Takumi Minamino ရဲ့ မိုနာကို ကစားသမားဘဝဆီသို့။

Takumi Minamino to AS Monaco
June 29, 2022

လီဗာပူးလ်အသင်းဟာ ကွင်းလယ်လူ Takumi Minamino [ မီနာမီနို ] ကို မိုနာကိုအသင်းဆီ အပြီးသတ် ရောင်းလိုက်ပြီ ဖြစ်ပါတယ်။

Takumi Minamino [ တာကူမီ မီနာမီနို ] ဟာ မိုနာကိုအသင်းဆီ အမြဲတမ်းအပြောင်းအရွှေ့ကို အပြီးသတ်လိုက်ပြီလို့ လီဗာပူးလ်အသင်းက အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ တာကူမီ မီနာမီနိုဟာ ၂၀၂၀ ခုနှစ် နွေရာသီမှာ Red Bull Salzburg အသင်းကနေ ပြောင်းရွှေ့လာပြီးနောက် လီဗာပူးလ် ကစားသမားအဖြစ်နဲ့ စုစုပေါင်းနှစ်ရာသီကျော် ကုန်ဆုံးခဲ့ပါတယ်။

ဒါပေမယ့် သူဟာ လီဗာပူးလ် ကြယ်ပွင့် ကစားသမားတွေကြားမှာ ပုံမှန် နေရာတစ်ခု ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ အခုမှာတော့ မိုနာကိုအသင်းဆီ ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်း ( ပေါင် ၁၂.၉ သန်း ) နဲ့  ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ပြင်သစ်ကလပ်အသင်းနဲ့ စာချုပ်ချုပ်ဆိုပြီးနောက် လီဂူးဝမ်းမှာ ပထမပွဲထွက်အသင်းတစ်နေရာအတွက် စိန်ခေါ်မှုအသစ်တွေ တွေ့ကြုံရတော့မှာ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အင်္ဂလန် ကလပ်အသင်းက မီနာမီနိုရဲ့ အပြောင်းအရွှေ့ကို အခုလို အတည်ပြုထားပါတယ်။

” ကျွန်တော်တို့ လီဗာပူးလ်အသင်းဟာ Takumi Minamino ရဲ့ AS Monaco ဆီ အမြဲတမ်းအပြောင်းအရွှေ့ကို ဒီနေ့မှာ ပြီးစီးကြောင်း အတည်ပြုနိုင်ပါပြီ။ “

“ လီဂူးဝမ်းအသင်းဆီ ပြောင်းရွှေ့သွားတဲ့ မီနာမီနိုဟာ အန်းဖီးလ်မှာ နှစ်နှစ်ခွဲကြာ ကစားခဲ့စဥ် ကာလအတွင်း ပြိုင်ပွဲစုံ ၅၅ ပွဲကို ၁၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ “

“ သူ့ရဲ့ အရည်အသွေးနဲ့  ပထမတန်းစားအဆင့်ပုံစံကြောင့် နည်းပြ ကလော့ပ်က မီနာမီနိုကို “နည်းပြရဲ့ အိပ်မက်” အဖြစ် တချိန်က ဖော်ပြခဲ့ဖူးပါတယ်။ ကျောနံပါတ် ၁၈ ဟာ နောက်ထပ် စ,တင်မယ့် နေရာတွေများစွာနဲ့ ထိုက်တန်ကြောင်း နည်းပြက အသိအမှတ်ပြု ဖော်ပြခဲ့ပါတယ်။ “

“ တာကူမီက ပွဲကစားချိန် စက္ကန့်တိုင်းမှာ အခွင့်အရေးတွေကို ‌အကောင်းဆုံးဖြစ်အောင် ဖန်တီးထားပါတယ်။ ပြိုင်ပွဲကွင်းထဲမှာပဲဖြစ်ဖြစ်၊ လေ့ကျင့်ရေးကွင်းမှာပဲဖြစ်ဖြစ် သူဟာ ကျွန်တော်တို့ရဲ့ စံနှုန်းတွေကို ချမှတ်ရာမှာ ကူညီပေးတဲ့သူတစ်ယောက်ပါ။ ” လို့ နည်းပြ Klopp [ ကလော့ပ် ] က ပြောကြားခဲ့ပါတယ်။

Takumi Minamino with Klopp at Liverpool

မီနာမီနိုကို ကစားသမားကောင်းတစ်ယောက်အဖြစ် ချီးကျူးလိုက်တဲ့ နည်းပြ ကလော့ပ်။

“ဒါနဲ့ မီနာမီနိုက အသင်းဖော်တွေ၊ နည်းပြတွေနဲ့ ကလပ်ရဲ့ ဂုဏ်ထူးဆောင်စာရင်းတွေကို စွဲစွဲမြဲမြဲထင်ကျန်စေခဲ့ပြီးတော့ လီဗာပူးလ်ကနေ ထွက်ခွာသွားခဲ့တာပါ။ “

“LFC [ လီဗာပူးလ်အသင်း ] မှာ  ရှိလူတိုင်းက သူ့ရဲ့ ပံ့ပိုးကူညီမှုတွေအတွက် တာကီကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ သူ့ရဲ့ကစားသမားဘဝနောက်ထပ်အခန်းသစ်မှာ အောင်မြင်မှုရှိဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ” လို့ လီဗာပူးလ်အသင်းက သူတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ အတည်ပြု ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

[တာကီ] Takumi Minamino က လီဗာပူးလ်မှာ ဘယ်လိုအခြေအနေရှိခဲ့လဲ?

ဂျပန်လက်ရွေးစင်ကစားသမားဟာ သြစတြီးယားကလပ်ဖြစ်တဲ့ ဆဲလ်ဘက်ဂ်အသင်းမှာ ငါးနှစ်ကြာကာလအတွင်း ခြေစွမ်းတွေက အထင်ကြီးစရာကောင်းခဲ့ပါတယ်။ သြစတြီးယားကနေ အင်္ဂလန်အသင်းဆီ ရောက်ရှိလာခဲ့ပြီး ပြောင်းရွှေ့ကြေးက ယူရို ၈ သန်းပတ်ဝန်းကျင် ရှိခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ နည်း‌ပြ ကလော့ပ်အတွက် အသုံးဝင်တဲ့ ကစားသမားတစ်ဦးအဖြစ် သက်သေပြခဲ့ပါတယ်။ သို့ပေမယ့် သူ့ရဲ့ လီဗာပူးလ်ကစားသမားဘဝမှာ ပရီးမီးယားလိဂ်ပွဲစဥ် ၃၀ ပွဲသာ ပါဝင်ခွင့် ရခဲ့ပြီး ပွဲထွက် ၁၁ ဦးအသင်းမှာ ပုံမှန်နေရာတော့ မရခဲ့ပါဘူး။

Takumi Minamino at Japan National Team

ဂျပန်လက်ရွေးစင်ကစားသမား မီနာမီနို။

ဂျပန်လက်ရွေးစင်ဟာ ၂၀၂၁ ခုနှစ်မှာ ဆောက်သမ်တန်အသင်းဆီ ခဏတာ အငှားသွားရောက် ကစားခဲ့ပြီး‌ စိန့်မေရီအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

အန်းဖီးလ်အသင်းနဲ့အတူ [ တာကီ ] Takumi Minamino ရဲ့ အောင်မြင်မှုများ

အန်းဖီးလ်ကွင်းလယ်လူဟာ ၂၀၂၁-၂၀၂၂ ရာသီ ကာရာဘောင်းဖလားပြိုင်ပွဲမှာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် ပရိတ်သတ်အချစ်တော်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ပြိုင်ပွဲကာလ အတွင်း မီနာမီနိုဟာ ၅ ပွဲမှာ ၄ ဂိုးသွင်းပြီး ကာရာဘောင်းချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

တာကူမီဟာ အန်းဖီးလ်ကစားသမားဘဝ ၂ နှစ်ကျော်ကာလမှာ အသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံ (၁) ကြိမ်၊ အက်ဖအေချန်ပီယံ (၁) ကြိမ်နဲ့ ကာရာဘောင်းဖလား (၁) ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Takumi Minamino With Premier League Trophy

လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ မီနာမီနို။

မိုနာကိုအသင်းနဲ့ ကွင်းလယ်ကစားသမားရဲ့ စာချုပ်သက်တမ်း

ပြင်သစ်ကလပ် မိုနာကိုအသင်းဟာ ဂျပန်ကွင်းလယ်လူ မီနာမီနိုကို ခေါ်ယူပြီးစီးကြောင်း ‌ထုတ်ပြန်ကြေညာဖို့ ဝမ်းမြောက်မိတယ်လို့ ဆိုပါတယ်။ ၂၇ နှစ်အရွယ်ရှိတဲ့ ကွင်းလယ်ကစားသမားဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ လေးနှစ်စာချုပ် ချုပ်ဆိုထားပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment