Argentina သားတို့ရဲ့ အောင်ပွဲနောက်ကွယ်က အချက် ၃ ချက်

Argentina Finalissima Victory
June 2, 2022

ကိုပါ အမေရိက ချန်ပီယံ Argentina [ အာဂျင်တီးနား ] အသင်းရဲ့ Finalissima အောင်ပွဲ

Argentina [ အာဂျင်တီးနား ] အသင်းဟာ တောင်အမေရိက ချန်ပီယံ ကိုယ်စားပြုအသင်းဖြစ်ပြီး ဥရောပ ချန်ပီယံ ကိုယ်စားပြုအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လီယွန်နယ်မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ အီတလီနဲ့ ဗိုလ်လုပွဲမှာ ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ကွန်မီဘော-ယူအီးအက်ဖ်အေ ချန်ပီယံဖလားကို သိမ်းပိုက်ခဲ့ကြပါတယ်။

EURO 2020 ချန်ပီယံတွေဟာ ပြိုင်ဘက် အာဂျင်တီးနားအသင်းနဲ့ အကြိတ်အနယ် ရှိခဲ့ပြီး တောင်အမေရိကအသင်း တိုက်စစ်အတွဲနဲ့ ‌အတော်လေး အခက်တွေ့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲကစားချိန် ၂၈ မိနစ်မှာ လီယွန်နယ် မက်ဆီက ဂျီယိုဗန်နီ ဒီလိုရန်ဇိုဆီကနေ လှလှပပ လှည့်ထွက်ပြီး ဘောလုံးကို  ဂိုးဧရိယာရှေ့ ဖြတ်ပို့ပေးလိုက်ပါတယ်။

အဲ့ဒီနောက် ဂိုးရှေ့မှာ အဆင်သင့်ရှိနေတဲ့ အင်တာမီလန်တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ဟာ မက်ဆီရဲ့ ကြိုးစားအားထုတ်မှုကို  ရိုးရိုးရှင်းရှင်းပုံစံနဲ့ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အာဂျင်တီးနားအသင်းရဲ့ တန်ပြန်တိုက်စစ်က အတော်လေး ကောင်းမွန်ခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်ပြီးခါနီးမှာ တန်ပြန်တိုက်စစ်ကနေတဆင့် တိုက်စစ်မှူး မာတီနက်ဇ်က တိုက်စစ်ဆင်လာပြီး နောက်ခံလူ ချီလီနီအနားကနေ ဂိုးရှေ့ ဖြတ်ပို့ပေးလိုက်ပါတယ်။ မာတီနက်ဇ်ရဲ့ ပေးပို့မှုကို တောင်ပံတိုက်စစ် အိန်ဂျယ် ဒီမာရီယာက ဂိုးသမား ဒွန်နာရမ်မာအပေါ်ကနေ ကျော်ထည့်ပြီး ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။

Argentina Finalissima Victory

Finalissima ချန်ပီယံဖလားနဲ့အတူ အောင်ပွဲခံနေကြတဲ့ အာဂျင်တီးနားအသင်း။

အီတလီအသင်းဟာ ၂-၀ ဂိုးနဲ့ ရှုံးနိမ့်နေပြီး အာဂျင်တီးနားအသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို တောက်လျှောက်ရင်ဆိုင်ခဲ့ရပါတယ်။ ကိုပါအမေရိက ၂၀၂၁ ချန်ပီယံ‌တွေဟာ ဒုတိယပိုင်းတွင် ပိုကောင်းခဲ့ပေမယ့် အီတလီသားတွေဟာ သူတို့ရဲ့ ကစားကွက်ကို သင်ခန်းစာယူခဲ့ကြပြီး အနည်းငယ် ပိုကောင်းအောင် ကာကွယ်နိုင်ခဲ့ကြပါတယ်။ အာဂျင်တီးနားသားတွေဟာ တတိယမြောက် အနိုင်ဂိုးကို ရရှိဖို့ နာကျင်အချိန်ပိုအထိ စောင့်ဆိုင်ခဲ့ရပါတယ်။

 

အဲ့ဒီဂိုးကို နာကျင်အချိန်ပို ၉၀+၄ မိနစ်မှာ ဂျူဗင်တပ်စ် တိုက်စစ် ပေါ်လို ဒီဘားလားက ဂိုးသမား လက်လှမ်းမမီတဲ့ ဂိုးတိုင်ဒေါင့်ကို လှလှပပ သွင်းယူနိုင်ခဲ့ပါတယ်။ တတိယမြောက်အနိုင်ဂိုးမှာလည်း မက်ဆီပါဝင် ပတ်သက်နေခဲ့ပါသေးတယ်။

လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနားအသင်း အခုလို ကွန်မီဘော-ယူအီးအက်ဖ်အေ ချန်ပီယံဖလားကို ဆွတ်ခူးသွားနိုင်တာရဲ့ နောက်ကွယ်က အချက် ၃ ချက်ကို ဖော်ပြချင်ပါတယ်။

#၃ အီတလီနောက်တန်းဟာ အာဂျင်တီးနားရဲ့  ရှေ့တန်း ၃ ယောက်ကို မထိန်းချုပ်နိုင်ခဲ့ပါ။

ဒီပွဲစဥ်မှာ အီတလီရဲ့ နာမည်ကြီး ခံစစ်ပိုင်း အားနည်းသွားပြီး  ဦးဆောင်ဂိုးကို သွင်းယူချိန်မှာ မက်ဆီက နောက်ခံလူ ဒီလော်ရန်ဇိုကို သာသာယာယာ ကျော်ဖြတ်နိုင်ခဲ့တဲ့အပြင် ဂိုးဧရိယာရှေ့ နောက်ခံလူတွေရှိပါလျက် ဘောလုံးကို ဖြတ်မထုတ်နိုင်လိုက်ပါဘူး။ ပြီးတော့ အီတလီနောက်တန်းတွေဟာ မက်ဆီ၊ မာတီနက်ဇ် နဲ့ ဒီမာရီယာတို့ ရဲ့ အလျင်အမြန် တိုက်စစ် ၃ ယောက်နဲ့  ရုန်းကန်ရတာ အထူး ထင်ရှားပါတယ်။

Italy lost Finalissima Final

အာဂျင်တီးနားဘက်ကို အဖွင့်ဂိုး ခွင့်ပြုလိုက်ရစဥ်။

ဒီမာရီယာက ဒုတိယဂိုးအတွက် ချီလီနီကို အမြန်ကျော်ဖြတ်နိုင်ခဲ့ခြင်းက သူတို့ရဲ့ ချို့ယွင်းချက်တွေကို သိသိသာသာ ပေါ်လွင်စေခဲ့ပါတယ်။ နောက်ခံလူတွေက ဂိုးပေါက်တည့်တည့်မှာ ရှစ်ကြိမ်တိုင်တိုင် ဂိုးမသွင်းနိုင်တာတောင် ပုံမှန်ထက်သူ့ကို အရမ်းကြီး အာရုံစူးစိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် မက်ဆီဟာ ကောင်းမွန်တဲ့ ကစားပုံစံတွေနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

#၂ အီတလီရဲ့ ပွဲဦးထွက် XI က သူတို့ရဲ့ အကောင်းဆုံး မဟုတ်သလို သူတို့ရဲ့ စွမ်းဆောင်ရည်ကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။

ပွဲထွက်စာရင်းမှာ ဘာရာဒီ၊ အီမိုဘီလီ၊ ခီယေဇာ၊ အင်ဆိုင်ညာ၊ ဗာရတ်တီနဲ့ ကစ်ထရိုဗီလီတို့လို့ ခြေစွမ်းကောင်း ကစားသမားတွေ မပါဝင်ခဲ့ပါဘူး။ ရောဘတ်တို မန်စီနီက ဖီဒရီကို ဘာနာဒက်စ်ချီ၊ အန်ဒရီယာ ဘဲလော့တီ၊ ဂျီယာကိုမို ရက်စပါဒိုရီ တို့ကို ရှေ့တန်း ၃ ဦးနဲ့ ပွဲထွက်ခဲ့ပါတယ်။ ကံမကောင်းစွာပဲ အဲ့ဒီရှေ့တန်း သုံးယောက်သားဟာ ပွဲစဥ်တလျှောက် ခြေစွမ်းပြတာတွေ များများစားစား မတွေခဲ့ရပါဘူး။

Di Maria Vs Italy

အီတလီဘက်ကို ဒုတိယမြောက် ဦးဆောင်ဂိုး သွင်းယူနေတဲ့ ဒီမာရီယာ။

ဗာရတ်တီရဲ့ ရုန်းအားနဲ့ ခံစစ်ပိုင်း ပံ့ပိုးမှုတွေ ကွင်းလယ်မှာ လိုအပ်နေခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ ဒီရာသီ စီးရီးအေမှာ ၂၇ ဂိုး သွင်းယူခဲ့တဲ့ စီရို အီမိုဘီလီ ရှိခြင်းက သူတို့ကို ရှေ့ဆက်မယ့် တိုက်စစ်စွမ်းအားတွေ အများကြီး ပေးစွမ်းနိုင်မှာပါ။ အသင်းသည် ယမန်နှစ်က ဝင်ဘလေတွင် ယူရိုဖလားရရှိခဲ့သည့်အသင်းနှင့် အလွန်ကွာခြားခဲ့ပြီး တောင်အမေရိကအသင်းနဲ့ ယှဥ်ပြိုင်ရတာ အရမ်းကို ခက်ခဲခဲ့ပါတယ်။

#၁ လီယွန်နယ်မက်ဆီရဲ့ ခမ်းနားတဲ့ အတိတ်ဟောင်းက ခြေစွမ်းတွေကို ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီဟာ အီတလီနဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ကွင်းထဲတွင် အခြားသူများထက် ဂိုးပေါက်ကန်သွင်းမှု ၈ ကြိမ်အထိ ရှိခဲ့ပါတယ်။ အာဂျင်တီးနား အသင်းခေါင်းဆောင်ရဲ့ စွမ်းဆောင်ရည်က အံ့မခန်းဖြစ်နေဆဲဖြစ်ပြီး သူ့ဟာ ဒီပွဲစဥ်မှာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ အသင်းခေါင်းဆောင်ဟာ ပထမနဲ့ တတိယဂိုးအတွက် ဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နောက်ထပ် သူ့ရဲ့ စွမ်းဆောင်ရည်တွေကတော့ အများကြီး ကျန်ရှိနေပါသေးတယ်။

Lionel Messi Vs Italy

အီတလီဘက်ကို တိုက်စစ်ဆင်နေတဲ့ လီယွန်နယ် မက်ဆီ။

သူ့ရဲ့ စွမ်းဆောင်ရည်က အထင်ကြီးစရာကောင်းပြီး ဘောလုံးအထိန်းအသိမ်း၊ ပေးပို့မှုတွေ၊ အလိမ်အခေါက်တွေကို ကြည့်ခြင်းအားဖြင့် ဟိုးအရင် ရွှေရောင်နေ့ရက်တွေတုန်းကလို ခြေစွမ်းတွေကို ပြန်လည် မြင်တွေ့ခဲ့ရပါတယ်။ ဘာစီလိုနာကစားသမားဟောင်းဟာ 92% pass တိကျမှုကို ထိန်းသိမ်းထားပြီး ပွဲစဥ်မှာ ဂိုးရရှိဖို့ အခွင့်အရေး ၄ ခုကိုလည်းဖန်တီးခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment