Cody Gakpo ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး။

Cody Gakpo to Manchester United
December 13, 2022

တိုက်စစ်မှူး Cody Gakpo [ ကိုဒီ ဂတ်ခ်ပို ] ကို ခေါ်ယူဖို့ PSV ကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေးသွားမယ့် ယူနိုက်တက်အသင်း။

Cody Gakpo [ ကိုဒီ ဂတ်ခ်ပို ] ဟာ လက်ရှိ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးမှာ နယ်သာလန်အသင်းအတွက် ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် ဥရောပ ထိပ်တန်းအသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဒီဥရောပ ထိပ်တန်း အသင်းကြီးတွေထဲကမှ အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး နေရာအတွက် ဂတ်ခ်ပိုကို လေးလေးနက်နက် အလိုရှိနေပြီး အသင်းဘက်က သူ့အတွက် PSV အသင်းကို ပြောင်းရွှေ့ကြေး ကြီးကြီးမားမား ပေးဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

[ကိုဒီဂတ်ခ်ပို ] Cody Gakpo ကို ခေါ်ယူဖို့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေးဆောင်ရမှာ ဖြစ်ပါတယ်။

PSV အသင်း ဒါရိုက်တာ မာဆယ် ဘရန့်စ် ရဲ့ မှတ်ချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး Cody Gakpo [ ကိုဒီ ဂတ်ခ်ပို ] ကို ဇန်နဝါရီမှာ ခေါ်ယူချင်တာကြောင့် စံချိန်တင် ပမာဏတစ်ခု ပေးချေရမှာ ဖြစ်ပါတယ်။

ဂတ်ခ်ပိုဟာ သူ့ရဲ့ ရာသီအစမှာ အထင်ကြီးလောက်စရာ ကောင်းခဲ့ပြီး ကမ္ဘာ့ဖလားမှာလည်း ပုံစံကောင်းတွေ ပြသခဲ့ပြီးနောက် ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ကလပ်အသင်း များစွာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

Cody Gakpo scored 3 Goals for Netherlands

ဂတ်ခ်ပိုဟာ ကမ္ဘာ့ဖလားမှာ ၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

နယ်သာလန်သားဟာ PSV အသင်း အတွက် ဒီရာသီမှာ ၁၇ ဂိုးသွင်း၊ ၁၃ ဂိုးအထိ ဂိုး ဖန်တီးမှု ပြုလုပ်ထားပြီး သွင်းဂိုပေါင်း ၃၀ ဂိုးအထိ ပါဝင် ပတ်သက်မှု ‌ရှိနေပါတယ်။ ဒါ့ အပြင် သူ့ရဲ့ ပထမဦးဆုံး ကမ္ဘာ့ဖလား အတွေ့အကြုံမှာလည်း သွင်းဂိုးတွေ ရရှိခဲ့ပါတယ်။

လူးဝစ်ဗန်ဟားလ်ရဲ့ နယ်သာလန် အသင်းအတွက် ကာတာ ကမ္ဘာ့ဖလားမှာ အုပ်စုပွဲ ၃ ပွဲရဲ့ ပွဲစဥ်တိုင်းမှာ ၁ ဂိုစီ သွင်းယူနိုင်ခဲ့ပြီး အဲ့ဒီအချက်က ဒီကာတွေမှာ ဂတ်ခ်ပိုကို ကလပ်အသင်း တော်တော်များများရဲ့  စိတ်ဝင်စားမှု မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ခြေစွမ်း ကောင်း‌မွန်လာတာနဲ့ အမျှ ‌မြင့်မားလာတဲ့ Cody Gakpo [ ကိုဒီ ဂတ်ခ်ပို ] ရဲ့ ပြောင်းရွှေ့ကြေး။

အခုအခါ နယ်သာလန် ကလပ် PSV အသင်းဘက် သူ့ကို ထွက်ခွာခွင့် ပြုမယ်ဆိုရင် ကလပ် စံချိန်တင် ရောင်းချမှု ဖြစ်ဖို့ လိုအပ်တာကြောင့် သူ့အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို တောင်ဆိုထားပါတယ်။

Cody Gakpo scored 17 Goals for PSV

ပီအက်စ်ဗွီအသင်းအတွက ဒီရာသီ ၁၇ ဂိုအထိ သွင်းယူထားတဲ့ ဂတ်ခ်ပို။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ သူတို့ရဲ့ တိုက်စစ်ပိုင်း အာနည်းမှုကြောင့် ပြီးခဲ့တဲ့ လအနည်းငယ် က တိုက်စစ် ကစားသမား အသစ်ကို လိုက်ရှာခဲ့ပြီး အဲ့ထဲကမှ ကိုဒီ ဂတ်ခ်ပိုကို စိတ်ဝင်စား မှု အရှိဆုံး ဖြစ် ပါတယ်။

မာဆယ် ဘရန့်စ်က Gakpo ကို ဇန်နဝါရီ ရောင်းရငွေ ဖြစ်နိုင်ချေရှိတဲ့အကြောင်း ပြောခဲ့ပါတယ် –

“ဇန်နဝါရီမှာ Cody Gakpo ကို ၁၀ – ၁၂ ကလပ်ကသာ ပေးချေနိုင်ပါတယ်။ ဖြစ်လာမလားဆိုတာ ကြည့်ရအောင် – ဒါဟာ PSV စံချိန်တင်ရောင်းချမှုနဲ့ Cody ရဲ့ အစီအစဉ်တွေအတွက် မှန်ကန်တဲ့ လေလံ ဖြစ်ရမယ်။ ”

“တရားဝင် ကမ်းလှမ်းမှု မရှိသေးဘူး။ ဇန်န၀ါရီလမှာ ကလပ်အသင်းအချို့က ကြီးမားတဲ့ ငွေပေးချေနိုင်မလား ဆိုတာ ကြည့်ရအောင်ပါ။ ” လို့ သူက ထပ်လောင်းပြောကြားပြီး တိုက်စစ်မှုးအတွက် ကမ်းလှမ်းမှုတွေ မရောက်သေးကြောင်း ပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဗွီ အသင်းရဲ့ စံချိန်တင် ရောင်းချမှု ဖြစ်လာဖွယ် ရှိတဲ့ ကိုဒီ ဂတ်ခ်ပိုရဲ့ အပြောင်းအရွှေ့။

လက်ရှိ ပီအက်စ်ဗွီ အသင်းရဲ့ စျေးအကြီးဆုံး ရောင်းချမှုဟာ ၂၀၁၉ ခုနှစ်တုန်းက နာပိုလီကို ပြောင်းရွှေ့သွားစေတဲ့ ဟာဗင် လော်ဇာနို ရဲ့ ရောင်းချမှု ဖြစ်ပြီး သူ့ရဲ့ ပြောင်းရွှေ့ကြေးကတော့ ယူရို ၄၅ သန်း ဖြစ်ပါတယ်။ အခု Cody Gakpo [ ကိုဒီ ဂတ်ခ်ပို ] ဟာလည်း သူ့လိုမျိုး ပြောင်းရွှေ့သွားမှာ ဖြစ်ပါတယ်။

Cody Gakpo Lozano to Napoli

နာပိုလီကို ယူရို ၄၅ သန်းနဲ့ ပြောင်းရွှေ့သွားတဲ့ လော်ဇာနို။

ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့ဖို့ အကြံပြုမှုတွေ ရှိခဲ့ပေမယ့် သူ့ရဲ့ ကမ္ဘာ့ဖလား အပြီးမှာတော့ အဲဒီ ပမာဏထက် တိုးလာနိုင်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment