Frenkie De Jong ရဲ့ ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့

Frankie De Jong Barcelona
June 3, 2022

De Jong ရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့က ပြီးမြောက်ဖို့ ကြီးမားတဲ့ ခြေလှမ်းတစ်ခုပါပဲ။

Frenkie De Jong [ ဖရန့်ကီ ဒီဂျောင် ] ကို ခေါ်ယူဖို့  မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့  မျှော်လင့်ချက်တွေဟာ ရုပ်မြင်သံကြားဆိုင်ရာ အခွင့်အရေးတွေအတွက် CVC မှ ကမ်းလှမ်းမှုကို ပယ်ချဖို့ စပိန်ကလပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် သိသိသာသာ တိုးမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်ဟာ အိုးလ်ထရက်ဖို့ဒ်ကလပ်ရဲ့ ကွင်းလယ်ကို အားကောင်းစေလိုတဲ့ မန်ယူနိုက်တက်နည်းပြသစ် အဲရစ် တန်ဟက်ရဲ့ အဓိက အပြောင်းအရွှေ့ ပစ်မှတ်ဖြစ်ပါတယ်။ အရင် အေဂျက်အသင်းမှာတုန်းက သူ့ရဲ့ နည်းပြဟောင်းဟာ ကစားသမားကို ခေါ်ယူမှု စာရင်းရဲ့ ထိပ်ဆုံးမှာ စာရင်းသွင်းထားပြီးဖြစ်ပါတယ်။

နယ်သာလန်ကြယ်ပွင့်ဟာ ချန်ပီယံလိဂ်ဘောလုံးလောကနဲ့ တင်းမာမှုတို့ကြောင့် ဘာစီလိုနာက ထွက်ခွာဖို့ ဆန္ဒရှိနေပေမယ့် သဘောတူညီမှုရရှိခဲ့ခြင်းအပေါ် သံသယအချို့ရှိနေပါသေးတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဘာပဲဖြစ်ဖြစ် ကွင်းလယ်ကစားသမားကို ဘာကာအသင်းက ငွေပေးချေမှု ပြုလုပ်ဖို့ အလားအလာကောင်းတွေ အမြဲရှိနေပါတယ်။ ဒါပေမယ့် မကြာသေးမီ နာရီပိုင်းတွေက အဖြစ်အပျက်တွေကြောင့် ကတ်တလန်သားတွေရဲ့ ငွေကြေးလိုအပ်မှုကို ပိုပြီး အရှိန်မြင့်လာစေခဲ့ပါတယ်။ ဒါကြောင့်မို့ ယူနိုက်တက်အသင်းအနေနဲ့လည်း ကစားသမားကို ခေါ်ယူနိုင်ဖို့ ပိုနီးစပ်လာခဲ့တာ ဖြစ်ပါတယ်။

အဓိက သဘောတူညီမှုကို ပယ်ချလိုက်တဲ့ ဘာစီလိုနာ။

RAC1 ရဲ့ အဆိုအရ ဘာစီလိုနာအသင်းဟာ လာမယ့် နှစ် ၄၀ အတွင်း ကလပ်အသင်းရဲ့ ရုပ်မြင်သံကြားဆိုင်ရာ လုပ်ပိုင်ခွင့် ၈.၂ ရာခိုင်နှုန်းကို ရောင်းချရဖွယ်ရှိတဲ့ CVC နဲ့ စာချုပ်ကနေ နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။ အဲ့ဒီ စာချုပ်က Blaugrana [ ဘာစီလိုနာ အသင်း ] အတွက် ယူရို သန်း ၂၇၀ တန်ကြေးရှိမယ်လို့ ယူဆရပါတယ်။

Frankie De Jong will leave barcelona

ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ့် ဖရန့်ကီ ဒီဂျောင်

BLM ရဲ့ ၄၉.၉ % ကို ရောင်းထုတ်ဖို့ သဘောတူညီမှုဟာ ကလပ်အသင်းရဲ့ ပုံရိပ်အခွင့်အရေးကို မြှင့်တင် တည်ထောင်ထားဖို့ ယူရိုသန်း ၂၀၀ ဝန်းကျင် တန်ဖိုးရှိနေဆဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Barcelona အသင်းဟာ ဒီဆုံးဖြတ်ချက်ကြောင့် အချိန်တိုအတွင်း ပိုဆိုးလာနိုင်တဲ့ ဘဏ္ဍာရေး ပြသနာကြီးကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် စာချုပ်သက်တမ်းကြာလာတာနဲ့အမျှ ပိုကောင်းလာမယ်လို့ ကလပ်အသင်းက မျှော်လင့်နေပါတယ်။

ဘာကာအသင်းရဲ့ အပြောင်းအရွှေ့

ပြီးတော့ ဒါက ဘာကာအသင်းအတွက် ပိုရှုတ်ထွေးစေပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချရမယ်ဆိုတာ ရှင်းပါတယ်။ ကွင်းလယ်လူ Frenkie De Jong [ ဒီဂျောင် ] ကို ရောင်းချခြင်းဟာ စိန်ခေါ်မှုအနေနဲ့ အဆိုးတွေထဲက အကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးတော့ ဒီဂျောင်ဟာ အသင်းရဲ့ အရောင်းအဝယ် အဖြစ်နိုင်ဆုံးနဲ့ စတေးခံ ကစားသမားတစ်ဦး ဖြစ်နေပါတယ်။

ဒါ့အပြင် အဲ့ဒီအချက်က ရိုဘတ် လီဝန်ဒေါစကီး၊ ရာဖင်ညာနဲ့ တခြားသူတွေအတွက် အပြောင်းအရွှေ့ သဘောတူညီချက်တွေကို သံသယ၀င်စေပါတယ်။ မှန်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး စပိန်လာလီဂါ ဥက္ကဌ ဂျာဗီယာ တီဘက်စ်ကလည်း ဘာစီလိုနာနဲ့ လီဝန်ဒေါစကီးရဲ့ ‌အပြောင်းအရွှေ့ကိစ္စကို တိတိကျကျ ပြောကြားထားပါတယ်။

Frankie De Jong and Erick Ten Hag

အေဂျက်အသင်းမှာတုန်းက နည်းပြအဲရစ်ခ်တန်ဟက်နဲ့ ကွင်းလယ်လူ ဖရန့်ကီ ဒီဂျောင်။

ရိုဘတ် လီဝန်ဒေါစကီးရဲ့ ဘာစီလိုနာ အပြောင်းအရွှေ့

စပိန်ကလပ် ဘာစီလိုနာအသင်းဟာ ငွေကြေးအခက်အခဲအရ ခေါ်ယူဖို့ မတတ်နိုင်ဘူးလို့ ပြောကြားထားပါတယ်။ Desayuno Deportivo နဲ့ အင်တာဗျူးမှာ တီဘက်စ်က ကတ်တလန်ကလပ်ဟာ မလိုအပ်တဲ့ အပိုင်းအစ အချို့ကို ဖယ်ရှားပစ်ရမယ်လို့ မှတ်ချက်ပြုထားပါတယ်။ ပြီးတော့ ဘာစီလိုနာအနေနဲ့ စီးပွားရေးထိန်းချုပ်မှုကို ကောင်းကောင်းသိပါတယ်။ သူတို့ ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်းသိပြီးသားပါ။ ဒါပေမယ့် အခုချိန်မှာတော့ ကလပ်အသင်းအနေနဲ့ ဘိုင်ယန် နံပါတ် ၉ တိုက်စစ်မှူးကို ခေါ်ယူနိုင်မှာ မဟုတ်သေးပါဘူး။

ပိုလန်တိုက်စစ်မှူးဟာ ဂျာမန်ကလပ်နဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမယ့် အသင်းကနေ ထွက်ခွာဖို့  တောင်းဆိုးထားပါတယ်။ လောလောဆယ်တော့ တိုက်စစ်မှူးရဲ့ အေးဂျင့်ကလည်း ဘာစီလိုနာနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေပါသေးတယ်။

Lewandoski's contract untill 2023

လီဝန်ဒေါစကီးရဲ့ အသင်းနဲ့ စာချုပ်က ၂၀၂၃ ခုနှစ် ကျန်ရှိနေပါတယ်။

အခုအချိန်အထိ နည်းပြဇာဗီရဲ့ အသင်းမှာ နောက်နှစ်ရာသီအတွက် အသင်းစာရင်းမှာ မရှိတော့ဘူးလို့ ကြေညာထားတဲ့ ကစားသမား ဘယ်တစ်ယောက်ကိုမှာ မဖယ်ရှားနိုင်သေးပါဘူး။ ဆမ်မြူယယ် အမ်တီတီ၊ ရီကွီပွီ၊ မင်ဂွေဇာနဲ့ လင်ဂလတ်တို့က အခုထိ အသင်းစာရင်းထဲမှာ ရှိနေဆဲပါ။ ဖော်ပြပါ ကစားသမားတွေရဲ့ အပြောင်းအရွှေ့ကိစ္စ စိတ်ဝင်စားသူ ရှိမရှိ၊ ပြောင်းရွှေ့ကြေးကိစ္စနဲ့ ပတ်သက်ပြီး တိကျသေချာတဲ့ အချက်အလက်တွေ မရှိသေးပါဘူး။

ဒါကို မန်ချက်စတာ ယူနိုက်တက်အသင်းက အကျိုးအမြတ် အခွင့်ကောင်းရရှိဖို့ ရပ်တည်နေပါတယ်။ ဘာစီလိုနာအသင်းဟာလည်း အခုချိန်မှာ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရကြောင်း သိရှိရတာကြောင့် ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ကိစ္စမှာအတွက် ပိုမိုအဆင်ပြေတဲ့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းခွင့်ပြုသင့်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment