါင်း ခြောက်လုံး ရရှိခဲ့ပြီး ချဲလ်ဆီးအသင်းကနေ ထွက်ခွာလာခဲ့ပါတယ်။

၂၀၁၅ ကနေ ၂၀၁၇ ခုနှစ်အတွင်း ခရစ္စတီယန်ဆန်ဟာ Borussia Monchengladbach [ ဘိုရုဆီးယား မွန်ချန်ဂလာဘတ်ချ် ] အသင်းမှာ နှစ်နှစ်ကြာ အငှားသွားရောက် ကစားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ စတန်းဖို့ဒ်ဘရစ်ချ်ကို ပြန်လည်ရောက်ရှိလာပြီး ပုံမှန်ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ သူဟာ ပထမ ပွဲထွက်အသင်းမှာ ပွဲပေါင်း ၁၅၀ ကျော် ပါဝင်ကစားထားခဲ့ပါတယ်။

Christensen at Denmark To Barcelona

ဒိန်မက် နောက်ခံလူ ခရစ္စတန်ဆန်။

ထုတ်ပြန်ကြေညာဖို့ ဘာကြောင့် နှောင့်နှေးနေရတာလဲ?

အေစီကစားသမားဟောင်းဟာ ကွင်းလယ်တစ်ခုလုံးရဲ့  ခံစစ်ရော တိုက်စစ်ပိုင်းမှာပါ အသင်းနဲ့အတူ လိုက်ပါ ကစားနိုင်တာကြောင့် အားလုံးရဲ့ ချီးကျူးမှုကို ခံထားရသူ ဖြစ်ပါတယ်။ ဘာကာအသင်းဟာ ဇူလိုင်လ ၄ ရက်နေ့က ရာသီကြို လေ့ကျင့်ရေး စ,တင်ခဲ့ရာ ကစားသမားနှစ်ဦးစလုံး အသင်းကို ရောက်ရှိလာနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

စာချုပ်တွေကို ကြေညာရာမှာ ကြန့်ကြာနေတာကတော့ ကလပ်အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေတွေကြောင့် ဖြစ်ပုံရပါတယ်။ ကလပ်အသင်းဟာ အကြွေးတင်နေပြီး လာလီဂါမှာ ကစားသမားအသစ်တွေ စာရင်းမသွင်းခင် သူတို့ရဲ့ လုပ်ခလစာကို လျှော့ချဖို့ လိုအပ်နေသေးတာကြောင့်လို့လည်း သိရပါတယ်။

ထုတ်ပြန်ကြေညာဖို့ ဘာကြောင့် နှောင့်နှေးနေရတာလဲ?

စပိန်ကလပ်အသင်းဟာ ကြီးမားတဲ့ အကြွေးတွေနဲ့ ငွေကြေး ပြဿနာတွေ ရှိနေပေမယ့် ဘာကာအသင်းဟာ အခုနွေရာသီမှာ ရည်မှန်းချက် ကြီးကြီးထားဖို့ ရှိနေပါတယ်။ ကယ်ဆီနဲ့ ခရစ္စတီယန်ဆန်တို့ကို အတည်ပြု ခေါ်ယူလိုက်ပြီ ဖြစ်တာကြောင့် ကစားသမားသစ်နှစ်ဦးဟာ အသင်းအတွက် ပိုမို အရည်အသွေး ပြည့်မီအောင် ဆက်လက်လုပ်ဆောင်သွားကြဖို့ မျှော်လင့်ထားပါတယ်။

Kessie with Christensen To Barcelona

အိုင်ဗရီကို့စ် ကွင်းလယ်လူ ကယ်ဆီ။

တိုက်စစ်မှူး ရိုဘတ်လီဝန်ဒေါစကီးနဲ့ တောင်ပံတိုက်စစ် ရာဖင်ညာတို့ကို တိုက်စစ်ပိုင်း ရွေးချယ်စရာတွေအဖြစ် ဦးစားပေး ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကလပ်အသင်းဟာ ဖော်ပြပါ နှစ်ဦးစလုံးကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေဆဲလို့ သိရပါတယ်။ ဆီးဗီးလား နောက်ခံလူ ဂျူးလ်စ် ခွန်ဒယ်နဲ့ ချဲလ်ဆီးနောက်ခံလူ မားကို့စ်အလွန်ဆို တို့ဟာ အသင်းရဲ့ ခံစစ်ပိုင်း ပိုမို အားကောင်းလာစေဖို့ ရောက်ရှိလာနိုင်ပါတယ်။

စပိန်အားကစားသတင်းစာဖြစ်တဲ့ Mundo Deportivo ရဲ့ ဖော်ပြချက်အရ နောက်ခံလူ ဆမ်မြူယယ် အမ်တီတီဟာ သူရဲ့စာချုပ်ကို ရပ်စဲပြီး ပြင်သစ်လီဂူးမှ ရိန်းနက်စ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိထားကြောင်း သိရရှိရပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment