Angel Di Maria နဲ့ ပီအက်စ်ဂျီရဲ့ ဇာတ်သိမ်း။

Angel Di Miria PSG
May 21, 2022

Angel Di Maria [ အိန်ဂျယ် ဒီမာရီယာ ] ဟာ PSG အသင်းမှာ

၇ နှစ်ကြာ ကစားခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

Angel Di Maria [ အိန်ဂျယ် ဒီမာရီယာ ] ရဲ့နာမည်ကို Parc des Princes မှာ ကိုယ်စားပြုတဲ့ ဆုဖလား တစ်ဒါဇင်ခွဲနဲ့ အာဂျင်တီးနားသားဟာ ဒီရာသီကုန်တာနဲ့ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းကနေ ထွက်ခွာတော့မှာလို့ PSG အသင်းကလည်း အတည်ပြုလိုက်ပါပြီ။ အသင်းကနေ Angel Di Maria [ အိန်ဂျယ် ဒီမာရီယာ ] ထွက်ခွာတာနဲ့ ဂျူဗင်တပ်စ်အသင်းကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ သွားကစားဖို့  နီးစပ်နေပြီလို့လည်း သိရပါတယ်။

ပြင်သစ်ကလပ်အသင်းဟာ တောင်ပံ ကစားသမားကို စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် စာချုပ်သစ်ချုပ်ဆိုခြင်း မရှိတော့ဘူးလို့ အတည်ပြုခဲ့ပြီး အာဂျင်တီးနားသားကို အပြီးသတ် ခေါ် ယူဖို့ ဂျူဗင်တပ်စ်အသင်းကို လမ်းခင်းပေးခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ အာဂျင်တီးနားသားအတွက် သူတို့ရဲ့ တစ်နှစ်တာ ရွေးချယ်မှုကို ခံယူဖို့ ငြင်းဆိုခဲ့ပြီး ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ တွန်းအားပေးခဲ့တယ်လို့ သတင်းတွေကလည်း ဖော်ပြခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အီတလီကလပ်ဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်း ဒီမာရီယာနဲ့ လေးနက်တဲ့ အဆင့်မြင့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ကစားသမားကို အပြီးသတ် ခေါ် ယူဖို့ မျှော်လင့်နေကြပြီ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဒီမာရီယာရဲ့ ကစားသမားဘဝ ကုန်ဆုံးချိန် မိခင်နိုင်ငံ အာဂျင်တီးနားကို မပြန်ခင် ကစားသမားကို တစ်နှစ်စာချုပ်နဲ့ ခေါ်ယူမယ်လို့ စီစဥ်နေကြပါတယ်။

အာဂျင်တီးနား လက်ရွေးစင်ကစားသမား ထွက်ခွာမှုနဲ့ ပတ်သက်ပြီး PSG အသင်းရဲ့ ဥက္ကဌ နာဆာ အယ် – ခယ်လိုက်ဖီ က အိန်ဂျယ်ဒီမာရီယာဟာ အသင်းရဲ့သမိုင်းကြောင်းကို သေချာပေါက် အမှတ်အသားပြုခဲ့ပါတယ်။

ကျွန်တော်တို့ အသင်းရဲ့ အရှိန်အဝါတွေကို ကာကွယ်ဖို့ မယိမ်းမယိုင်တဲ့ ကတိကဝတ်ကို ပြသခဲ့ပြီး အပြစ်ကင်းစင်တဲ့၊ စိတ်ဓာတ်ရှိတဲ့ ကစားသမားကောင်းအဖြစ် သူ့ကို အသင်းရဲ့ ပရိတ်သတ်တွေက အမှတ်ရနေမှာပါ။ လို့ ပြောကြားသွားပါတယ်။

Angel Di Miria PSG

ဂိုးသွင်းအပြီး အောင်ပွဲခံနေတဲ့ ဒီမာရီယာ။

ပဲရစ်ဆိန့်ဂျာမိန်းအသင်းရဲ့ အပြောင်းအရွှေ့

PSG အသင်းအတွက်တော့ ကီလီယန် အမ်ပါပေဟာ အသင်းမျာ ဆက်ရှိနေတော့မယ်ဆိုတဲ့ သတင်းတွေကြောင့် သူတို့ရဲ့ စီနီယာ ကစားသမားတွေထဲက တစ်ယောက်ရဲ့ ထွက်ခွာမှုကို စိတ်သက်သာရာ ရစေမှာပါ။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ အခုနွေရာသီမှာ ရီးရဲလ် မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ မျှော်လင့်ထားခဲ့ပေမယ့် ပြင်သစ်သားဟာ ပြင်သစ်ကလပ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သိသိသာသာ‌ ပြောင်းလဲလာနိုင်တယ်လို့ ဆိုပါတယ်။

တိုက်စစ်မှူး အမ်ပါပေရဲ့ အသင်းနဲ့ သက်တမ်းတိုးမှုဟာ ပီအက်စ်ဂျီရဲ့ တိုက်စစ်နေရာမှာ အစားထိုးဖို့ ကောလာဟလတွေထွက်ပေါ်နေတဲ့ ဘာစီလိုနာ တောင်ပံကစားသမား အော်စမန် ဒမ်ဘီလီကို ခေါ်ယူဖို့ အပြိုင်အဆိုင် မရှိတော့ဘူးလို့ သိရပါတယ်။ ဒါ့အပြင် အမ်ပါပေရဲ့ ထိပ်တန်းစာချုပ်မှာ ခေါ်ယူမှု အပိုဆုကြေး ယူရို သန်း ၃၀၀၊ တစ်နှစ်လုပ်ခ လစာ ယူရို သန်း ၁၀၀ နဲ့ နည်းပြတွေ၊ အပြောင်းအရွှေ့တွေ အပါအဝင် ကလပ်အသင်းရဲ့ အားကစား ပရောဂျက်ကို ထိန်းချုပ်နိုင်မယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေပါသေးတယ်။

Angel Di Miria PSG

ဂိုးဖန်တီးမှု ၁၀၄ ကြိမ်မြောက်တုန်းက အမှတ်တရဆုတံဆိပ်နဲ့ ဒီမာရီယာ။

ဒီမာရီယာနဲ့ပတ်သက်ပြီး PSG က ဘာတွေပြောခဲ့လဲ?

အခုအချိန်မှာတော့ ပီအက်စ်ဂျီအသင်းဟာ အာဂျင်တီးနား လက်ရွေးစင် ကစားသမား ထွက်ခွာတော့မယ်လို့ အတည်ပြုကြေညာခဲ့ပြီ ဖြစ်ပါတယ်။ ပြီးတော့ လီယွန်နယ် မက်ဆီ၊ နေမာတို့နဲ့ စူပါစတား တိုက်စစ်တွဲ ၃ ယောက်အဖြစ် ကစားခဲ့တဲ့ ဒီမာရီယာရဲ့ အသင်းမှာ တာဝန်ထမ်းဆောင်ခဲ့မှုအတွက် ကျေးဇူးတင်ကြောင်း အသင်းက ပြောကြားလိုက်ပါတယ်။

Rouge et Bleu [ ပီအက်စ်ဂျီ ဂျာစီ ] ကို ဝတ်ဆင်ပြီး အသင်းကို အကျိုးပြုခဲ့တဲ့ ၇ ရာသီအတွက် ပီအက်စ်ဂျီအသင်းက အိန်ဂျယ်ဒီမာရီယာကို ဂုဏ်ပြုချင်ပါတယ်။ လို့ အသင်းရဲ့ တရားဝင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အသင်းရဲ့ ဥက္ကဌကလည်း အိန်ဂျယ် ဒီမာရီယာဟာ ကလပ်သမိုင်းမျာ အမြဲတမ်းအမှတ်အသားတစ်ခု ချန်ထားခဲ့ပါတယ်။

အသင်းပရိတ်သတ်တွေရဲ့ ရင်ထဲမှာလည်း ကစားသမားကောင်းတစ်ယောက်အဖြစ် အမြဲသတိတရ ရှိနေကြမှာပါ။ ပြီးတော့ သူရထိုက်တဲ့ ဂုဏ်ကျေးဇူးကို ပေးဆောင်ဖို့ မနက်ဖြန်မှာ ပီအက်စ်ဂျီမိသားစုကို ပါဒက်စ်ပရိန့်ဆက်စ်မှာ တွေ့ဆုံဖို့ တောင်းဆိုချင်ပါတယ်။ လို့ ပြောကြားလိုက်ပါတယ်။

Angel Di Miria PSG

ဆုဖလားနဲ့အတူ အောင်ပွဲခံနေတဲ့ ဒီမာရီယာ။

အိန်ဂျယ်ဒီမာရီယာရဲ့ ပီအက်စ်ဂျီအသင်းနဲ့ အောင်မြင်မှုများ

တောင်ပံကစားသမားဟာ ၂၀၁၅ ခုနှစ် ဩဂုတ်လတုန်းက မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ကြေး ယူရို ၆၃ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပြင်သစ်ကလပ်အတွက် ပွဲစဥ်ပေါင်း ၃၀၀ နီးပါးလောက် ကစားပေးခဲ့ပါတယ်။ ပြိုင်ပွဲစုံ ၂၉၄ ပွဲကို ၉၂ ဂိုးသွင်း၊ ၁၁၈ ဂိုးအထိ ဂိုးဖန်တီးမှုတွေ ပြုလုပ်ထားနိုင်ပြီး အသင်းသမိုင်းတလျှောက် ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် စံချိန်သစ် မှတ်တမ်းတင်ထားပါတယ်။

ယူနိုက်တက် ကစားသမားဟောင်းဟာ ပီအက်စ်ဂျီအသင်းမှာ ၇ နှစ်ကြာ ကစားခဲ့ပြီး အသင်းနဲ့အတူ လီဂူး 1 ဖလား ၄ ကြိမ်၊ ပြင်သစ်စူပါဖလား ၅ ကြိမ်၊ ပြည်တွင်းလိဂ်ဖလား ၄ ကြိမ်၊ ကိုပါဒီဖရန့်စ် ၅ ကြိမ်နဲ့ စုစုပေါင်း ဆုဖလား ၁၈ ခုကို ဂုဏ်ယူဖွယ် ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment