Cristiano 7 ရဲ့ နောက်ထပ်အသင်းက?

Cristiano 7 has left Manchester United
November 23, 2022

ယူနိုက်ကနေ ထွက်ခွာပြီးနောက် Cristiano 7 [ ရော်နယ်ဒို ] ရဲ့ နောက်ထပ်အသင်းက ဘယ်အသင်း ဖြစ်မလဲ။

Cristiano 7 [ ခရစ္စတီယာနို ရော်နယ်ဒို ] ဟာ ပီယာ့စ် မော်ဂန်နဲ့ အင်တာဗျူး အပြီးမှာ သူနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ နှစ်ဦးသဘောတူ တရားဝင် လမ်းခွဲခဲ့ကြပါတယ်။ ဆိုတော့ ‌ပေါ်တူဂီ ဂန္တဝင်အနေနဲ့ ကမ္ဘာ့ဖလားအပြီး ဘယ်အသင်းကို ရွေးချယ်မလဲ။

အိုးလ်ထရက်ဖို့ဒ်မှာ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဒုတိယမြောက် တကျော့ပြန် လာရောက် ကစားပုံဟာ ခါးသီးတဲ့ အဆုံးသတ်ကို ရောက်ရှိလာခဲ့ပြီး ယူနိုက်တက်နဲ့ လမ်းခွဲလိုက်ပြီလို့ အင်္ဂါနေ့မှာ ကလပ်အသင်းဘက်က ကြေငြာလိုက်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ယူနိုက်တက်နဲ့  လမ်းခွဲလိုက်တဲ့ Cristiano 7 [ ခရစ္စတီယာနို ရော်နယ်ဒို ]။

ယူနိုက်တက်ဘက်က “ခရစ္စတီယာနို ရော်နယ်ဒိုဟာ နှစ်ဖက်သဘောတူစာချုပ်အရ မန်ယူကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်ရှိ နှစ်ကြိမ်စလုံးမှာ သူ့ရဲ့ ကြီးမားတဲ့ ပံ့ပိုးကူညီမှုအတွက် အသင်းက သူ့ကို ကျေးဇူးတင်ပါတယ်။ ” လို့ သူတို့ရဲ့ တရားဝင် Twitter အကောင့်မှာ တင်ခဲ့ပါတယ်။

ပထမဆုံးအကြိမ်အဖြစ် ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အကြား ရော်နယ်ဒိုဟာ ဆာအဲလက်စ်ဖာဂူဆန်လက်ထက်မှာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်ကို ယူရို ၉၄ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

Cristiano 7 at had few matches under Ten Hag

ရော်နယ်ဒိုဟာ တန်ဟက်လက်လက် ပွဲထွက်ခွင့်တွေ အရမ်းနည်းပါးခဲ့ပါတယ်။

ပြီးခဲ့သည့်နွေရာသီက ဂျူဗင်တပ်စ်အသင်းမှ ယူရို ၁၇ သန်းဖြင့် ပြန်လာပြီးနောက် သူ့ရဲ့ ဒုတိယမြောက်အဖြစ် ၂၀၂၁-၂၃ ရာသီက ပရီးမီးယားလိဂ်သွင်းဂိုး ၁၈ ဂိုးဖြင့် လုံလောက်စွာစတင်ခဲ့ပေမယ့် အခုနှစ်မှာတော့ နည်းပြသစ် အဲရစ်ဆယ်ဟက်၏ လက်အောက်မှာ ပွဲထွက်ခွင့်တွေနည်းပါးခဲ့ပါတယ်။

အင်တာဗျူးမှာတော့ “ ကျွန်တော် တန်ဟက်ဂ်ကို လေးစားမှု မရှိဘူးဆိုတာက သူကမှ ကျွန်တော့်ကို လေးစားမှု မရှိတာ။ အသင်ရဲ့တိုးတက်မှုက သုညပါ။ ဆာအဲလက်စ် ထွက်ခွာပြီးကတည်းက ကလပ်မှာ ဆင့်ကဲပြောင်းလဲမှု မတွေ့ခဲ့ရပါဘူး။ ပရိသတ်တွေအနေနဲ့ အမှန်တရားကို သိသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ” လို့ ရော်နယ်ဒိုက ပြောဆိုခဲ့ပါတယ်။

ဝါရင့် တိုက်စစ်မှူး Cristiano 7 [ ရော်နယ်ဒို ] အတွက် နောက်ထပ်အသင်းက ဘယ်အသင်း ဖြစ်မလဲ။

အဲဒီ့မှာ ရော်နယ်ဒိုရဲ့ ကစားသမားဘဝနဲ့ ပတ်သက်ပြီး နောက်ထပ်မေးခွန်းကြီးတစ်ခု ရှိနေပါတယ်။ သူ ဒီကနေ ဘယ်ကိုသွားတာလဲ။ ရီးယဲလ်မက်ဒရစ်ကတော့ မကြာသေးမီက ဖြစ်နိုင်ခြေရှိတဲ့ နေရာတစ်ခုအဖြစ် ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်ခွဲခန့်က ဂျူဗင်တပ်စ်သို့ ထွက်ခွာခွင့်ပြုခဲ့သည့် ကစားသမားတစ်ဦးကို ပြန်လည်ခေါ်ဆောင်မယ်ဆိုတာက ရူးသွပ်မှုလို့ ထင်ရပေမယ့် ဒါနဲ့ ပတ်သက်ပြီး အနီးကပ်စစ်ဆေးဖို့တော့ ထိုက်တန်ပါတယ်။

Cristiano 7 at Real Madrid

၂၀၁၈ ခုနှစ် ရီးယဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ် ရယူနိုင်ခဲ့တဲ့ ခရစ္စတီယာနို။

မကြာသေးမီက Ballon d’Or ဆုရှင် ကာရင် ဘန်ဇီမာဟာ ပေါင်ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ  ပါဝင်နိုင်မည် မဟုတ်ကြောင်း သတင်းများ ထွက်လာတာကြောင့် ပြင်သစ်တို့ တုန်လှုပ်ခြောက်ခြားခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အခုလာလီဂါမှာ ဒုတိယနေရာမှာ ရပ်တည်နေပြီး အားကောင်းသည့် ဘရာဇီးလ် လူငယ် တိုက်စစ်မှုး ရိုဒရီဂိုကလည်း ဘန်ဇီမာ နေရာကို အားဖြည့်ဖို့  ရုန်းကန်နေရပါတယ်။

ရီးယဲလ်အသင်းကို ခြောက်လစာချုပ်နဲ့ ကမ်းလှမ်းခဲ့တဲ့ ‌ရော်နယ်ဒိုရဲ့ အေးဂျင့်။

ရော်နယ်ဒိုရဲ့ အေးဂျင့် ဂျော့ရှ် မန်းဒက်စ်က တိုက်စစ်မှူး ဘန်ဇီမာ‌ အနေနဲ့ သူ့ရဲ့ ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာဖို့ ပြင်ဆင်နေစဥ် ကာလအတွင်း Cristiano 7  [ ရော်နယ်ဒို ]အတွက် သူ့ရဲ့ အသင်းဟောင်းဆီ ခြောက်လစာချုပ်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

အကယ်၍ ရော်နယ်ဒိုအနေနဲ့ သူတို့ကို နိုင်ပွဲရရှိဖို့ ကူညီပေးနိုင်သေးတယ်လို့  ရီးရဲလ်က ယုံကြည်မယ်ဆိုရင် သူရဲကောင်းဟောင်းတစ်ဦးကို အိမ်ပြန်ခေါ်ဆောင်လာမယ့် တံဆိပ်တပ်လေ့ကျင့်ခန်းနဲ့အတူ ဘာနေဗျူးဆီ ပြန်လည်ပြောင်းရွှေ့ခြင်းက အကောင်အထည်ပေါ်လာနိုင်မှာပါ။

ဒါပေမယ့် ရော်နယ်ဒိုသာ ဥရောပမှာ ဆက်နေမယ်ဆိုရင် စပို့တင်းလစ္စဘွန်းက ဖြစ်နိုင်ခြေအရှိဆုံးနေရာ ဖြစ်နိုင်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုက သူ့ရဲ့ပထမဆုံးကလပ်ကို တစ်နေ့ပြန်လာချင်တယ်လို့ ဟိုးအရင်ကတည်းက ပြောခဲ့ဖူးတာကြောင့် ဒါက ဖြစ်နိုင်ပါတယ်။

Cristiano 7 at Sporting Lisbon

ရောနယ်ဒိုရဲ့ ကစားသမားဘဝ စ,တင်ခဲ့တဲ့ စပိုးတင်းလစ္စဘွန်း။

စပို့တင်း လစ္စဘွန်းနဲ့ ရော်နယ်ဒိုတို့ အပြောင်း‌အရွှေ့။

နွေရာသီမှာ ရော်နယ်ဒိုရဲ့ စပို့တင်းကို အပြောင်းအရွှေ့လုပ်ရာမှာ အကြီးမားဆုံး အတားအဆီးကတော့ သူ့အတွက် ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာ စုစုပေါင်းဟာ လက်လှမ်းမမီတော့တာကြောင့် ဖြစ်ပါတယ်။

စပို့တင်းဟာ ချန်ပီယံလိဂ်မှာလည်း ပုံမှန်ပါဝင်ခွင့်ရှိပြီး နွေရာသီမှာ ထွက်ခွာဖို့ စီရော်နယ်ဒိုရဲ့ အဓိက တွန်းအားတစ်ခုကတော့ ပြိုင်ပွဲမှာ ၁၄၀ ဂိုး သွင်းယူထားတဲ့ စံချိန်ကို မြှင့်တင်လိုခြင်းဖြစ်ပြီး ဒီရာသီ မဖြစ်နိုင်တာကတော့ ယူနိုက်တက်က ယူရိုပါလိဂ်အဆင့် ရောက်နေတာကြောင့်ပါ။

စပို့တင်းအသင်းဟာ ​​လက်ရှိ ပေါ်တူဂီ ပရီးမီးယား လီဂါရဲ့ စတုတ္ထနေရာမှာ ရပ်တည်နေတာကြောင့် ရော်နယ်ဒိုကို ခေါ်ယူခြင်းနဲ့ ပတ်သက်ပြီး သူတို့အတွက် ချန်ပီယံလိဂ် ဒါမှမဟုတ် တစ်ခုခုကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment