J Bellingham ကို စောင့်ကြည့်တဲ့ ရီးယဲလ်မက်ဒရစ်အသင်း။

J Bellingham is wanted by Real Madrid
November 16, 2022

ဒေါ့မွန် ကွင်းလယ်လူ J Bellingham [ ဘယ်လင်ဂမ် ] ကို စောင့်ကြည့်နေတဲ့ ရီးယဲလ် မက်ဒရစ်အသင်း။

J Bellingham [ ဂျု့ဒ် ဘယ်လင်ဂမ် ] ဟာ လက် ဂျာမန် ဘွန်ဒက်စ်လီဂါရဲ့ ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်ပြီး အရန်ကစားသမားအဖြစ် အာဆင်နယ်ပစ်မှတ်ကို ရီးယဲလ်မက်ဒရစ်အသင်းက စောင့်ကြည့်နေပါတယ်။

ဘယ်လင်ဂမ်ဟာ လာမယ့် နွေရာသီ အတွက် ရီးယဲလ်မက်ဒရစ် အသင်းရဲ့ အဓိက ပစ်မှတ် ဖြစ်ပေမယ့် ဒေါ့မွန် ကွင်းလယ်လူဟာ အသင်းကနေ တခြား တနေရာရာကို ထွက်ခွာပါက စပိန် ကလပ် အသင်းမှာ အာဆင်နယ်ကို စိတ်ပျက်သွားစေမယ့် အစီအစဥ် (ခ) ရှိတယ်လို့ ဆိုပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ကွင်းလယ်လူ J Bellingham [ ဘယ်လင်ဂမ် ] ကို သက်တမ်းမတိုးသေးတာ ရီးယဲလ်မက်ဒရစ်က အဓိက အကြောင်းအရင်းပါပဲ။

ရီးယဲလ်မက်ဒရစ်အသင်းမှာ လူကာမိုဒရစ်၊ တိုနီခရူးစ်၊ ကာစီမီရိုတို့ နဲ့အတူ ကွင်းလယ်ကစားသမား သုံးဦး မျိုးဆက် ရှိခဲ့ပေမယ့် မိုဒရစ်က ၃၇ နှစ်၊ ခရို့စ်က ၃၂ နှစ်၊ ကာစီမီရို ကလည်း  အခုနှစ် နွေရာသီတုန်းက မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ နဲ့ ခွင့်ပြုလိုက်ရပြီး ဖြစ်ပါတယ်။

အော်ရီလီယန် ချူအာမန်နီ ကို အခုနှစ် နွေရာသီတုန်းက မိုနာကိုကနေ ယူရိုသန်း ၁၀၀ နဲ့ ဝယ်ယူခဲ့ပြီး ဘာနေဗျူးမှာ ပြင်သစ် လူငယ်ကစားသမား အက်ဒွာဒို ကာမာဗင်ဂါနဲ့ လက်တွဲကာ ဘယ်လင်ဂမ်ကိုလည်း လာမယ့် ဆယ်စုနှစ်အတွင်း သူတို့ရဲ့  ကွင်းလယ်ဖြစ်လာမယ့်  တတိယမြောက် ကစားသမားအဖြစ် ထားလိုတာပါ။

J Bellingham 3 Real Madrid Midfields

ရီးယဲလ်မက်ဒရစ် ကွင်းလယ်ကို ၁၀ စုနှစ်တစ်ခုစာ အုပ်စိုးခဲ့တဲ့ ကွင်းလယ် ၃ ဦး။ လူကာ မိုဒရစ်၊ ကာဆီမီရို၊

ဘွန်ဒက်စ်လီဂါ အသင်းရဲ့ စီအီးအို ဖြစ်သူ ဟန့်စ် – ဂျိုအာခိမ် ဝါ့ဇ်ကီက  “တကယ်လို့ ကြီးကြီးမားမား ကလပ်အသင်းတွေ ပါဝင်မယ်ဆိုရင် ငွေကြေးအရ အချင်းများ ရန်ဖြစ်နေမှာ မဟုတ်ဘူး” လို့ မကြာ သေးမီက ဝန်ခံပြောဆိုခဲ့ပါတယ်။

အင်္ဂလန်သား J Bellingham ကိုလွဲချော်ခဲ့ရင် ယူရီတေလ်မန်းကို တခြားရွေးချယ်စရာအဖြစ် သတ်မှတ်ထားတဲ့ ရီးယဲလ်။

ရီးယဲလ် မက်ဒရစ် က လေလံစစ်ပွဲထဲကို ဝင်ချင်ပုံ မရပါဘူး။ အင်္ဂလန်သား J Bellingham [ ဂျု့ဒ် ဘယ်လင်ဂမ် ] ရဲ့ ခြေစွမ်းဟာ တဟုန်ထိုး တိုးတက်လာပြီး သူ့ကို ခေါ်ယူဖို့ မန်ချက်စတာ စီးတီးတို့ ကလည်း အပြိုင်အဆိုင် ဝင်ရောက်လာခဲ့ပါပြီ။

စပိန်သတင်းစာ Sport က  “ရီးယဲလ်မက်ဒရစ်အသင်းဟာ ယူရီ ‌တေလ်မန်းရဲ့ တိုးတက်မှုကို အနီးကပ် လိုက်ကြည့်နေတယ်။ ” လို့ ဖော်ပြခဲ့ပါတယ်။ နည်းပြဟောင်း ဇီနဒန် ဇီဒန်းကလည်း သူ့ကို အရင်ကတည်းက ကင်းထောက် စောင့်ကြည့်ခဲ့ပါတယ်။

J Bellingham and Haaland

အင်္ဂလန် လက်ရွေးစင် ကစားသမား ဘယ်လင်ဂမ်။

ဘယ်လ်ဂျီယံသား အနေနဲ့ မက်ဒရစ်အသင်းက သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ J Bellingham [ ဂျု့ဒ် ဘယ်လင်ဂမ် ] ကို နောက်ရာသီမှာ ခေါ် ယူဖို့  ရွေးချယ်စရာတွေ မရှိတော့တဲ့ အခါမျိုးမှာ တခြား ရွေးချယ်စရာအဖြစ် ရှိနေပါသေးတယ်။

ဂျူ့ဒ် ဘယ်လင်ဂမ်ရဲ့ ပြောင်းရွှေ့ကြေး။

အသက် ၁၉ နှစ် အရွယ်ရှိ ဘယ်လင်ဂမ်ရဲ့  ပြောင်းရွှေ့ကြေးဟာ ချူအာမန်နီတုန်းကလို အနည်းဆုံး ယူရိုသန်း ၁၀၀ အထိ ရောက်ရှိဖို့ မျှော်လင့်ထားပေမယ့် တေလမန်းကတော့ နွေရာသီမှာ သူရဲ့ King Power Stadium [ လက်စတာစီးတီး ] အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး အလွတ်နဲ့ ရရှိမှာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ သားဟာ လက်ရှိ အာဆင်နယ်အသင်းနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နေပြီလို့ သတင်း‌တွေ ထွက်ပေါ်နေပေမယ့် အခုအချိန်အထိ လက်မှတ်မထိုးရသေးတာကြောင့် ဘယ်လင်ဂမ်သာ မက်ဒရစ်က သူ့အတွက် ရွေးချယ်မှု မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဂန်းနားတို့ အလွန်စိတ်ပျက်သွားနိုင်ပါတယ်။

J Bellingham is in good form at Dortmund

ဘယ်လင်ဂမ်ဟာ ဒေါ့မွန်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

ဂျာမန်ကလပ် စီအီးအို က ကလပ်က စိတ်ဝင်စားတဲ့အသင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ မတတ်နိုင်လို့ တကယ်လို့ ကွင်းလယ်လူ ဘယ်လင်ဂမ်ကသာ တောင်းဆိုရင် ဒေါ့မွန်ကနေ ထွက်ခွာခွင့် ရလိမ့်မယ်လို့  ပြောပါတယ်။

အင်္ဂလန် သား ဘယ်လင်ဂမ်ဟာ ဒေါ့မွန်အသင်းကနေ ထွက်ခွာဖို့ အပြင်းအထန် ချိတ်ဆက်နေပြီး ရီးယဲလ်မက်ဒရစ်၊ မန်စီးတီးနဲ့ လီဗာပူးလ် အသင်းတို့ကလည်း ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၅၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment