Alessio Romagnoli ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ချဲလ်ဆီး

Alessio Romagnoli
May 20, 2022

ချဲလ်ဆီးအသင်းဟာ အေစီမီလန် အသင်းခေါင်းဆောင် Alessio Romagnoli [ အလက်ဆီယိုရိုမာနိုလီ ] ကို

အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အေစီမီလန်အသင်းခေါင်းဆောင် Alessio Romagnoli [ အလက်ဆီယိုရိုမာနိုလီ ] ကို နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စီစဥ်နေပေမယ့် ဥရောပတစ်ဝှမ်းက တခြားသောကလပ်အသင်းကြီးကလည်း အလားတူ ပြင်ဆင်နေကြပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ ၂၀၁၅ ခုနှစ်ကတည်းက မီလန်အသင်းမှာ ရှိနေခဲ့ပြီး အဲဒီကတည်းက ဗဟိုခံစစ်ကစားသမားအဖြစ် ပထမပွဲထွက် လူစာရင်းမှာ ပုံမှန် ကစားခွင့်ရခဲ့ပါတယ်။ အီတလီလက်ရွေးစင်ကစားသမားဟာ စီးရီးအေအမှတ်ပေးဇယားထိပ်မှာ အဆင့် ၂ နေရာက အင်တာမီလန်ကို နှစ်မှတ်အသာနဲ့ ဦးဆောင်နေပြီး ရာသီကုန်ခါနီးမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ နောက်ခံလူက မျှော်လင့်နေပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဥရောပ ကလပ်အသင်းကြီး‌တွေက ဒီအတွေအကြုံရင့် နောက်ခံလူကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုပမ်းနေကြပြီး ကစားသမားကလည်း လက်ရှိအသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုတွေကို လက်မခံထားသေးဘူးလို့လည်း သိရပါတယ်။ စပိန် အားကစားသတင်းဌာန Mundo Deportivo ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ ရိုမာနိုလီကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး နွေရာသီမှာ ခံစစ်ပိုင်း ပြန်လည်ပြင်ဆင်မှု လိုအပ်နေတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

လန်ဒန်အသင်းဟာ ဒီရာသီကုန်မှာ အန်တိုနီယို ရူဒီဂါနဲ့ အန်ဒရီယာစ် ခရစ္စတီယန်ဆန်တို့ နှစ်ဦးစလုံးဟာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စတန်းဖို့ဒ်ဘရစ်ချ်နဲ့ လမ်းခွဲတော့မှာ ဖြစ်တာကြောင့် သောမတ်စ် တူချယ်ရဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဗဟိုခံစစ်ကစားသမားသစ်နှစ်ဦးကို ခေါ်ယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ တစ်ဖက်မှာ ဘိုင်ယန်မြူးနစ်၊ ဆီးဗီးလားနဲ့ ဘာစီလိုနာအသင်းတို့ကလည်း အီတလီသားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ကစားသမားကို ခေါ် ယူနိုင်ဖို့ ချယ်လ်ဆီးကို စိန်ခေါ် မှာ ဖြစ်ကြောင်း စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။

Alessio Romagnoli

အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းဆင်းနေတဲ့ ရိုမာနိုလီ။

လာဇီယိုအသင်းနဲ့ နောက်ခံလူရဲ့ အပြောင်းအရွှေ့ သတင်း

ရိုမာနိုလီဟာ လာဇီယိုကို ပြောင်းရွှေ့ဖို့ အရင်က ချိတ်ဆက်ခဲ့ဖူးပြီး စီးရီးအေမှာ အဆိုပါ အပြောင်းအရွေ့အကြောင်းနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေက အခုထိ ရှိနေသေးတယ်လို့လည်း သိရပါတယ်။ မီလန်အသင်းခေါင်းဆောင်ကလည်း လာဇီယိုအသင်းကို ပြောင်းရွှေ့လိုပြီး အဲ့ဒါက ဦးစားပေး ကိစ္စရပ်ဖြစ်ကြောင်း မကြာသေးမီရက်သတ္တပတ်များအတွင်းက ရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပါတယ်။

 

ရူဒီဂါနဲ့ ခရစ္စတီယန်ဆန်တို့ဟာ ချဲလ်ဆီးက ထွက်ခွာသွားမယ်ဆိုရင် သောမတ်စ်တူချယ်ရဲ့ ဗဟိုနောက်ခံလူတွေအဖြစ် သီယာဂိုဆေးလ်ဗား၊ ထရီဗို ချာလိုဘာနဲ့ မာလန်းဆားတို့သာ ရှိတော့မှာ ဖြစ်ပါတယ်။ တကယ်လို့ သောမတ်စ်တူချယ်သာ နောက်ခံလူ ရိုမာနိုလီကို ခေါ်ယူနိုင်ခဲ့ပါက နောက်ရာသီ ပထမပွဲထွက်အသင်းမှာ ကစားခွင့် ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ခံစစ်ပိုင်းလိုအပ်ချက်

ဂျာမန်နောက်ခံလူ အန်တိုနီယို ရူဒီဂါဟာ ချန်ပီယံစ်လိဂ် ဗိုလ်လုပွဲကို တက်ရောက်သွားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၁၅,၀၀၀ နဲ့ လေးနှစ် စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း Mirror သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဲ့အသင်းရဲ့  လာလီဂါပြိုင်ဘက်ဖြစ်တဲ့ ဘာစီလိုနာအသင်းကလည်း နောက်ခံလူ ခရစ္စတီယန်ဆန်ကို လက်ရှိဘောလုံးရာသီကုန်တာနဲ့ ခေါ် ယူတော့မှာ ဖြစ်ပါတယ်။

 

တချိန်တည်းမှာပဲ စပိန်သား နောက်ခံလူတွေဖြစ်တဲ့ စီဇာ အက်ဇပလီကွေတာနဲ့ မားကို့စ် အလွန်ဆိုတို့ကလည်း အနောက်လန်ဒန်ကလပ်ကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။ ဒါကြောင့်မို့လို့ နည်းပြ တူချယ်က လာမယ့်ရာသီမှာ အသက် ၃၇ နှစ်အရွယ် နောက်ခံလူ သီယာဂို ဆေးလ်ဗားနဲ့အတူ ကစားဖို့ အစား‌ထိုးခေါ်ယူမှုတွေ ပြုလုပ်ရုံမှတပါး တခြားမရှိတော့ပါ။

Alessio Romagnoli

ဂိုးသွင်းအပြီး အောင်ပွဲခံနေတဲ့ ရိုမာနိုလီ။

လူငယ်ကစားသမားတွေဖြစ်တဲ့ လီဗီ ကော်ဝေးလ်နဲ့ အီသန် အမ်ပါဒူတို့ဟာ ဒီနွေရာသီမှာ အငှားချထားတာကနေ အသင်းနဲ့ ပြန်လာပူးပေါင်းမှာဖြစ်ပါတယ်။ ထရီဗို ချာလိုဘာဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ အထင်ကြီးလောက်စရာ ခြေစွမ်းတွေ တိုးတက်လာပေမယ့် နောက်တန်းခံစစ်ပိုင်း အတွေ့အကြုံတွေ ထပ်ပြီး လိုနေသေးတယ်ဆိုတာတော့ အမှန်ပါပဲ။

ရိုမာနိုလီက ရူဒီဂါနေရာအတွက် အသင့်တော်ဆုံးလား?

အလက်စီယို ရိုမာနိုလီဟာ ဆန်ဆီရိုမှာ အေစီမီလန်အသင်းအတွက် ၇ နှစ်ကြာအောင် တသမတ်တည်း စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာတွေနဲ့ ရုန်းကန်နေခဲ့ရပါတယ်။ အမှန်တကယ်ပါပဲ။ ရိုမာနိုလီဟာ ၂၀၁၉-၂၀ ရာသီတုန်းက စီးရီးအေပွဲစဥ် ၃၅ ပွဲ၊ ၂၀၂၀-၂၁ ရာသီမှာ ၂၂ ပွဲထိ ကစားခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ စီးရီးအေပွဲစဥ် ၁၈ ပွဲသာ ပါဝင်ခွင့်ရထားပြီး အရင်ရာသီတွေနဲ့ယှဥ်နဲ့ ပွဲထွက်ခွင့်နည်းနေတာ တွေ့ရပါတယ်။

 

သို့ပေမယ့်လည်း နောက်ခံလူ ရိုမာနိုလီကို ဥရောပထိပ်တန်းအသင်းကြီးတွေနေ ကမ်းလှမ်းမှုတွေ ရှိနေဆဲဖြစ်ပြီး စတန်းဖို့ဒ်ဘရစ်းမှာ ရူဒီဂါနေရာအတွက် အစားထိုးမယ့် ကိစ္စကတော့ စိတ်ဝင်စားစရာအကောင်းဆုံးလို့ ဆိုရပါမယ်။ ချဲလ်ဆီးကစားသမားဟောင်း ဖီကာယို နဲ့ ဒိန်းမက်အသင်းခေါင်းဆောင် စီမွန် ကေဂျာတို့ဟာ မီလန်အသင်းနဲ့ ဆက်ပြီး လက်တွဲသွားဖို့ ရှိနေပါတယ်။

 

အီတလီသား ရိုမာနိုလီဟာ နောက်တန်းမှာ ကစားပုံ အနည်းငယ်နှေးပြီး သီယာဂို ဆေးလ်ဗားနဲ့အတူ ဗဟိုခံစစ် ၃ ဦးပုံစံနဲ့ ကစားတာ ပိုပြီး အံဝင်ဂွင်ကျဖြစ်မယ်လို့ ယူဆရပါတယ်။

Alessio Romagnoli

ရိုမာနိုလီကို စူပါကိုပါ အီတာလီယာဆုဖလားနဲ့အတူ တွေ့ရစဥ်။

အေစီမီလန်အသင်းနဲ့အတူ စွမ်းဆောင်ရည်များ

မီလန်နောက်ခံလူဟာ ၂၀၁၅ ခုနှစ် ‌ဩဂုတ်လတုန်းက ရိုးမားအသင်းကနေ ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ရိုးမားကစားသမားဟောင်းဟာ အေစီမီလန်အသင်းမှာ ၇ နှစ်နီးပါးလောက် ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၂၄၆ ပွဲကို ၁၀ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပါတယ်။ သူဟာ ‌မီလန်အသင်းနဲ့အတူ ၂၀၁၆ – ၁၇ ရာသီတုန်းက စူပါကိုပါ အီတာလီယာ ဆုဖလားကို ဆွတ်ခူးထားနိုင်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment