Rabiot ကို ခေါ်ယူဖို့ ပြင်နေတဲ့ ယူနိုက်တက်။

Rabiot is wanted to sign by Man United
December 19, 2022

ယူနိုက်တက်က Rabiot [ အက်ဒရီယန် ရာဘီယော့ ] ကို ခေါ်ယူဖို့ ဘာကြောင့် အနှစ်သက်ဆုံး ဖြစ်နေတာလဲ။

Rabiot [ အက်ဒရီယန် ရာဘီယော့ ] ဟာ ပြင်သစ် လက်ရွေးစင် အသင်းနဲ့ အတူ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာ အကောင်းဆုံး ခြေစွမ်း ပြခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်ရှိလာဖို့က အပြု သဘော ဆောင်နေတယ်လို့ Mirror ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပြင်သစ် ကွင်းလယ်လူ အက်ဒရီယန် ရာဘီယော့ဟာ ၂၀၂၂ ဖီဖာ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ အထင်ကြီးစရာ အကောင်းဆုံး ကစားသမား တွေထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

စပိန်ထက် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ဦးစားပေးမယ်လို့ ယူဆရတဲ့ Rabiot [ ရာဘီယော့ ]  ရဲ့ အပြောင်းအရွှေ့။

PSG ကွင်းလယ် လူဟောင်း ရာဘီယော့ဟာဟာ ကတာ ကမ္ဘာ့ဖလား ၂၀၂၂ ဖိုင်နယ်မှာ အာဂျင်တီးနား အသင်းကို တစ်ဖက် ၃ ဂိုးစီ သရေကျ ခဲ့ပြီးနောက် ပင်နယ်တီ အဆုံးအဖြတ်နဲ့ မရှုံးခင်အထိ ပြင်သစ် အသင်းရဲ့ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်။

ကွင်းလယ် ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက အိုးထရက်ဖို့ဒ် [ မန် ယူနိုက်တက် အသင်း ] ဆီ ပြောင်းရွှေ့ဖို့  ချိတ်ဆက်ခဲ့ပေမယ့် အဲရစ် တန်ဟက်ဂ်ရဲ့ အသင်းမှာ ကစားဖို့ အခွင့်အရေးကို ငြင်းပယ်ခဲ့ပါတယ်။

Rabiot was one of France’s most impressive performers at Qatar 2022

ရာဘီယောဟာ ပြင်သစ်အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

ဒါဟာ သူ့ အတွက် နောင်တကို ဖော်ပြဖို့ နှေးကွေးတဲ့ ဆုံးဖြတ်ချက် တစ်ခု ဖြစ်ခဲ့ပေမယ့် ဒီမှာ သူ့ရဲ့ အတွေး အမြင်တွေ ပြောင်း‌လဲသွားနိုင်ခဲ့တဲ့ ခံစားချက် တစ်ခု ရှိနေပါတယ်။

Mirror ရဲ့ သတင်း တစ်ပုဒ် ဖြစ်တဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ်တို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ယူဆရတဲ့ ဖော်ပြချက်မှာတော့ ကစားသမား အနေနဲ့ စပိန်မှာ ရွေးချယ်စရာတွေထက် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ဦးစားပေးဖြစ်တယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။

ကွင်း လယ်လူ Rabiot [ အက်ဒရီယန် ရာဘီယော့ ] ဟာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။

ဂျူဗင်တပ် စ် ကွင်း လယ်လူ အက်ဒရီယန် ရာဘီယော့ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ဒါမှ မဟုတ်ရင် ၂၀၂၃ ခုနှစ် နွေရာသီမှာ အပြောင်းအရွှေ့ဖြစ်ဖို့ သေချာသလောက် ရှိနေပါတယ်။

Rabiot certainly looks likely to be on the move

အသက် ၂၇ နှစ် အရွယ် ကစားသမားဟာ ရာသီကုန်မှာ ဂျူဗင်တပ်စ် အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး အဲ့ဒီ အခါကျရင် သက်ဆိုင်ရာ စိတ်ဝင်စားတဲ့ အသင်းတွေက အလွတ် အေးဂျင့်အဖြစ် ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။

ဂျူဗင်တပ်စ် အသင်းကို စီးပွားရေးနဲ့ အားကစားဆိုင်ရာ ပြစ်ဒဏ်များ ချမှတ်နိုင်တယ် ဆိုတဲ့ စွပ်စွဲမှုတွေကြောင့် ကလပ် အသင်းရဲ့ အနာဂတ် မသေချာ မရေရာမှု တွေကြောင့် ရာဘီယော့ အနေနဲ့ ထွက်ခွာမယ့် အလားအလာမှာ အမှန်တကယ်ကို အားကောင်းနေပုံ ပေါ်နေပါပြီ။

ပြင်သစ်သား ရာဘီယော့ ကို ခေါ်ယူဖို့ လာလီဂါအသင်းတွေကို ယှဥ်ပြိုင်သွားမယ့် ယူနိုက်တက်။

သူဟာ သူ့ရဲ့ သဘောထား ကွဲလွဲမှုကြောင့် ကစားသမား ဘဝတစ်လျှောက် အမြင်တွေ ကွဲလွဲခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ပြီး သူ့ရဲ့ မိခင်လည်းဖြစ်၊ အေးဂျင့်လည်း ဖြစ်တဲ့ ဗယ်ရွန်နစ် ရာဘီယောဟာ ပြောရဆိုရ၊ စေ့စပ်ညှိနှိုင်းရ ခက်ခဲ့တဲ့ အေးဂျင့်တစ်ဦး အဖြစ် ခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခံခဲ့ရပါတယ်။

ဒါပေမယ့် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲတုန်းက ပြင်သစ် အသင်း နဲ့အတူ ရာဘီယော့ရဲ့  ခြေစွမ်းတွေဟာ မျက်စိကျစရာ ဖြစ်ခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး နှစ်တွေ အတွင်း တန်ဖိုးရှိနိုင်တဲ့ ကစားသမားအဖြစ် ထိပ်တန်း အသင်း တစ်သင်းကို ဆွဲဆောင်နိုင်စေဖို့ လုံလောက်မှု ရှိကောင်း ရှိနိုင်ပါတယ်။

ဩစတြေးလျဘက်ကို ဂိုးသွင်းယူနေတဲ့ ရာဘီယော။

မန်ချက်စတာ ယူနိုက်တက် အသင်း ဘက်ကတော့ ပြင်သစ် ကွင်းလယ် ကစားသမား Rabiot [ အက်ဒရီယန် ရာဘီယော့ ] ကို ခေါ်ယူဖို့အတွက် အက်သလက်တီကို မက်ဒရစ်၊ ဘာစီလိုနာ အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment