Netherlands ပွဲစဥ်ကို‌ စောင့်ကြည့်နေမယ့် ယူနိုက်တက်။

Netherlands - United scouts are watching them
November 21, 2022

ယူနိုက်တက်ကင်းထောက်တွေဟာ Netherlands [ နယ်သာလန် ] နဲ့ ဆီနီဂေါ ပွဲစဥ်အတွက် စောင့်ကြည့်လျက် ရှိနေပါတယ်။

Netherlands [ နယ်သာလန် ] အသင်းဟာ ယနေ့တွင် ဆီနီဂေါအသင်းနဲ့  ယှဉ်ပြိုင် ကစားရမယ့် သူတို့ရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ အုပ်စု ပထမ ပွဲစဥ်ကို စတင် ကစားမှာ ဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံမှုမတိုင်ခင် ကောင်းမွန်တဲ့ အခြေအနေနဲ့ ရပ်တည်လျက် ရှိနေပါတယ်။

နယ်သာလန်အသင်းဟာ ၂၀၁၄ ခုနှစ် နောက်ပိုင်း  ရုရှားနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပေမယ့် အခု ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ လူငယ်တွေ အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ အသင်းနဲ့အတူ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ယူနိုက်တက်အသင်းဟာ Netherlands [ နယ်သာလန် ] အသင်းကို စိတ်ဝင်စားနေပါတယ်။

မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က သူ့ရဲ့ အသင်းကို  စုစည်းကာ ၂၀၁၄ ခုနှစ် သူကိုင်တွယ်ခဲ့တုန်းက အသင်းအဖွဲ့ထက် ပိုကောင်းနေပြီး သူ့ရဲ့ အသင်း  ကမ္ဘာ့ဖလား ချန်ပီယံဆုဖလားကို နယ်သာလန်ဆီ ပထမဆုံးအကြိမ် ယူဆောင်လာဖို့ အလုံးစုံ စွမ်းဆောင်နိုင်မယ်လို့ အကြံပြုထားပါတယ်။

ဗန်ဂါးလ်ရဲ့ နယ်သာလန်အသင်း ပွဲစဥ်ကို မန်ချက်စတာ ယူနိုက်တက် အသင်းက ကြည့်ရှုရင်း  ကစားသမား သုံးဦးကို အနီးကပ် စောင့်ကြည့်နေမှာ ဖြစ်ပြီး တချိန်တည်းမှာ အင်္ဂလန်အသင်းကလည်း ဒီပွဲစဉ်ကို စိတ်ဝင်စားမှု ကြီးကြီးမားမား ရှိနေပါတယ်။

Netherlands WC Squad

၂၀၁၈ ရုရှား ကမ္ဘာ့ဖလားကို လွဲချော်ပြီးနောက် ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ ပြန်လည် ပါဝင်လာခဲ့တဲ့ နယ်သာလန်အသင်း။

ယခုနှစ် အစောပိုင်းက ယူနိုက်တက်အသင်းရဲ့ နည်းပြချုပ်အဖြစ် အဲရစ် တန်ဟက်ဂ် ရောက်ရှိလာပြီး ကတည်းက နယ်သာလန်ရဲ့ ‌အပြောင်းအရွှေ့ ဈေးကွက်ကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေခဲ့ပြီး သူ့ရဲ့ အပြောင်းအရွှေ့တွေက အဲ့ဒါကို ရောင်ပြန်ဟပ်နေပါတယ်။

လူငယ် ဘယ် နောက်ခံလူ တိုက်ရယ် မာလာစီယာကတော့ နယ်သာလန်အသင်းမှာ မန်ချက်စတာ ယူနိုက်တက် ကစားသမား တစ်ဦးအဖြစ် ရှိနေပေမယ့် နောက်ထပ် လိုအပ်ပါ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားတွေ ထပ်မံ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဘက်က စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ Netherlands [ နယ်သာလန် ] ကစားသမား သုံးဦး။

ယူနိုက်တက် အနေနဲ့ အဓိက အာရုံစိုက်ရမယ့် ကစားသမား တစ်ဦးကတော့ ကွင်းလယ်လူ ဖရန့်ကီ ဒီဂျောင်ပဲ ဖြစ်ပါတယ်။ ဒီဂျောင်ကို ယူနိုက်တက်တို့ ဘာစီလိုနာအသင်းကနေ ခေါ်ယူဖို့ နွေရာသီတစ်ခုလုံး ၁၇ ပတ်ကြာ တောက်လျှောက် ကမ်းလှမ်းခဲ့ပေမယ့် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ခြင်း မရှိခဲ့ပါဘူး။

သူ့အပေါ်  ခေါ် ယူဖို့ စိတ်ဝင်စားမှုက အခုထိ မပြီးပြတ်သေးဘဲ နည်းပြ တန်ဟက်ဂ်ကတော့ စာချုပ်တစ်ခု ပြီးမြောက်ဖို့ မျှော်လင့်နေဆဲပါ။ – ကမ္ဘာ့ဖလားမှာ သူ ဘယ်လို စွမ်းဆောင်နိုင်သလဲ ဆိုတာက အပြောင်း‌အရွှေ့ကို ဆက်လက် တိုးမြှင့်နိုင်ပါလိမ့်မယ်။

Netherlands midfielder De Jong

ယူနိုက်တက်တို့ အချိန်အတော်ကြာ ချိတ်ဆက်ခဲ့တဲ့ ဒီဂျောင်။

ယူ နိုက်တက်တို့ စောင့်ကြည့်ရမယ့် နောက်ထပ် ကစားသမားကတော့ PSV အသင်း အတွက် ဒီရာသီမှာ တဟုန်ထိုး တောက်ပလာခဲ့တဲ့ ကိုဒီ ဂတ်ခ်ပိုပဲ ဖြစ်ပါတယ်။ ဂတ်ခ်ပိုဟာ အသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၀ ဂိုးအထိ ပါဝင် ပတ်သက်နေပြီး သွင်းဂိုး ၁၃ ဂိုး နဲ့ ၁၇ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။

မန်ချက် စတာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်အသင်း အပါအဝင် ဥရောပတစ်ဝှမ်းရှိ ကလပ်အသင်း အများအပြားက  စိတ်ဝင်စားလျက်ရှိ ရှိနေပေမယ့် တန်ဟက်ဂ်ရဲ့ အသင်းက သူတို့ရဲ့ တိုက်စစ် ရွေးချယ်မှုတွေကို ပိုမို ကောင်းမွန်လာစေဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။

ဒီရာသီ ခြေစွမ်းပိုကောင်းလာတဲ့ နောက်ခံလူ ဂျူရီယန် တင်းဘား။

နောက်ဆုံးမှာတော့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ အေဂျက်စ်အသင်း နဲ့အတူ အရင်နှစ် ရာသီကထက် ပိုမိုပြင်းထန်တဲ့ ခြေစွမ်းကောင်းရှိနေတဲ့ လူငယ် နောက်ခံလူ ဂျူရီယန် တင်းဘားကို ခံစစ်နေရာ အားဖြည့်ဖို့ ဆက်လက် အာရုံစိုက်မှာ ဖြစ်ပါတယ်။

နွေရာသီမှာ ခေါ်ယူဖို့  စိတ်ဝင်စားခဲ့ပေမယ့် သူ့ရဲ့ ကမ္ဘာ့ဖလား အခွင့်အရေးတွေကို မြှင့်တင်ဖို့ မျှော်လင့်ချက် ရှိနေတဲ့ အမ်စတာဒမ် [ အေဂျက်စ်အသင်း  ] မှာ ဆက်နေဖို့ ရွေးချယ်ခဲ့ပြီး အခုချိန်မှာတော့ ဘာကြောင့် ဒီလို ရွေးချယ်ခဲ့တာလဲ ဆိုတာ သက်သေပြနိုင်ပြီ ဖြစ်ပါတယ်။

Netherlands Defender jurrien timber

ဒီရာသီ ခြေစွမ်းပိုကောင်းလာတဲ့ ဂျူရီယန် တင်းဘား။

နယ်သာလန်အတွက် အကြောင်းပြချက်များစွာနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ပြန်လည် ပါဝင်လာခြင်း ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကိုယ်စားလှယ်တွေဟာ ဆီနီဂေါအသင်းနဲ့ အဖွင့်အဖွင့်ပွဲစဉ်အပြင် သူတို့ရဲ့ ကျန်ပွဲစဉ်တွေ အတွက် ကြီးမားတဲ့ စိတ်ဝင်စားမှုတွေ ရရှိမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment