Diogo Costa ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတဲ့ ယူနိုက်တက်။

Diogo Costa is wanted by Man United
November 11, 2022

ပေါ်တိုဂိုးသမား Diogo Costa [ ကော်စတာ ] ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတဲ့ ယူနိုက်တက်။

Diogo Costa [ ဒီယိုဂို ကော်စတာ ] ကို ခေါ်ယူဖို့အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဈေးကွက်မှာ ရှိနေပြီး ပေါ်တို ဂိုးသမားဟာ လာမယ့် အပြောင်းအရွှေ့ ဈေးကွက်မှာ သူတို့ရဲ့ ထိပ်တန်းပစ်မှတ်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

ပေါ်တိုအသင်း ဂိုးသမားဟာ ပြီးခဲ့တဲ့ နှစ်ကထက် အရှိန်အဟုန်နဲ့ တိုးတက်လာပြီး ပေါ်တိုနဲ့ ‌ပေါ်တူဂီအတွက်  အငြင်းပွားဖွယ် မရှိ နံပါတ်တစ် ဂိုးသမား ဖြစ်လာကာ ကမ္ဘာ့ဖလားမှာ သူ့ရဲ့ ပြောင်းရွှေ့ကြေးက ပိုမို မြင့်တက်လာနိုင်မှာ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ယူနိုက်တက်အသင်းဟာ Diogo Costa [ ကော်စတာ ] ကို ပြင်းပြင်းထန်ထန် စိတ်ဝင်စား နေပါတယ်။

ရလဒ် အနေနဲ့တော့ သူဟာ ဥရောပ ထိပ်တန်း ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ပြီးခဲ့တဲ့ လအနည်းငယ် ကတည်းက သူ့ကို အပြင်းအထန် စောင့်ကြည့်နေတာကြောင့် အပြောင်းအရွှေ့ ပြိုင်ပွဲမှာ ရှေ့ကို တိုးလာပုံရပါတယ်။

အခုတော့ သူ့ရဲ့ အေးဂျင့် ဂျော့ရှ် မန်းဒက်စ် နဲ့ သူတို့ရဲ့ ဆက်ဆံရေးက အတော်လေး ကောင်းမွန်ပြီး သူတို့ နှစ်သက်သလို လုပ်ဆောင်နိုင်တာကြောင့် သူ့ကို ရရှိဖို့ ကမ်းလှမ်းမှုမှာ အားသာချက်ရှိတယ်လို့ ယူနိုက်တက်တို့ အနေနဲ့ ခံစားရပါလိမ့်မယ်။

Diogo Costa at Porto untio 2027

ကော်စတာဟာ ပေါ်တိုအသင်းနဲ့ ၂၀၂၇ အထိ စာချုပ်သက်တမ်းတိုးထားပါတယ်။

မန်ယူနိုက်တက် အသင်းဟာ အေးဂျင့် ဂျော့ရှ် မန်းဒက်စ် နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပြီး သူနဲ့ အတူ သူ့ရဲ့ အေဂျင်စီနဲ့ နှစ်များ တစ်လျှောက် ကစားသမား အပြောင်းအရွှေ့ သဘောတူညီမှု များစွာ ပြုလုပ်ခဲ့ပြီး ကလပ်အသင်းကို များစွာအကျိုးပြုခဲ့ပါတယ်။

ဂိုးသမား ကော်စတာဟာ အခုလ အစောပိုင်းတုန်းက ပေါ်တို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး သူ့ရဲ့ စာချုပ်သက်တမ်းကို ၂၀၂၇ အထိ သက်တမ်းတိုးခဲ့ပြီး သူ့ကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၅ သန်းအထိ တိုးမြှင့် သတ်မှတ်ခဲ့ပါတယ်။

အဲ့ဒါဟာ မန် ချက်စတာ ယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုကို အဟန့်အတား မရှိစေခဲ့ဘဲ ဂိုးသမား ကော်စတာအတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ပေါ်တူဂီ ကလပ်အသင်းဆီ အသိပေးဖို့  မန်းဒက်စ်ကို တောင်းဆိုခဲ့ပြီး ဂိုးသမားကို ဘယ်လောက်လိုချင်ကြောင်း ပြသခဲ့တယ်လို့ သိရပါတယ်။

ဒဟဲယားနေရာ အစားထိုးဖို့ Diogo Costa [ ဒီယိုဂို ကော်စတာ ] ကို ခေါ်ယူချင်နေတဲ့ ယူနိုက်တက်အသင်း။

ယူ နိုက်တက်အသင်းဟာ သူ့ရဲ့ စာချုပ်သက်တမ်း နောက်ဆုံးလကို ရောက်နေတဲ့ ‌ဂိုးသမား ဒေးဗစ် ဒဟဲယားနေရာကို အစားထိုးဖို့ ဆန္ဒ ရှိနေပြီး လက်ရှိရာသီ ကျော်လွန်သွားကာ အသင်းမှာ ဆက်ရှိနေဖို့ သက်တမ်းတိုးခွင့်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Diogo Costa saved penalty against Leverkusen

လေဗာကူဆင်နဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ ပင်နယ်တီ ကာကွယ်နေစဥ်။

ပေါ်တူဂီသား ကော်စတာဟာ နည်းပြ အဲရစ် တန်ဟက်ဂ် လက်ထက်မှာ ကောင်းမွန်စွာ လက်စွမ်းပြနိုင်တယ်ဆိုတဲ့  ဂိုးသမား တစ်ဦးရဲ့ အရည်အချင်း အားလုံးကို ပြသခဲ့ပြီး သူ့ရဲ့ ယုံကြည်မှုနဲ့ ဖြန့်ဝေမှုကို လူအများက ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးခဲ့ကြပါတယ်။

ဒါ့အပြင် သူဟာ ပင်နယ်တီ ကာကွယ်ရာမှာ အကောင်းဆုံး ကာကွယ်နိုင်သူ ဖြစ်ပြီး ဒီရာသီ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဥ်တွေမှာ သုံးပွဲဆက် ပင်နယ်တီ တစ်ကြိမ်စီ ကာကွယ်နိုင်ခဲ့တာကိုလည်း အားလုံး အသိပဲ ဖြစ်ပါတယ်။

ပေါ်တူဂီသားရဲ့ ပြောင်းရွှေ့ကြေး။

မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ သူတို့ရဲ့ ဂိုးသမားကို ဆက်ထိန်းထားဖို့ ငွေကြေး ကြီးကြီးမားမား ဆက်လက် သုံးစွဲရမှာ ဖြစ်ပြီး မကြာသေးခင်ကလည်း ကစားသမားသစ်တွေအတွက် ယူရို သန်း ၂၀၀ ကျော် သုံးစွဲထားတာကြောင့် ဒီယိုဂို ကော်စတာကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

Diogo Costa at Portugal

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်ခံထားရတဲ့ ဂိုးသမား ဒီယိုဂို ကော်စတာ။

ပေါ်တိုအသင်းကနေ Diogo Costa [ ဒီယိုဂို ကော်စတာ ] ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ ဘယ်ကလပ်အသင်းမဆို ယူရို သန်း ၆၀ ပေးချေရမှာ ဖြစ်ပြီး ကလပ်အသင်းရဲ့ စျေးအကြီးဆုံး ရောင်းချမှုစံချိန်ကတော့ ဘရာဇီးလ် နောက်ခံလူ အီဒါ မီလီတာအိုမှ ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်နေပါတယ်။

ဘောလုံးအပေါ် သူ့ရဲ့တည်ငြိမ်မှု၊ သူ့ရဲ့ အကောင်းဆုံး ကာကွယ်မှုတွေနဲ့ ပေါင်းစပ်မှုက သူ့ကို နာမည်ကောင်းရစေခဲ့ပြီး မကြာခင် ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပေါ်တူဂီ လက်ရွေးစင် ဂိုးသမားအဖြစ် ရွေးချယ်ခံထားရပြီး ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment