Cristiano 7 ရဲ့ နောက်ထပ်အသင်းက?

ယူနိုက်ကနေ ထွက်ခွာပြီးနောက် Cristiano 7 [ ရော်နယ်ဒို ] ရဲ့ နောက်ထပ်အသင်းက ဘယ်အသင်း ဖြစ်မလဲ။ Cristiano 7 [ ခရစ္စတီယာနို ရော်နယ်ဒို ] ဟာ ပီယာ့စ် မော်ဂန်နဲ့ အင်တာဗျူး အပြီးမှာ သူနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ နှစ်ဦးသဘောတူ တရားဝင် လမ်းခွဲခဲ့ကြပါတယ်။ ဆိုတော့ ပေါ်တူဂီ ဂန္တဝင်အနေနဲ့ ကမ္ဘာ့ဖလားအပြီး ဘယ်အသင်းကို ရွေးချယ်မလဲ။ အိုးလ်ထရက်ဖို့ဒ်မှာ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဒုတိယမြောက် တကျော့ပြန် လာရောက် ကစားပုံဟာ ခါးသီးတဲ့ အဆုံးသတ်ကို ရောက်ရှိလာခဲ့ပြီး ယူနိုက်တက်နဲ့ လမ်းခွဲလိုက်ပြီလို့ အင်္ဂါနေ့မှာ ကလပ်အသင်းဘက်က ကြေငြာလိုက်ပါတယ်။









