Antonio Rudiger က ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ အတည်ပြု။

Antonio Rudiger to Real Madrid
June 4, 2022

ချဲလ်ဆီး နောက်ခံလူ Antonio Rudiger [ ရူဒီဂါ ] ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းတာနဲ့

သူ့နေရာ အစားထိုးနိုင်တဲ့ နောက်ခံလူ ၅ ဦး

Antonio Rudiger [ အန်တိုနီယို ရူဒီဂါ ] ဟာ ချဲလ်ဆီးအသင်းနဲ့ ဇွန် ၃၀ ရက်နေ့မှာ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ်တူချယ်က အဆိုပါအပြောင်းအရွှေ့ဟာ လအတော်ကြာနေပြီလို့ သိပြီး ဖြစ်နေပါတယ်။ တကယ်တော့ ဒါဟာ ချဲလ်ဆီးအသင်းရဲ့ ခံစစ်ကနေ ထွက်ခွာခဲ့တဲ့ အဓိက ကစားသမား အများအပြားထဲက ပထမဆုံး ဖြစ်ဖွယ်ရှိပြီး ခရစ္စတီယန်ဆန်ဟာ ဘာစီလိုနာအတွက် ပြောင်းရွှေ့သွားဖွယ် ရှိနေပါတယ်။

ဆီဇာ အက်ဇပလီကွေတာနဲ့ မာကို့စ် အလွန်ဆိုတို့လည်း ထွက်ခွာနိုင်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပိုင်ရှင်သစ်များရောက်ရှိလာပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ အဓိက ခေါ်ယူမှုစမ်းသပ်မှုတစ်ခုနဲ့ ရင်ဆိုင်ရတာကြောင့် နောက်ထပ် ကစားသမားတွေ ခေါ်ယူဖို့ ဈေးကွက်ရှာ‌ဖွေနေခြင်း ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဒါကြောင့် Antonio Rudiger [ အန်တိုနီယို ရူဒီဂါ ] နေရာမှာ အစားထိုးဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့

ကစားသမား ၅ ဦးကို ဖော်ပြချင်ပါတယ်။

#၁ ဂျူးစ် ခွန်ဒဲ

ချဲလ်ဆီးအတွက် ပထမဆုံးနဲ့ အထင်ရှားဆုံး ရွေးချယ်မှုကတော့  ဆီဗီလာအသင်းက ဂျူးစ်ခွန်ဒဲ ဖြစ်ပါတယ်။ ပြင်သစ်သားအတွက် စာချုပ်ချုပ်ဆိုမှုဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ပြီးဆုံးလုနီးပါးဖြစ်ပြီး စပိန်အသင်းဟာ နောက်ဆုံးအခြေအနေမှာ သူတို့ရဲ့ တောင်းဆိုမှုနှုန်းကို ရုတ်တရက် မြင့်တက်လာတဲ့အထိ စတန်းဖို့ဒ်ဘရစ်ခ်ျကို ရောက်ရှိလာဖို့ ရည်မှန်းထားပုံရပါတယ်။

Jules Kounde Sevilla

ဆီဗီးလားနောက်ခံလူ ဂျူးစ်ခွန်ဒဲ။

ကစားသမားရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ တားဆီးထားပေမယ့် သတင်းတွေက ချယ်လ်ဆီးဟာ ခွန်ဒဲကို ခေါ်ယူချင်နေသေးဖြစ်ပြီး အနီးကပ် စောင့်ကြည့်နေကြောင်း အတည်ပြုခဲ့သည်။ ညာနောက်ခံလူအပြင် ဗဟိုခံစစ်မှာပါ ကစားနိုင်စွမ်းရှိတဲ့ ခွန်ဒဲဟာ စွယ်စုံရရှိပြီး တူချယ်ရဲ့ ကစားကွက်မှာ ကျယ်ပြန့်တဲ့ ဗဟိုနောက်ခံအခန်းကဏ္ဍနဲ့ အံဝင်ဂွင်ကျ ဖြစ်ပါတယ်။

တစ်ခုတည်းသော ပြသနာကတော့ သူဟာ ညာဘက်မှာပဲ အမြဲတမ်းကစားနေခဲ့ပြီး နောက်တန်းသုံးယောက်နေရာမှာဆိုရင်တော့ အထူးသဖြင့် ရူဒီဂါကစားတဲ့ ဘယ်ဘက်ဗဟိုခံစစ်နေရာကို ပြောင်းကစားမယ်ဆိုရင် အနည်းငယ် အခက်တွေ့နိုင်ပါတယ်။

ဒါပေမယ့် ခွန်ဒဲဟာ လိုက်လျောညီထွေဖြစ်အောင် ကစားနိုင်စွမ်းရှိပြီး တိုက်စစ်ဆင်တဲ့အခါမှာလည်း နောက်ခံလူ ရူဒီဂါလိုမျိုး တစ်ထေရာတည်း ကစားနိုင်မှာ သေချာပါတယ်။ ဂျာမနီလက်ရွေးစင် Antonio Rudiger [ အန်တိုနီယို ရူဒီဂါ ] ရဲ့ ပြင်းထန်တဲ့ ကစားပုံတွေကို လက်လွှတ်ဆုံးရှုံးရတော့မှာ ဖြစ်ပေမယ့် ခွန်ဒဲကို ခေါ်ယူလိုက်မယ်ဆိုရင်တော့ အားလုံး အဆင်ပြေသွားမှာ ဖြစ်ပါတယ်။

#၂ မတ်ထိုက်စ် ဒီလစ်

ဟော်လန် လက်ရွေးစင် မတ်ထိုက်စ် ဒီလစ်ဟာ အေဂျက်အသင်းမှာကတည်းက ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေခဲ့ပါတယ်။ အခုအချိန်မှာတော့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ အဆင်မပြေသေးပါဘူး။ နယ်သာလန်သားဟာ လအတော်ကြာ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ မင်နို ရိုင်အိုလာက အဆိုပါ ကောလာဟလတွေကို အတည်ပြုခဲ့ပါတယ်။

Matthijs de Ligt Juventus

ဂျူဗင်တပ်စ်နောက်ခံလူ မတ်ထိုက်စ် ဒီလစ်။

ဂျူဗင်တပ်စ်အသင်းဟာ ဒီလစ်ကို ၂၀၁၉ ခုနှစ်တုန်းက အေဂျက်ကနေ ပြောင်းရွှေ့ကြေး ပေါင် ၆၇ သန်းနဲ့ ‌ပေးချေ ခေါ်ယူပြီး ဖြစ်တာကြောင့် တခြားဘယ်ရောင်းချမှုနဲ့မဆို ငွေကြေး ပြန်လည်ရယူဖို့ စိတ်အားထက်သန်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ချဲလ်ဆီးအသင်းဟာ နောက်တန်း (၃)ယောက်စာရင်းရဲ့ ဘယ်ဘက်အခြမ်းမှာ ကစားတဲ့ နောက်တန်းတစ်ယောက်ယောက်ကို ငွေပေးချေဖို့အတွက် ပြင်ဆင်ထားဖို့ လိုအပ်နေပါပြီ။

#၃ အလက်စန်းဒရို ဘတ်စ်တိုနီ

ဘိုရုစီယားဒေါ့မွန်ကို မရွေးချယ်ခင် ချယ်လ်ဆီးနဲ့ ချိတ်ဆက်ခဲ့တဲ့ နီကို ရှလော်တာဘက်လိုမျိုး၊ အလက်စန်းဒရို ဘတ်စ်တိုနီဟာလည်း ရူဒီဂါနေရာမှာ ကစားဖို့ အထောက်အကူ ဖြစ်စေမယ့် ဘယ်သန်နောက်တန်းတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားဟာ ဘောလုံးကိုင်ဆောင်ပုံ၊ ဆွဲပြေးပုံနဲ့ ဖြန့်ဝေပေးပုံတွေက တကယ်ကို ကောင်းမွန်ပြီး လန်ဒန်အသင်းနဲ့ သင့်လျော်နိုင်ပါတယ်။

Alessandro Bastoni Inter Milan

အင်တာမီလန်နောက်ခံလူ အလက်စန်းဒရို ဘတ်စ်တိုနီ။

ဘတ်စ်တနိုနီဟာ အင်တာမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ၂၀၂၄ အထိရှိနေပြီး  အသင်းအနေနဲ့ စာချုပ်ကုန်ထိမစောင့်ပဲ ရောင်းထုတ်ရမယ့်အနေအထားမှာ ရှိနေပါတယ်။

#၄ ဘန်နွိုက် ဘာဒီယာရှိုက်

Benoit Badiashile Monaco

မိုနာကိုနောက်ခံလူ ဘန်နွိုက် ဘာဒီယာရှိုက်။

မိုနာကိုနောက်ခံလူ ဘန်နွိုက် ဘာဒီယာရှိုက်ကို အမည်မဖော်လိုတဲ့ ပရီးမီးယားလိဂ်ကလပ်နှစ်သင်းက ခေါ်ယူလိုနေပြီး တစ်ခုမှာ နယူးကာဆယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းသာ အလားအလာရှိတဲ့ ဗဟိုနောက်ခံလူကို စိတ်ဝင်စားနေတဲ့ တခြားအသင်းဖြစ်ခဲ့မယ်ဆိုရင်တော့ ယုတ္တိရှိမှာ ဖြစ်ပါတယ်။ ဘာဒီယာရှိုက်ဟာ ဘယ်သန်တစ်ယောက်ဖြစ်ပေမယ့် ရူဒီဂါနဲ့ ကစားပုံချင်းတူနေပါတယ်။ အသက် ၂၁ နှစ်အရွယ် ကစားသမားရဲ့ အသင်းနဲ့ စာချုပ်က ၂၀၂၄ ထိ ရှိနေပါတယ်။

ပြီးတော့ မိုနာကိုအသင်းက ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၄၀ အောက်ထစ်တင်ထားတယ်လို့ သိရှိရပါတယ်။

#၅ မာကွင်းညို့စ်

Paris Saint-Germain အသင်းခေါင်းဆောင် မာကွင်းညို့စ်ဟာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားရှာဖွေရေး ရေဒါထဲက  နောက်ထပ်နာမည်တစ်ခု ဖြစ်ပါတယ်။ ဘရာဇီးလ် နောက်ခံလူဟာ အသင်းဖော်ဟောင်း သီယာဂိုဆေးလ်ဗားက စတန်းဖို့ဒ်ဘရစ်ရှ်အသင်းဆီ ထွက်ခွာသွားပြီးကတည်းက ပါရီအသင်းမှာ အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။

မာကွင်းညို့စ်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း အသင်းရဲ့ ထိပ်တန်းကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့တာကြောင့် ကလပ်အနေနဲ့ သူ့ကို ဆက်လက်ထိန်းသိမ်းထားဖို့ အရှိန်အဟုန်ပြင်းစွာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Marquinhos PSG

PSG နောက်ခံလူ မာကွင်းညို့စ်။

အသက် ၂၈ နှစ်အရွယ်ကစားသမားရဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိနေသေးတဲ့အပြင် စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတာလည်း ရှိပါသေးတယ်။ အဲ့ဒီတော့ ချဲလ်ဆီးအသင်းအနေနဲ့ နောက်ခံလူအတွက် တန်ရာတန်ကြေးထက် ပိုပေးဆောင်ရမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment