Gakpo က ရော်နယ်ဒိုနေရာ အစားထိုး?

Gakpo has been linked with a move to Man United
November 25, 2022

PSV တိုက်စစ်မှူး Cody Gakpo [ ဂတ်ခ်ပို ] က ယူနိုက်တက်ရဲ့ ရော်နယ်ဒိုနေရာ အစားထိုးမှု။?

Gakpo [ ကိုဒီ ဂတ်ခ်ပို ] ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ပြောင်းရွှေ့ ဖို့ ချိတ်ဆက် နေတယ်လို့ သိရပါတယ်။ နယ်သာလန် တိုက်စစ် ကစားသမားဟာ ခရစ္စတီယာနို ရော်နယ်ဒိုအတွက် အလားအလာရှိတဲ့ နေရာကို အစားထိုးနိုင်မှာလား။

ကိုဒီ ဂတ်ခ်ပို ဟာ နွေရာသီတုန်းက ယူနိုက်တက်ဆီ ရောက်ရှိလာလုနီးပါး ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ကလပ်အသင်းဟာ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ပေးချေခဲ့တဲ့ အေဂျက်စ်ရဲ့ အန်တိုနီကိုသာ အာရုံစိုက်ကာ ဂက်ပိုစာချုပ်ကို အပြီးသတ်ဖို့ အချိန်တွေ ကုန်ဆုံးသွားခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဒါပေမယ့် [ ကိုဒီ ဂတ်ခ်ပို ] က ယူနိုက်တက် မှာ ရော်နယ်ဒို နေရာ အစားထိုးနိုင်မှာလား။

တစ်ချိန်တည်းမှာ ရော်နယ်ဒိုဟာ ရာသီအစောပိုင်းမှာ ယူနိုက်တက်အသင်းနဲ့ စတင်ခဲ့ပေမယ့် နည်းပြသစ် အဲရစ် တန်ဟက်ဂ် အနေနဲ့ ကလပ် ဂန္တဝင်ကို မနှစ်သက်ခဲ့ဘဲ ကစားသမားဟာ သတင်းထောက် ပီယာ့စ် မော်ဂန်နဲ့ အံ့ဩဖွယ် အင်တာဗျူးပြီးနောက် အင်္ဂါနေ့မှာ စာချုပ်ကနေ နုတ်ထွက်ခဲ့ပါတယ်။

ကစားသမား နှစ်ဦးစလုံးဟာ ယခုကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သူတို့ရဲ့ ကိုယ်စားပြု နိုင်ငံအသင်းတွေမှာ ရှိနေကြပြီး နယ်သာလန်အသင်းက ဆီနီဂေါကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိကာ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းကတော့ ဂါနာအသင်းကို ၃-၂ ဂိုးနဲ့ နိုင်ပွဲ ကိုယ်စီ ရရှိထားကြပါတယ်။

Gakpo scored against Senegal

ဆီနီဂေါနဲ့ ကမ္ဘာ့ဖလားပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂက်ခ်ပို။

ရော်နယ်ဒိုကို ကစားအားနည်းသွားပြီ၊ သွင်းဂိုးတွေ ရရှိအောင် မစွမ်းဆောင်ပေးနိုင်တော့ဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီတုန်းက သူဟာ ဟယ်ရီ ကိန်းထက် ပရီးမီးယားလိဂ် သွင်းဂိုး ၁ ဂိုး ပို ( ၁၈ ဂိုး ) သွင်းယူပေးနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၂၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

နယ်သာလန် တိုက်စစ်မှူး Gakpo [ ကိုဒီ ဂတ်ခ်ပို ] ဟာ Eridivisie [ နယ်သာလန်လိဂ် ] PSV အသင်းမှာ ခြေစွမ်း ပြနေပြီး ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းပြီး အကျိုးပြုနိုင်ဖွယ် ရှိနေပါတယ်။

ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တဲ့ တိုက်စစ်မှူး Gakpo [ ကိုဒီ ဂတ်ခ်ပို ]။

မအောင်မြင်ခဲ့တဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး Gakpo [ ကိုဒီ ဂတ်ခ်ပို ] Times ကို ” ကျွန်တော် အသင်းကနေ ထွက်ခွာဖို့ တော်တော်လေး နီးစပ်ခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့လည်း စကားတွေ ပြောဖြစ်ပါတယ်။ “

“နောက်ဆုံးတော့ သဘောတူညီမှု မရရှိခဲ့ပါဘူး။ ဒါက ကျွန်တော့်အတွက် ရှက်စရာပါ။ မန်ချက်စတာ ယူနိုက်တက်ဟာ ကမ္ဘာ့အကြီးဆုံး ကလပ်အသင်းတစ်သင်း ဖြစ်တာကြောင့်ပါ။ ” လို့ ပြန်လည် သုံးသပ်ရင်း ပြောကြားခဲ့ပါတယ်။

Gakpo - replacement Ronaldo

ရော်နယ်ဒိုနေရာ ဂက်ခ်ပို အစားထိုး ဖြစ်နိုင်မလား။

ကိုဒီဂတ်ခ်ပို ဟာ ဒီလိုမျိုး စင်မြင့်ပေါ် မှာ တောက်ပနေနိုင်ကြောင်း သက်သေပြဖို့ အခွင့်အရေးနဲ့ ထိုက်တန်ပြီး PSV အသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် လက်ရှိမှာတော့ ကစားသမားကို ယူရို သန်း ၃၀ ပတ်ဝန်းထက်ပိုပြီး ထိန်းထားနိုင်မှာ မဟုတ်ပါဘူး။

ပီအက်စ်ဗွီရဲ့ တိုက်စစ်မှူး Gakpo [ ကိုဒီ ဂတ်ခ်ပို ] က အသင်းရဲ့ ဂိုးသွင်းစက်။

အ သက် ၂၃ နှစ်အရွယ်ရှိ Gakpo [ ကိုဒီ ဂတ်ခ်ပို ] ဟာ အိုးထရက်ဖို့ဒ်အသင်းမှာ ခရစ္စတီယာနိုရဲ့ အလုံးစုံ အကျိုးသက်ရောက်မှုနဲ့ တူညီမှု ရာသီပေါင်းများစွာ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရာသီဝက်မှာ  ပေါ်တူဂီသားနေရာ အစားထိုးနိုင်မှာလား။ ဒါက ယူနိုက်တက်အတွက် အကျိုးယုတ်မှာတော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ရာသီက ဂတ်ခ်ပိုဟာ PSV Eindhoven အတွက် ပြိုင်ပွဲစုံ ၄၇ ပွဲ ကစားရာမှာ ၂၁ ဂိုးသွင်း ၁၅ ဂိုး ဖန်တီးပေးထားခဲ့ပါတယ်။ ဒီရာသီမှာတော့ သူဟာ ပြိုင်ပွဲစုံ ၃၀ ပွဲ ကစားထားပြီး ၁၆ ဂိုးသွင်၊ ၁၈ ဂိုးအထိ ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။

Gakpo is in Good Form at PSV

ပီအက်စ်ဗွီရဲ့ ဂိုးသွင်းစက် ဂက်ခ်ပို။

အသက် ၂၃ နှစ်အရွယ် နယ်သာလန်သားဟာ ပုံမှန်အားဖြင့် ကလပ်အသင်း အတွက်ရော၊ နိုင်ငံအသင်းအတွက်ပါ သွင်းဂိုးတွေ အကောင်းဆုံး သွင်းယူပေးနိုင်ထားတာကြောင်း နည်းပြ တန်ဟက်ဂ်ရဲ့ တိုက်စစ်ပိုင်းမှာ အင်အားဖြည့်ဖို့ တောင်းဆိုမှုအပေါ် သံသယ မရှိနိုင်ပါ။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment