Tyrell Malacia ကို ခေါ်ယူလိုက်တဲ့ ယူနိုက်တက်။

Tyrell Malacia To Man United
July 6, 2022

Feyenoord အသင်းမှ Tyrell Malacia [ မလာစီယာ ] ကို ခေါ်ယူလိုက်တဲ့ ယူနိုက်တက် 

Tyrell Malacia [ မလာစီယာ] ကို မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဖီယင်နုအသင်းကနေ ၄ နှစ် စာချုပ်နဲ့ အပြီးသတ် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဖီယင်နုအသင်း ဘယ်နောက်ခံလူ တိုင်ရဲလ် မာလာစီယာကို ယူရို ၁၅ သန်းနဲ့ အပိုပရိုဂရမ် ယူရို ၂ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ Old Trafford [ ယူနိုက်တက် အသင်း ] မှာ ၂၀၂၆ နှစ်အထိ ၄ နှစ် စာချုပ်ချုပ်ဆိုထားပါတယ်။ စာချုပ်မှာ နောက်ထပ်တစ်နှစ် ရွေးချယ်ခွင့်နဲ့အတူ ကစားသမားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ‌ဒီနှစ်နွေရာသီ ပထမဆုံး ခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဘယ်နောက်ခံလူ မာလာစီယာဟာ ပြီးခဲ့တဲ့ သီတင်းပတ်က လိုင်ယွန်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြသစ် အဲရစ် တန်ဟက်ဂ်ရဲ့ တောင်းဆိုမှုအရ နောက်ဆုံးအချိန်လေးမှာ ယူနိုက်တက်အသင်းက ဒီအပြောင်းအရွှေ့ကို ရပ်တန့်စေခဲ့ပြီး ကစားသမားကို ခေါ်ယူနိုင်ခဲ့ပါတယ်။

အပြောင်းအရွှေ့အပေါ်  Tyrell Malacia [ မလာစီယာ] ရဲ့ ခံစားချက်

မာလာစီယာက “မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခွင့်ရတာ မယုံနိုင်လောက်စရာ ခံစားချက်ပါပဲ။ ဒါက ကျွန်တော့်အတွက် ကဏ္ဍသစ်တစ်ခု၊ အသင်းဖော်အသစ်တွေနဲ့ အရမ်းကောင်းမွန်တဲ့ မန်နေဂျာ Erik ten Hag [ အဲ့ရစ် တန်ဟက်ဂ် ] နဲ့ ကျွန်တော်တို့ကို ဦးဆောင်နေတဲ့ လိဂ်သစ်တစ်ခုပါ။

Eredivisie [ နယ်သာလန်လိဂ် ] မှာတုန်းက သူ့အသင်းနဲ့ ရင်ဆိုင် ကစားရတာ၊ သူ့မှာရှိနေတဲ့ အရည်အသွေးတွေနဲ့ သူ့ကစားသမားတွေ ပိုပြီး တိုးတက်လာအောင် လုပ်နိုင်တာကို ကျွန်တော် သိပါတယ်။ ”

Tyrell Malacia at Man United with 4 years contract

ယူနိုက်တက်အသင်းနဲ့ တရားဝင် စာချုပ်ချုပ်ဆိုလိုက်တဲ့ မလာစီယာ။

“ ကျွန်တော်က ငယ်ရွယ်ပြီး ဆက်ပြီး ‌ခြေစွမ်း ပိုတိုးတက်နေမယ်ဆိုတာ ယုံကြည်နေပါတယ်။ ဒီယုံကြည်ချက်နဲ့အတူ ဒီယူနိုက်တက် အင်္ကျီဝတ်တိုင်း ကွင်းထဲမှာ အရာအားလုံးကို ‌အကောင်းမွန်ဆုံး စွမ်းဆောင်ပြသွားမှာလို့ ယူနိုက်တက် ပရိတ်သတ်တွေကို ကတိပေးနိုင်ပါတယ်။ ပြီးတော့ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအပေါ် သူတို့ပေးခဲ့တဲ့ အရာအားလုံးအတွက် Feyenoord [ ဖီယင်နု ] ကို အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ ”

“ အသင်းဟောင်းရဲ့ ကျေးဇူးတွေကြောင့်သာ မဟုတ်ရင် ဒါတွေက ဖြစ်မလာနိုင်ပါဘူး။ အခု ကျွန်တော် ယူနိုက်တက်နဲ့ အနာဂတ်ကို အာရုံစိုက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော့်ရဲ့ ကလပ်အသစ်ကို အောင်မြင်မှုတွေ ရရှိအောင် ကူညီပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ” လို့ အင်တာဗျူးမှာ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။

ဟော်လန်ကလပ်အသင်းမှာ မလာစီယာရဲ့  အခြေအနေ

တိုက်ရယ် မလာစီယာဟာ ၂၀၂၁ – ၂၀၂၂ ရာသီတုန်းက ဖီယင်နု အသင်းရဲ့  ကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ခြေစွမ်းကောင်းတွေနဲ့အတူ ဖီယင်နုအသင်းကို UEFA Conference League ဖိုင်နယ်ဆီ ပို့ဆောင်နိုင်ခဲ့ပါတယ်။ ဖိုင်နယ်မှာ ရိုးမားအသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကလွဲရင် မလာစီယာဟာ အသင်းရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

ဖီယင်နုနောက်ခံလူဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး တစ်ဂိုးနဲ့ ဂိုးဖန်တီးမှု ငါးကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ နယ်သာလန်သားဟာ ကိုးနှစ်သားအရွယ်ကတည်းက Feyenoord အကယ်ဒမီကို ရောက်လာခဲ့ပြီးပြီး De Kuip [ ဖီယင်နု အသင်း ] မှာ ပရိတ်သတ်တွေ အချစ်တော် ဖြစ်လာခဲ့ပါတယ်။ 

Tyrell Malacia at Man United Tranining Pitch

ပထမဆုံးအကြိမ် ယူနိုက်တက်အသင်း ထရိန်နင်ကွင်းကို ရောက်ရှိလာတဲ့ မလာစီယာ။

နောက်ခံလူရဲ့ စိတ်အားတက်ကြွတဲ့ စွမ်းဆောင်ရည်တွေကြောင့် ” the pitbull “ ဆိုတဲ့ အမည်ပြောင်ကို ရရှိခဲ့ပါတယ်။

ဟော်လန် လက်‌ရွေးစင် ကစားသမား - Tyrell Malacia [ မလာစီယာ]

နောက်ဆုံးကစားခဲ့တဲ့ စက်တင်ဘာလက မွန်တီနီဂရိုးနဲ့ ပွဲစဥ် အပါအဝင် မလာစီယာဟာ နယ်သာလန်အသင်းအတွက် စုစုပေါင်း ငါးပွဲ ပါဝင်ကစားပေးထားပါတယ်။ တိုက်ရယ်ဟာ  နယ်သာလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက်ဖို့ မျှော်လင့်ထားပြီး သူ့ဟာ ကွင်းရဲ့ ဘယ်ဘက် တခြမ်းလုံးကို ပိုင်ပိုင်နိုင်နိုင် ခြေစွမ်းပြ ကစားနိုင်တဲ့ လူငယ် နောက်ခံလူ တစ်ဦး ဖြစ်ပါတယ်။

မာလာစီယာ ရောက်ရှိလာခြင်းက စိတ်ပျက်ဖွယ် ယူနိုက်တက် ၂၀၂၁ – ၂၀၂၂ ရာသီ လှုပ်ရှားမှုကို ကြံ့ကြံ့ခံခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် လုခ်‌ရှောရဲ့ အနာဂတ်အတွက် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ နောက်တန်းကစားသမားဟာ အခုနွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်အတွက် ပထမဆုံး နယ်သာလန်အခြေစိုက် ကစားသမားခေါ်ယူမှု ဖြစ်လာခဲ့တာပါ။

Tyrell Malacia at Man United Tranining Ground

ယူရိန်နင်ကွင်းမှာ တွေ့ရတဲ့ မလာစီယာ။

ယူနိုက်တက်အသင်းရဲ့ နောက်ထပ်အပြောင်းအရွှေ့

မကြာသေးခင် ရက်ပိုင်းအတွင်းက ဘာကာကွင်းလယ်လူ ဖရန့်ကီ ဒီဂျောင်က ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ ငြင်းဆိုထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ သို့ပေမယ့် ယူနိုက်တက်အနေနဲ့ ဒီဂျောင်ကို ခေါ်ယူဖို့အတွက် ဆက်လက်ပြီး ဘာစီလိုနာအသင်းနဲ့ အဆင့်မြင့် ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အိုးထရက်ဖို့ဒ်အသင်းဟာ အေဂျက်စ် ဗဟိုနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူဖို့ ညှိနှိုင်းနေပြီး နည်းပြ တန်ဟက်ဂ်ကလည်း ဘရာဇီးလ် တောင်ပံ ကစားသမား အန်တိုနီကို အသင်းဆီ ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment