အသင်းကနေ ထွက်ခွာတော့မယ့် Robert Lewandowski

Robert Lewandowski [ ရောဘတ်လီဝန်ဒေါစကီး ] ဟာ အသင်းကနေထွက်ခွာဖို့ သေချာသွားပါပြီ။ Robert Lewandowski [ ရောဘတ်လီဝန်ဒေါစကီး ] ဟာ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ရာသီနောက်ဆုံးဘွန်ဒက်စ်လီဂါပွဲစဉ်အပြီးမှာ ဘိုင်ယန်မြူးနစ်ပရိသတ်တွေကို နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟာ ၂၀၂၃ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်းတိုးစာချုပ်ချုပ်ဆိုမှာမဟုတ်ဘူးလို့ ဘိုင်ယန်မြူးနစ်က ပြောကြားခဲ့ပါတယ်။ တိုက်စစ်မှူးဟာ နွေရာသီမှာ စပိန်ကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေပြီး စနေနေ့က ဝုဖ်ဘတ်နဲ့ ၂ – ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ သူ့ရဲ့ လုပ်ရပ်တွေက မီးလောင်ရာလေပင့်ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။









