Kante 7 [ကန်တေ]တောင်းဆိုလိုက်တဲ့ ဘာကာ အပြောင်းအရွှေ့ ။

Kante 7 demands January contract from Barcelona
December 20, 2022

ဘာစီလိုနာ အသင်းနဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ စာချုပ်ကို တောင်းဆိုလိုက်တဲ့ Kante 7 [ အန် ဂိုလို ကန်တေ ]။

Kante 7 [ အန် ဂိုလို ကန်တေ ] ဟာ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ  အကြို စာချုပ်နဲ့ ခေါ်ယူဖို့ ဘာစီလိုနာ အသင်းကို တွန်းအား ပေးနေကြောင်း အားကစား မီဒီယာ Sport က ဖော်ပြခဲ့ပါတယ်။

အန် ဂိုလို ကန်တေ ဟာ ရာသီကုန်မှာ ချဲလ်ဆီး အသင်းနဲ့ သူ့ရဲ့ စာချုပ် သက်တမ်း ကုန်ဆုံးချိန်မှာ ကလပ် အသင်း ကနေ ထွက်ခွာဖို့ နုတ်ထွက်ခဲ့ပြီး သူ့ရဲ့ နောက်ထပ် ကလပ်အသင်း အနေနဲ့ ဘာကာ အသင်း ဖြစ်သင့်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ရာသီကုန်မှာ Kante 7 [ အန် ဂိုလို ကန်တေ ] ရဲ့ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟာ ကလပ် အများအပြား ဆီက ကမ်းလှမ်းမှုတွေကို လက်ခံရရှိထားပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ အလွတ်နဲ့ အသင်းကို ပြောင်းရွှေ့ နိုင်စေဖို့ သူ့ရဲ့ သက်တမ်းကုန် အပြောင်း‌အရွှေ့ စာချုပ်ကို ဇန်နဝါရီလမှာ အမြန်ဆုံး ခေါ်ယူ လုပ်ဆောင်ဖို့ ဘာစီလိုနာကို ပြောခဲ့ပါတယ်။

အန်ဂိုလို ကန်တေ ဟာ လွန်ခဲ့တဲ့ နှစ် အနည်းငယ် အတွင်း အထူးသဖြင့် ကလပ်ရဲ့ ၂၀၂၁ ချန်ပီယံလိဂ် အောင်မြင်မှု ကာလအတွင်း ချဲလ်ဆီး အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ခဲ့ပေမယ့် အခုအခါ အသက် ၃၀ အရွယ်မှာတော့ မထင်မှတ်ဘဲ ဒဏ်ရာတွေနဲ့ အလွဲလွဲ အချော်ချော်တွေ ဖြစ်ခဲ့ရပါတယ်။

Kante 7 vs Joginho

ကန်တေနဲ့ ဂျော်ဂျင်ညိုတို့ဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

လန်ဒန် ကလပ်အသင်းရဲ့  အန်ဂိုလို ကန်တေရဲ့ တွဲဖက် နောက်ထပ် ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟိုဟာလည်း ဒီရာသီ အကုန်မှာ ကလပ်အသင်းနဲ့ သူ့ရဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ချဲလ်ဆီး အသင်း အနေနဲ့ အဆိုပါ ကွင်းလယ် ကစားသမား နှစ်ဦးအနက် ကနေ အများဆုံး တစ်ဦးကိုသာ သက်တမ်းတိုးမှာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။

ကွင်းလယ်လူ Kante 7 [ အန် ဂိုလို ကန်တေ ] ရဲ့ ဒဏ်ရာ ပြဿနာများ။

ပြင်သစ် ကွင်းလယ်လူ ကန်တေဟာ  ပြီးခဲ့တဲ့ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်း ဒဏ်ရာ ပြဿနာတွေနဲ့ ကြုံတွေခဲ့ရပြီး လက်ရွေးစင် အသင်းနဲ့အတူ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ရပြီး သူ့ရဲ့ ဒဏ်ရာတွေကြောင့် ကလပ်အသင်းက စာချုပ်သစ် ချုပ်ဆိုဖို့ ဖြစ်နိုင်ခြေ အနည်းဆုံး ဖြစ်ပုံရပါတယ်။

လက်စတာစီးတီး ကြယ်ပွင့်ဟောင်းဟာအခုနှစ် ဘောလုံးရာသီမှာ တံကောက်ကြော ဒဏ်ရာနဲ့ ၁၇၅ မိနစ်သာ ကစားခဲ့ရပြီး ပြီးခဲ့တဲ့ ရာသီက မတူညီတဲ့ ဒဏ်ရာ လေးချက်အပြင် ကိုရိုနာ ဗိုင်းရပ်ပိုး ၂ ကြိမ်လည်း ကြုံတွေ့ခဲ့ရပါတယ်။

Kante 7 missed WC 2022 because of injuries

ကန်တေဟာ ဒဏ်ရာကြောင့် ကာတာ ကမ္ဘာ့ဖလားကို လွဲချော်ခဲ့ပါတယ်။

ဘာကာ အသင်းဟာ ပြီးခဲ့တဲ့ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်တုန်းက အန် ဂိုလို ကန်တေနဲ့ ဂျော်ဂျင်ဟိုတို့ နှစ်ဦးစလုံးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အပြင်းအထန် ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ အလွတ် အပြောင်းအရွှေ့ ‌နဲ့ ခေါ်ယူမှုများ။

ပြီးခဲ့တဲ့ နွေရာသီတုန်းက ဘာကာအသင်းဟာ ဖရန့်ခ် ကတ်ဆီ နဲ့ အန်ဒရေ့စ် ခရစ္စတန်ဆန်တို့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး လွန်ခဲ့တဲ့ တစ်နှစ်က သူတို့ဟာ ဆာဂျီယို အဂွဲရိုး၊ မမ်းဖစ် ဒီပိုင်းနဲ့ အဲရစ် ဂါစီယာတို့ကိုလည်း အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဘာစီလိုနာကို ပြောင်း‌ချင်နေတဲ့  Kante 7 [ အန် ဂိုလို ကန်တေ ] ဟာ ၂၀၁၅ – ၂၀၁၆ ရာသီမှာ လက်စတာ စီးတီးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ပြီးနောက် ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး ယူရို ၃၆ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

Kante 7 won CL with Chelsea

ချဲလ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်‌ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ကန်တေ။

ချဲလ်ဆီးအသင်းအတွက် ၂၆၂ ပွဲ ကစားထားပြီး ၁၁ ဂိုး သွင်းယူထားပါတယ်။ သူဟာ အသင်းမှာ ရှိနေစဉ် ပရီးမီးယားလိဂ် ဖလား တစ်ကြိမ် ၊ ချန်ပီယံလိဂ် တစ်ကြိမ် နဲ့ ကမ္ဘာ့ဖလား တို့ကို ဆွတ်ခူး နိုင်ခဲ့ ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment