Football

Erik Ten Hag ရဲ့ ပထမဆုံး ယူနိုက်တက် အင်တာဗျူး

Erik Ten Hag Manchester United
May 24, 2022

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး Erik Ten Hag ရဲ့ ပြောကြားချက် Erik Ten Hag [ အဲရစ် တန်ဟက် ] ကို မန်ချက်စတာ ယူနိုက်တက်နည်းပြအဖြစ် ခန့်အပ်ကြောင်း ပြီးခဲ့တဲ့လက အတည်ပြုပြီးနောက် ပထမဆုံးအကြိမ် မီဒီယာတွေကို တွေ့ဆုံ ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ နည်းပြ အဲရစ် တန်ဟက်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ဟော်လန်လိဂ်မှာ အေဂျက်အသင်းနဲ့ အမှတ်ပေး ချန်ပီယံဖလား ရယူပြီးကတည်းက အိုးလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့ တာဝန်တွေကို အာရုံစိုက်နေခဲ့ပါတယ်။ တနင်္ဂနွေနေ့က ယူနိုက်တက်အသင်းရဲ့  ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ်ရာသီ နောက်ဆုံးပွဲစဥ်ကို လာရောက် ကြည့်ရှုခဲ့ပါတယ်။  1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 

Oleksandr Zinchenko နဲ့ သူ့ရဲ့ ပရီးမီးယားလိဂ်ဆုဖလား

Oleksandr Zinchenko Manchester City
May 23, 2022

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာပြီး ဇင်ချန်ကိုဟာ ဒီအောင်မြင်မှုကို မိခင်နိုင်ငံ ယူကရိန်းအတွက် မျက်ရည်တွေနဲ့ ရည်ညွှန်းခဲ့ပါတယ်။ Oleksandr Zinchenko [ ဇင်ချန်ကို ] ဟာ ပရီးမီးယားလိဂ် ချန်ပီယံအောင်ပွဲ အခမ်းအနားမှာ ဆုဖလားကို ယူကရိန်းအလံနဲ့ ရစ်ပတ်ကာ အောင်ပွဲခံခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ‌ယူကရိန်းသားဟာ ပထမပိုင်း ၄၅ မိနစ်အပြီးမှာ ကွင်းလယ်လူ ဖာနန်ဒင်ဟိုအစား လူစားလဲ ဝင်ရောက်ကစားခဲ့တာ ဖြစ်ပါတယ်။ 2021/2022 ရာသီမှာ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဥ် ၃၈ ပွဲမြောက်မှာတော့ မန်ချက်စတာစီးတီးအသင်းဟာ အက်စတွန်ဗီလာအသင်းကို Etihad [ အိမ်ကွင်း ] မှာ လက်ခံကစားသွားခဲ့ပါတယ်။

Alessio Romagnoli ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ချဲလ်ဆီး

Alessio Romagnoli
May 20, 2022

ချဲလ်ဆီးအသင်းဟာ အေစီမီလန် အသင်းခေါင်းဆောင် Alessio Romagnoli [ အလက်ဆီယိုရိုမာနိုလီ ] ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အေစီမီလန်အသင်းခေါင်းဆောင် Alessio Romagnoli [ အလက်ဆီယိုရိုမာနိုလီ ] ကို နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စီစဥ်နေပေမယ့် ဥရောပတစ်ဝှမ်းက တခြားသောကလပ်အသင်းကြီးကလည်း အလားတူ ပြင်ဆင်နေကြပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ ၂၀၁၅ ခုနှစ်ကတည်းက မီလန်အသင်းမှာ ရှိနေခဲ့ပြီး အဲဒီကတည်းက ဗဟိုခံစစ်ကစားသမားအဖြစ် ပထမပွဲထွက် လူစာရင်းမှာ ပုံမှန် ကစားခွင့်ရခဲ့ပါတယ်။ အီတလီလက်ရွေးစင်ကစားသမားဟာ စီးရီးအေအမှတ်ပေးဇယားထိပ်မှာ အဆင့် ၂ နေရာက အင်တာမီလန်ကို

Rangers ကို အနိုင်ရခဲ့တဲ့ ဖရန့်ဖက်တို့ရဲ့ ယူရိုပါလိဂ်အောင်ပွဲ

Europa League Final Sevilla 2022
May 19, 2022

Rangers [ ရိန်းဂျားစ်အသင်း ] ကို အနိုင်ရခဲ့တဲ့ ဖရန့်ဖက်အသင်းရဲ့ ၄၂ နှစ်ကြာ ယူရိုပါလိဂ်ချန်ပီယံ အိပ်မက် ရိန်းဂျားစ်ရဲ့ ပြိုင်ဘက် ဖရန့်ဖက်အသင်းဟာ ရီးရဲလ်ဘက်တစ်၊ ဘာစီလိုနာနဲ့ ဝက်စ်ဟမ်းအသင်းတို့ကို အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ သူတို့ဟာ ဖိုင်နယ်မှာ အနိုင်ရရှိခြင်းနဲ့အတူ အသင်းရဲ့ ၄၂ နှစ်ကြာ ယူရိုပါလိဂ်ချန်ပီယံ အိပ်မက် အကောင်အထည်ပေါ် လာခဲ့ပါတယ်။ ဖရန့်ဖက်အသင်းဟာ ဘွန်ဒက်စ်လီဂါမှာ ၄၂ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ပြီးဆုံးသွားခဲ့ပါပြီ။ ဒါကြောင့် ဒီဖိုင်နယ်ပွဲစဥ်ဟာ လာမယ့်ရာသီ ဥရောပချန်ပီယံစ်လိဂ်ပြိုင်ပွဲအတွက် သူတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပါပဲ။ အခြားတစ်ဖက်မှာတော့ ရိန်းဂျားစ်အသင်းဟာ ဖိုင်နယ်ကို တက်လှမ်းရာမှာ ဒေါ့မွန်၊

အသင်းကနေ ထွက်ခွာတော့မယ့် Robert Lewandowski

Robert Lewandowski
May 17, 2022

Robert Lewandowski [ ရောဘတ်လီဝန်ဒေါစကီး ] ဟာ အသင်းကနေထွက်ခွာဖို့ သေချာသွားပါပြီ။ Robert Lewandowski [ ရောဘတ်လီဝန်ဒေါစကီး ] ဟာ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်‌နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ရာသီနောက်ဆုံးဘွန်ဒက်စ်လီဂါပွဲစဉ်အပြီးမှာ ဘိုင်ယန်မြူးနစ်ပရိသတ်တွေကို နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟာ ၂၀၂၃ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်းတိုးစာချုပ်ချုပ်ဆိုမှာမဟုတ်ဘူးလို့ ဘိုင်ယန်မြူးနစ်က ပြောကြားခဲ့ပါတယ်။ တိုက်စစ်မှူးဟာ နွေရာသီမှာ စပိန်ကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေပြီး စနေနေ့က ဝုဖ်ဘတ်နဲ့  ၂ – ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ သူ့ရဲ့ လုပ်ရပ်တွေက မီးလောင်ရာလေပင့်ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ချဲလ်ဆီးအတွက် Romelu Lukaku ရဲ့ စွမ်းဆောင်ရည်များ

Rumelu Lukaku
May 16, 2022

Romelu Lukaku [ ရိုမီလူ လူကာကူ ] က ချဲလ်ဆီးအသင်းအတွက် ဘယ်လောက်ထိ စွမ်းဆောင်နိုင်သလဲ? Romelu Lukaku [ ရိုမီလူ လူကာကူ ] ဟာ ၂၀၂၁ ခုနှစ် နွေရာသီအပြောင်းအရွှေ့ရဲ့ အကြီးမားဆုံး ပြောင်းရွှေးကြေးတစ်ရပ် အနေနဲ့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ အင်တာမီလန်အသင်းကနေ ‌ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူးဟာ ပြောင်းရွှေ့ကြေး ယူရို ၁၁၅ သန်း (ပေါင် ၉၇ သန်း) နဲ့ အသင်းဟောင်း Stamford Bridge [ ချဲလ်ဆီးအသင်း ] ဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ‌နွေရာသီတလျှောက်လုံးမှာ သူတို့ရဲ့

အသင်းကြီးတွေ မျက်စိကျနေတဲ့ Jude Bellingham

Jude Bellingham Dortmund
May 14, 2022

Jude Bellingham [ ဂျုဘယ်လင်ဂမ် ] ကို ဥရောပထိပ်တန်း အသင်းကြီးတွေကနေ ခေါ်ယူဖို့ အားပြိုင်နေကြပါတယ်။ Jude Bellingham [ ဂျုဘယ်လင်ဂမ် ] ဟာ လွန်ခဲ့တဲ့ နှစ်နှစ်က ‌‌ဒေါ့မွန်အသင်းကို ပြောင်းရွှေ့လာပြီးကတည်းက သူ့ကိုယ်သူ ဥရောပအဆင့် ထိပ်တန်းကစားသမားတွေထဲက တစ်ဦးအဖြစ် ရပါတည်ခဲ့ပါတယ်။ ဘာမင်ဂမ် စီးတီး ကွင်းလယ်ကစားသမားဟောင်ဟာ ဘွန်ဒက်စ်လီဂါ ကလပ်အတွက် ကစားပေးခဲ့တဲ့ ပြိုင်ပွဲစုံ အရေအတွက်ကတော့ အခုဆို ပွဲ ၁၀၀ ပြည့်ခါနီးနေပါပြီ။ အတိအကျကတော့ ၈၉ ပွဲ ကစားထားပါတယ်။ ချန်ပီယံစ်လိဂ်ပွဲစဥ်တွေမှာလည်း ပါဝင်ကစားပြီး ပြီးခဲ့တဲ့ ရာသီတုန်းက DFB-Pokal [ ဂျာမန် ပိုကယ် ]

Paul Pogba ဘယ်အသင်းကို ပြောင်းမှာလဲ?

Paul Pogba Manchester United
May 13, 2022

Paul Pogba [ ပေါလ်ပေါ့ဂ်ဘာ ] ဟာ ဒီနွေရာသီမှာ စာချုပ်သက်တမ်းကုန်ရင် အသင်းကနေထွက်ခွာတော့မယ်လို့ သိရပါတယ်။ Paul Pogba [ ပေါလ်ပေါ့ဂ်ဘာ ] ရဲ့ မန်ယူအသင်းနဲ့  စာချုပ်သက်တမ်းဟာ အခုနွေရာသီဆိုရင် ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့လမ်းခွဲတော့မယ့် အနေအထားမှာ ရှိနေပါတယ်။ ကွင်းလယ်လူဟာ ဂျူဗင်တပ်စ်အသင်းကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ အသင်းဟောင်းဆီ ခြောက်နှစ်ကြာ လာရောက်ကစား ခဲ့ပြီးနောက် အိုးလ်ထရက်ဖို့ဒ်အသင်းနဲ့ ဇာတ်လမ်းအဆုံးသတ်ဖို့ အချက်ပြနေပါပြီ။ ပြင်သစ် လက်ရွေးစင် ကစားသမားဟာ ၂၀၁၂ ခုနှစ်တုန်းက ယူနိုက်တက်အသင်းကနေ အီတလီ စီးရီးအေကလပ် ဂျူပင်တပ်စ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ သူဟာ ဂျူပင်တပ်စ်အသင်းမှာ ခြေစွမ်းတွေလည်း တဟုန်ထိုး တိုးတက်လာခဲ့ပြီး

Kevin De Bruyne ရဲ့ သမိုင်းဝင် သွင်းဂိုး (၄) ဂိုး

Kelvin De Bruyne
May 12, 2022

Kevin De Bruyne [ ကယ်ဗင် ဒီဘရွိုင်းနား ] ဟာ ဝူဗာဟမ်တန်နဲ့ ပွဲမှာ ၄ ဂိုးအထိသွင်းပြီး အသင်းကို ဇယားထိပ်မှာ ဆက်လက်ရပ်တည်စေခဲ့ပါတယ်။ Kevin De Bruyne [ ကယ်ဗင် ဒီဘရွိုင်းနား ] ရဲ့ မန်စီးတီးအသင်းဟာ မေလ ၁၁ ရက် ဗုဒ္ဓဟူးနေ့ က ဝူဗာဟမ်တန်အသင်းကို ၅-၁ ဂိုးနဲ့ အနိုင်ယူပြီး ဇယားထိပ်မှာ ဆက်လက်ရပ်တည်နေပါတယ်။ ဒီအနိုင်ရယူမှုကတော့ ၂၀၂၁ – ၂၀၂၂ အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံဖလားဆီ ကြီးမားတဲ့ နောက်ထပ် ခြေလှမ်းတစ်ခုကို လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအောင်ပွဲမှာ ကမ္ဘာ့အဆင့် ကွင်းလယ်ကစားမား

Sadio Mane ရဲ့ အပြောင်းအရွှေ့

Sadio Mane Liverpool
May 11, 2022

Sadio Mane [ ဆာဒီယို မာနေး ] သာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့မယ်ဆိုရင် သူ့အနေနဲ့ ရုန်းကန်ရလိမ့်မယ်လို့ ဂျေမီကာရေဂါက ပြောကြားခဲ့ပါတယ်။ Sadio Mane [ ဆာဒီယို မာနေး ] ဟာ အင်္ဂါနေ့ညက အက်စတွန်ဗီလာအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ လီဗာပူးလ်အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါနဲ့ ပတ်သက်ပြီး နည်းပြ ယာဂင်ကလော့ပ်က ဆီနီဂေါတောင်ပံကစားသမားအား ‘ဂိုးသွင်းစက်‘ အဖြစ်ဖော်ပြခဲ့ပါတယ်။ ဆာဒီယို မာနေးဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး၂၂ ဂိုးအထိ သွင်းယူထားပါတယ်။ ဆီနီဂေါသားဟာ Villa Park [ အက်စတွန်ဗီလာ အိမ်ကွင်း ]