Pau Torres ကို ခေါ်ယူနိုင်တော့မယ့် မန်ချက်စတာယူနိုက်တက်

Pau Torres villareal
May 27, 2022

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ Pau Torres [ ပါအူ တောရက်စ် ] ကို ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။

Pau Torres [ ပါအူ တောရက်စ် ] ကို ယူနိုက်တက်အသင်းအနေနဲ့ ဒီနွေရာသီမှာ ခေါ်ယူဖို့ အပြင်းအထန် စိတ်ဝင်စားနေပါတယ်။  မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၂၀၂၂/၂၀၂၃ ရာသီအတွက် သူတို့ရဲ့ ခံစစ်ရွေးချယ်မှုတွေကို မြှင့်တင်လိုနေတာ ဖြစ်ပါတယ်။ ဒီသဘောနဲ့ နည်းပြ အဲရစ် တန်ဟက်ရဲ့ အသင်းဟာ လက်ရှိဗီလာရီးရဲလ်ခံစစ်ကို ကာကွယ်နေတဲ့ နောက်ခံလူ ပေါအူ‌ တောရက်စ်အတွက် အရမ်းကြီးမများတဲ့ ယူရို သန်း ဆယ်ဂဏန်းပမာဏတစ်ခုနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ဒါကြောင့် စပိန်သတင်းစာ Marca ရဲ့ ဖော်ပြချက်အရ သရဲနီတွေဟာ နောက်ခံလူအတွက် ယူရိုသန်း ၅၀ အထိ ပေးချေနိုင်တယ်လို့ ဆိုပါတယ်။ ယူနိုက်တက် အသင်းအနေနဲ့ နောက်ခံလူ Pau Torres [ ပါအူ တောရက်စ် ] နဲ့ အတူ ဆက်လက်လုပ်ဆောင်ဖို့ အဝါရောင် စပိန်ကလပ် အသင်းအနေနဲ့ လာမယ့်အပြောင်းအရွှေ့ ကာလမှာ အခက်အခဲ ရှိနိုင်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အသုံးပြုရမယ့် ပြောင်းရွှေ့ကြေး

ဗြိတိန်သတင်းစာ The Express ရဲ့ ဖော်ပြချက်အရ အဆိုပါနောက်ခံလူကို မန်ယူနည်းပြသစ် တန်ဟက်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားရဲ့ အေးဂျင့်တွေက အပြောင်းအရွှေ့ ကိစ္စ ညှိနှိုင်းမှုတွေ စတင်လုပ်ဆောင်ဖို့အတွက် မန်ချက်စတာကို တာဝန်ရှိသူတွေနဲ့ သွားရောက်ရောက်တွေဆုံရမှာ ဖြစ်ပါတယ်။ စပိန်လက်ရွေးစင် ပါအူ တောရက်စ်ဟာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ပတ်ဝန်းကျင်သာ ရှိနေပါတယ်။ သို့ပေမယ့်လည်း ငွေကြေးအခက်အခဲကြောင့် ဗီလာရီးရဲလ် အသင်းဟာ နောက်ခံလူကို လျှော့ဈေးနဲ့ ရောင်းချဖို့ သဘောတူခဲ့ပါတယ်။

ဟယ်ရီ မက်ဂွိုင်းယားအ‌ပေါ် နည်းပြတန်ဟက်ရဲ့ မှတ်ချက်

စပိန်နောက်ခံလူကို တောင်းဆိုခဲ့ပေမယ့်  နည်းပြ အဲရစ်တန်ဟက်ဟာ ခြေစွမ်းကျေနပ်ဖွယ် မရှိခဲ့တဲ့ ယူနိုက်တက်အသင်း သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားကို လက်မလွှတ်ခဲ့ပါဘူး။ ယူနိုက်တက် ပရိတ်သတ်တွေကလည်း ဒီအင်္ဂလန် နောက်ခံလူကို အဆက်မပြတ် ဝေဖန်မှုတွေ ရှိနေကြပါတယ်။ ဒါပေမယ့် သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာလည်း နည်းပြက နောက်ခံလူကို ချီးကျူးခဲ့ပါသေးတယ်။

နည်းပြ တန်ဟက်က နောက်ရာသီမှာ ကွာခြားလိမ့်မယ်၊ ဒါပေမယ့် သူက ကြီးကျယ်တဲ့ အလုပ်တစ်ခု လုပ်ခဲ့တယ် လို့ ကျွန်တော် ထင်ပါတယ်။ သူက အရမ်းကောင်းတဲ့ ကစားသမားပါ။ မန်ချက်စတာယူနိုက်တက်အတွက် သူ့ရဲ့ ပံ့ပိုးကူညီမှုတွေနဲ့အတူ သူအများကြီး စွမ်းဆောင်ထားပြီးသားပါ။ သူနဲ့ အလုပ်တွဲလုပ်ဖို့ စောင့်နေပါတယ်။ လို့ ပြောကြားခဲ့ပါတယ်။ ချီးကျူးမှုအပြီးမှာတော့ သရဲနီပရိသတ်တွေက နယ်သာလန်နည်းပြရဲ့ အစီအစဥ် ခြေလှမ်းတွေကို စောင့်ကြည့်ခဲ့ကြပါတယ်။

Pau Torres vs Juventus

ဂျူဗင်တပ်စ်အသင်းကို ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ ပါအူတောရက်စ်။

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူများ

ပြီးခဲ့တဲ့ ၂၀၂၁/၂၀၂၂ ရာသီတလျှောက် ယူနိုက်တက်အသင်းဟာ ခံစစ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နောက်ဆုံး ၄၉ ပွဲမှာ ၆၉ ဂိုးအထိ ပေးခဲ့ရပါတယ်။ မကြာသေးမီက မန်နေဂျာသစ်အဖြစ် ကြေညာခဲ့တဲ့ အဲရစ်တန်ဟက်ဟာ ဒီပြဿနာကို သတိပြုမိပြီး ခံစစ်ကို ပြန်တည်ဆောက်ဖို့ နောက်ထပ် နောက်ခံလူတွေကို ရှာဖွေနေတာ ဖြစ်ပါတယ်။ လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်းမှာ လင်ဒီလော့ဖ်၊ ဘိုင်လီ၊ ဖီးလ်ဂျုံးစ်၊ မက်ဂွိုင်းယားနဲ့ ရာဖေးလ် ဗာရန်း စုစုပေါင်း နောက်ခံလူ (၅)ဦး ရှိပါတယ်။

ဂျာစီနံပါတ် ၄ ကို ရနိုင်မလား?

အဲ့နောက်တန်းတွေနဲ့ ပတ်သက်ပြီး အင်္ဂလန်ကလပ်အသင်းရဲ့  ပရိသတ်တွေကြားထဲမှာတော့ ထပ်တူညီ ပြောဆိုကြတာတွေ မတွေ့ရပါဘူး။ စပိန်လက်ရွေးစင် နောက်ခံလူ တောရက်စ်ဟာ အခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာပါက သူ့ရဲ့ စံပြ ဂျာစီကျောနံပါတ်ကို ရရှိနိုင်မှာပါ။ ဒါပေမယ့် အသင်းရဲ့ သက်တမ်းရင့် နောက်ခံလူ ဖီးလ်ဂျုံးစ်ရဲ့ အသင်းနဲ့ အနာဂတ်ရှိမရှိကိုတော့ နည်းပြသစ် တန်ဟက်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေပါတယ်။

Pau Torres vs Liverpool

လီဗာပူးလ်အသင်းနဲ့ ချန်ပီယံစ်လိဂ်မှာ တွေ့ဆုံခဲ့စဥ်က တောရက်စ်။

ပါအူ တောရက်စ်အတွက် ပြောင်းရွှေ့ကြေးငွေ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဗီလာရီးရဲလ်အသင်းဆီက ပါအူ တောရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် စပိန်လက်ရွေးစင်ကစားသမားကို ခေါ်ယူဖို့ အတွက် လိုအပ်တဲ့ငွေကို ပေးချေဖို့ ပြင်ဆင်ထားခြင်းရှိမရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အသက် ၂၅ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ နည်းပြသစ် အဲရစ် တန်ဟက်က စိတ်အားထက်သန်နေပေမယ့် လက်ရှိ ယူနိုက်တက်အသင်းကတော့ အဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး တိတိကျကျ မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။

 

နယ်သာလန်သား နည်းပြဟာ ယူနိုက်တက်အသင်းရဲ့ နွေရာသီအပြောင်းအရွှေ့ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ အေဂျက် ကစားသမား ဂျူရီယန် တင်းဘားရဲ့ အနာဂတ်ကိုလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Pau Torres vs Sergio Ramos

ဂန္တဝင်နောက်ခံလူ ရာမို့စ်ဆီက အသင်းခေါင်းဆောင်လက်ပတ် လက်ခံယူနေတဲ့ ပါအူတောရက်စ်။

နောက်ခံလူ အရေအတွက် ကန့်သတ်ချက်

အခြေအနေအမှန်က ယူနိုက်တက်အသင်းဟာ ဒီနှစ်နွေရာသီမှာ ဗဟိုခံစစ်ကစားသမား နှစ်ဦးကို ခေါ်ယူဖို့ မဖြစ်နိုင်ပါဘူး။ ဆိုလိုတာက အသင်းရဲ့ ဆန်ခါတင် အပြောင်းအရွှေ့  စာရင်းထဲကို ဝင်ရောက်လာတဲ့ ရွေးချယ်စရာတွေကြားထဲကပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ စပိန်သား နောက်ခံလူ ပါအူ တောရက်စ်ဟာ အခု အသက် ၂၅ နှစ်အရွယ်မှာ စပိန်လက်ရွေးစင်တစ်ဦးဖြစ်နေတာကြောင့် ယူနိုက်တက်အသင်းရဲ့ ရှာဖွေမှာ အသင့်တော်ဆုံး ကစားသမားလို့ ဆိုနိုင်ပါတယ်။

ပြီးတော့ သူ့မှာ ချန်ပီယံစ်လိဂ်နဲ့ တခြားအဓိကပြိုင်ပွဲတွေမှာ ကလပ်အသင်းနဲ့ရော နိုင်ငံအသင်းနဲ့ပါ အတွေ့အကြုံတွေ ရှိပြီး နောက်တဆင့်တက်ဖို့ အဆင့်သင့် ဖြစ်နေပြီလို့ ယူဆရပါတယ်။ စပိန်လက်ရွေးစင် နောက်ခံလူ ပါအူ တောရက်စ်ကို တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ချဲလ်ဆီး အပါအဝင် တခြား ပရီးမီးယားလိဂ် ကလပ်အသင်း အများအပြားကလည်း ခေါ် ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment