Real Madrid Fans တွေ အမ်ဘတ်ပေရဲ့ ဂျာစီကို မီးရှို့။

Kylian Mbappe PSG
May 30, 2022

ပဲရစ်မြို့မှာ အမ်ဘတ်ပေရဲ့ ပီအက်စ်ဂျီ ဂျာစီကို Real Madrid Fans တွေ မီးရှို့ခဲ့ကြပါတယ်။

Real Madrid Fans [ ရီးယဲလ်မက်ဒရစ် ပရိသတ်များ ] တွေဟာ စနေနေ့က ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ အောင်ပွဲခံနေစဥ်အတွင်း ကီလီယန် အမ်ဘတ်ပေရဲ့ ပုံစံတူ PSG အင်္ကျီကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ ဘရာဇီးလ် တောင်ပံကစားသမား ဗင်နီးစီးယက်စ် ဂျူနီယာရဲ့ သွင်းဂိုးကြောင့် လီဗာပူးအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိသွားပြီးနောက် Los Blancos [ ရီးယဲလ်မက်ဒရစ် အသင်း ] ဟာ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အဲ့ပွဲကို ပိုပြီး စိတ်ဝင်စားစရာကောင်းသွားစေတဲ့ အချက်က ပီအက်စ်ဂျီ တိုက်စစ်မှူး ကီလီယန် အမ်ဘတ်ပေနဲ့ ပတ်သက်နေပါတယ်။ တိုက်စစ်မှူး အမ်ဘတ်ပေဟာ  အခုနွေရာသီမှာ ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ရည်မှန်းထားပေမယ့် ပြီးခဲ့တဲ့ အချိန်တိုအတွင်းက PSG အသင်းနဲ့ သုံးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခြင်းကြောင့် အတော်လေးကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

တစ်ရာသီလုံးလုံး ဒီနွေရာသီ အပြောင်းအရွှေ့မှာ မက်ဒရစ်အသင်းကို ခေါ်ယူနိုင်မယ်လို့ တညီတညွတ်တည်း လက်ခံထားခဲ့ကြပေမယ့် ဖြစ်မလာခဲ့ပါဘူး။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပီအက်စ်ဂျီတိုက်စစ်မှူး ကီလီယန် အမ်ဘတ်ပေဟာ ဘရာဇီးလ် ဂန္တဝင်ကစားသမား ပီလီပြီးရင် ကမ္ဘာ့ဖလားချန်ပီယံကို အသက်အငယ်ဆုံးနဲ့ ဆွတ်ခူးထားတဲ့ ဒုတိယဆယ်ကျော်သက်တစ်ဦး ဖြစ်ပါတယ်။ ပြိုင်ပွဲဖိုင်နယ်မှာ ဂိုးသွင်းပြီး လီဂူး 1 မှာလည်း လေးရာသီဆက်တိုက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် တိုက်စစ်မှူး အမ်ဘတ်ပေက မျိုးဆက်တစ်ခုရဲ့ ကစားသမား ဖြစ်ပါတယ်။

လူငယ်တိုက်စစ်မှူး အမ်ဘတ်ပေရဲ့ အိပ်မက်

အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ရီးယဲလ်မက်ဒရစ်နဲ့ ချိတ်ဆက်နေတာ ကြာပါပြီ။ အသက် ၁၁ နှစ်အရွယ်ကတည်းက စပိန်ကလပ်ရဲ့  အကယ်ဒမီဆီ ဖိတ်ကြားခံခဲ့ရပြီး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့  မက်ဒရစ် ရှပ်အင်္ကျီ ပိုစတာများကို ငယ်ဘဝတုန်းက အိပ်ခန်းနံတွေပေါ် မှာ ကပ်ထားခဲ့ပါတယ်။ မနှစ်ကတုန်းက တိုက်စစ်မှူးဟာ မက်ဒရစ်အသင်းနဲ့အတူ ၁၄ ကြိမ်မြောက် ဥရောပ ချန်ပီယံ ဖြစ်လိုကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

အပြောင်းအရွှေ့ ကိစ္စ တော်တော်လေးနီးစပ်နေပြီ ဖြစ်ပြီး တိုက်စစ်မှူးက PSG ကလည်း ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာချင်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ရာသီတစ်လျှောက် PSG အသင်းရဲ့ သက်တမ်းတိုးဖို့ ကမ်းလှမ်းချက် အများအပြားကို ပယ်ချခဲ့ခြင်းကြောင့် အမ်ဘတ်ပေကို ခေါ်ယူနိုင်ဖို့ အလားအလာတွေ အများကြီး ရှိခဲ့ပါတယ်။

Mbappe in childhood

အမ်ဘတ်ပေ ငယ်ငယ်က ရော်နယ်ဒိုကို အားကျခဲ့ပြီး သူ့ရဲ့ ပုံတွေကို အခန်းထဲမှာ ကပ်ထားပါတယ်။

ပြင်သစ်ကလပ်နဲ့ အမ်ဘတ်ပေရဲ့ စာချုပ်သစ်

ဒါကြောင့်မို့ ပြီးခဲ့တဲ့ နွေရာသီက အမ်ဘတ်ပေအတွက် ရီးယဲလ်မက်ဒရစ် အသင်းက ပြောင်းရွှေ့ကြေး ယူရို ၁၈၈ သန်းနဲ့ ခေါ် ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။ သို့ပေမယ့်လည်း မက်ဒရစ် အသင်းရဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀၀ နီးပါး ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ပြင်သစ်သားဟာ ကလေးဘဝက သူ့ကို ပံ့ပိုးပေးခဲ့တဲ့  ကလပ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ ယုံကြည်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အံ့အားသင့်စရာ လှည့်ကွက်တစ်ခုမှာ ပြင်သစ်လက်ရွေးစင် ကစားသမား အမ်ဘတ်ပေဟာ PSG အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်ချုပ်ရမယ့်အစား ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးလိုက်တာကြောင့် ဘောလုံးလောကတစ်ခုလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ လူကာ မိုဒရစ်က ” အမ်ဘတ်ပေကတော့ ငွေကြေးပိုင်းဆိုင်ရာ ချမ်းသာသွားပေမယ့် ဘောလုံးလောကမှာတော့ ဆင်းရဲသွားပါပြီ။ ” လို့  ချန်ပီယံစ်လိဂ် ဖိုင်နယ်ပွဲစဥ် မတိုင်ခင်က မှတ်ချက်ပြု ပြောကြာခဲ့ပါတယ်။

Mbappe's new contract with psg

PSG အသင်းနဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုလိုက်တဲ့ အမ်ဘတ်ပေ။

ပြီးတော့ ပဲရစ်မှာရှိတဲ့ မက်ဒရစ်ပရိသတ်တွေကလည်း အမ်ဘတ်ပေကို ကလပ်ကို ငြင်းပယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် လှောင်ပြောင်ခဲ့ကြပါတယ်။ ရာ၊ ထောင်ချီ Real Madrid Fans [ မက်ဒရစ်ပရိသတ်တွေ ] ဟာ ပွဲမစမီ၊ ကစားချိန်အတွင်းနဲ့ ကစားချိန်အပြီး အားကစားကွင်းအတွင်းရော အပြင်ဘက်မှာပါ အမ်ဘတ်ပေကို ဆဲဆိုကြိမ်းမောင်းသံတွေနဲ့အတူ မှတ်တမ်းတင်ခဲ့ကြပါတယ်။

အဲ့ဒီနောက် မက်ဒရစ်ပရိတ်သတ် တစ်ယောက်က ကျောဘက်မှာ ‘0 Champions Leagues’ ရိုက်နှိပ်ထားတဲ့ အမ်ဘတ်‌ပေ ပုံစံတူ ပီအက်စ်ဂျီ အင်္ကျီကို ကိုင်ဆောင်ထားပြီး ကင်မရာနဲ့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

_Real Madrid Fans burned Mbappe's PSG Jersey

အမ်ဘတ်ပေရဲ့ ပုံစံတူ ပီအက်စ်ဂျီဂျာစီကို ဆဲဆိုကြိမ်းမောင်းရင်း မီးရှို့ဖျက်ဆီးနေကြတဲ့ ရီးရဲလ်မက်ဒရစ်ဖန်များ။

အေစီမီလန်က ရာဖေးလ်လီယိုကို အစားထိုး ခေါ်ယူနိုင်ပါတယ်။

ဒါပေမယ့် အဆိုးဆုံးကတော့ မက်ဒရစ်ပရိသတ်တစ်စုက Stade de France [ ချန်ပီယံစ်လိဂ် ဖိုင်နယ်ကွင်း ] အပြင်ဘက်မှာ ကီလီယန် အမ်ဘတ်‌ပေရဲ့ ပုံစံတူ ပီအက်စ်ဂျီ အင်္ကျီကို  မီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်။ ဒီပြင်သစ်သားကို မရလိုက်တဲ့အတွက် မက်ဒရစ်အသင်းဟာ လာမယ့်ရာသီမတိုင်ခင်မှာ အမ်ဘတ်ပီရဲ့နေရာကို တခြားတစ်ယောက် အစားထိုးရွေးချယ်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

အေစီမီလန်အသင်းရဲ့ ရာဖေးလ်လီယိုကတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လူခေါ် ယူမှု ဆန်ခါတင်စာရင်းမှာ အဓိကကစားသမားတစ်ဦး ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။ ရာဖေးလ်လီယိုဟာ မကြာသေးခင်က အေစီမီလန်အသင်းကို စီးရီးအေ ချန်ပီယံဖြစ်အောင် ဦးဆောင်ခဲ့ပြီး စီးရီးအေရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးထားသူလည်း ဖြစ်ပါတယ်။

သို့သော်လည်း ကစားသမားဟာ ပြောင်းရွှေ့ကြေး သက်သက်သာသာနဲ့ လာမှာတော့ မဟုတ်ပါဘူး။  သူ့ရဲ့ စာချုပ်မှာ ယူရိုသန်း ၁၅၀ တန်ကြေးရှိတဲ့ စာချုပ်ပါ သဘောတူညီချက်ပါရှိနေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment