Gvardiol ရဲ့ လတ်တလော အပြောင်းအရွှေ့သတင်း။

Gvardiol to Chelsea or Real Madrid
December 9, 2022

ခရို အေးရှား ကြယ်ပွင့် နောက်ခံလူ Josko Gvardiol [ ဂျော်စကို ဂဗာဒီယို ] ရဲ့ အပြောင်း‌အရွှေ့။

Gvardiol [ ဂျော်စကို ဂဗာဒီယို ] က RB လိုက်ပ်ဇစ်အသင်းရဲ့ လူငယ် နောက်ခံလူ တစ်ဦး ဖြစ်ပြီး လက်ရှိ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း ခြေစွမ်းပြနေတာကြောင့် ချဲလ်ဆီးနဲ့ ရီးယဲလ် မက်ဒရစ်အသင်းတို့ကို သူ့ရဲ့ အပြောင်း‌အရွှေ့နဲ့ ပတ်သက်ပြီး သတင်းတွေ ချပြလိုက်ပါတယ်။

Josko Gvardiol [ ဂျော်စကို ဂဗာဒီယို ] ရဲ့ အေးဂျင့်ဟာ RB လိုက်ပ်ဇစ် နောက်ခံလူနဲ့ ပတ်သက်ပြီး ချဲလ်ဆီးနဲ့ ရီးယဲလ် မက်ဒရစ် အသင်းတို့ဆီ အရေးကြီးတဲ့ အပြောင်းအရွှေ့ သတင်းတစ်ခုကို ‌ပေးခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အေးဂျင့်က ဂဗာဒီယိုရဲ့ အပြောင်းအရွှေ့ကို အလျင်မလိုကြောင်း ပြောဆိုခဲ့ပါတယ်။

ဂျော်စကို ဂဗာဒီယိုဟာ မကြာသေးခင် လတွေအတွင်း ဘောလုံး အပြောင်းအရွှေ့ သတင်းခေါင်းကြီးပိုင်းတွေမှာ ပုံမှန် ပါဝင်ခဲ့ပြီး အဲ့ဒါဟာ ဘွန်ဒက်လီဂါ နဲ့ အခု ခရိုအေးရှားအသင်း နဲ့အတူ ကာတာ ကမ္ဘာ့ဖလား မှာ သူ့ရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ ကာလကတည်းက အဆိုပါ ကစားသမားကို လေးလေးနက်နက် ချိတ်ဆက် ခဲ့ပေမယ့် အသက် ၂၀ အရွယ်ရှိ နောက်ခံလူကို ခေါ်ယူဖို့ မက်ဒရစ်အသင်းကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

Gvardiol is in good form at RB Leipzig

ဂဗာဒီယိုက လိုက်ပ်ဇစ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပါတယ်။

ခရိုအေးရှား လူငယ် နောက်ခံလူ Gvardiol [ ဂျော်စကို ဂဗာဒီယို ] အနေနဲ့ ဂျာမနီ ကလပ် အသင်းမှာ စာချုပ်သစ် ချုပ်ဆိုပြီးကတည်းက ပြောင်းရွှေ့ဖို့ အလျင်စလို မရှိကြောင်း သူ့ရဲ့ ကိုယ်စားလှယ်က ပြောခဲ့ပါတယ်။

Sky Deutschland နဲ့ စကားပြောရာမှာ သူက ” ၂၀၂၃ နွေရာသီမှာ ဖြစ်နိုင်တဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့က အလျင်စလို မဖြစ်ပါဘူး။ ဘယ်အသင်းတွေနဲ့မဆို ကြိုတင်သဘောတူညီချက်တွေမရှိဘူးဆိုတာကို ကျွန်တော်ရှင်းရှင်းလင်းလင်းပြောနိုင်ပါတယ်။ ”

” ဂျော်စကိုဟာ Leipzig အသင်းမှာ ၂၀၂၇ ခုနှစ်အထိ နှစ်ရှည် စာချုပ် ချုပ်ဆိုထားပြီး ဖြစ်ပါတယ်။ သူ့ အနေနဲ့  လိုက်ပ်ဇစ်မှာ လုံးဝကို ပျော်ရွှင်နေပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

ခရိုအေးရှားသား Gvardiol [ ဂျော်စကို ဂဗာဒီယို ] အတွက် ပြောင်းရွှေ့ကြေးက ဘယ်လောက်လဲ။

ဒီစကားလုံးတွေကြားထဲကနေ  နောက်ခံလူ ဂဗာဒီယိုဟာ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ အပြောင်းအရွှေ့ဖြစ်ဖို့ အလားအလာ ရှိနေပါတယ်။ ပြောင်းရွှေ့ကြေး ဘယ်လောက်နဲ့ ထွက်ခွာသွားမယ်ဆိုတာတော့ မသေချာသေးပါဘူး။

ချဲလ်ဆီး အသင်းဟာ လာမယ့် နွေရာသီမှာ RB Leipzig ကနေ ခရစ်စတိုဖာ အန်ကန်ကူကို ခေါ်ယူနိုင်စေမယ့် စာချုပ်သစ်မှာ အနည်းဆုံး အခကြေးငွေနဲ့ ပေးချေရမယ့် စာချုပ်ပါ အချက်တွေ ရှိနေတယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။

Gvardiol is an important defender for Croatia

ဂဗာဒီယိုက ခရိုအေးရှားရဲ့ အားထားရတဲ့ နောက်ခံလူ။

ဒီ ထင်ကြေးပေးမှုများအပေါ် ဂျာမနီရှိ သတင်းများက ငြင်းဆိုခဲ့ပြီး စူပါ ထိပ်တန်း ကလပ်နှစ်ခုရဲ့ မျှော်လင့်ချက်တွေ မြင့်တက်သွားခဲ့ပါတယ်။ သူတို့ကတော့ နောက်ခံလူကို ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ လောက်နဲ့ ခေါ်ယူဖို့ မျှော်လင့်နေကြတာပါ။

အားကစား မီဒီယာ Sportitalia ရဲ့ ဖော်ပြချက်အရ ရီးယဲလ် မက်ဒရစ်အသင်းဟာ လိုက်ပ်ဇစ်ရဲ့ ယူရို သန်း ၁၀၀ တောင်းဆိုထားတဲ့ ဈေးနှုန်းကို ၁၀ သန်း လျှော့ချပြီး ဂဗာဒီယို အတွက် ယူရို သန်း ၉၀ ပေးချေဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးရော ရီးယဲလ်ရော လမ်းဖွင့်ထားတဲ့ ဂျော်စကို ဂဗာဒီယို။

တစ်ချိန်တည်းမှာပဲ ကစားသမား ကိုယ်တိုင်ကလည်း ရီးယဲလ် မက်ဒရစ်အသင်း ဒါမှမဟုတ် ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားတယ်လို့ အရိပ်အမြွက် အနေနဲ့ ပြောခဲ့ပါတယ်။

Los Blancos [ ရီးယဲလ် မက်ဒရစ် ] နဲ့ ပတ်သက်ပြီး သူက “ ရီးယဲလ်မက်ဒရစ်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးအသင်းဖြစ်လို့  တစ်နေ့ကျရင် အဲ့ဒီမှာ ကစားလို့ ရနိုင်ပါတယ်။ ဟုတ်ကဲ့လို့ပဲ ပြောမှာပါ။ ” လို့ ဖွင့်ဟခဲ့ပါတယ်။

Gvardiol with Kovacic and Modric

ခရိုအေးရှား ကွင်းလယ်လူတွေနဲ့အတူ ဂဗာဒီယို။

ဒါပေမယ့်လည်း သူက မကြာသေးခင်က The Athletic နဲ့ တွေ့ဆုံ မေးမြန်းရာမှာလည်း ချဲလ်ဆီးအသင်း နဲ့ ပတ်သက်ပြီး အလားတူ ပပြောဆိုခဲ့ပါတယ်။ – “ ဒါက ကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းဖြစ်ပြီး တစ်နေ့ကျရင် ကျွန်တော်အဲဒီမှာ ရှိနေမယ်ဆိုတာ ဘယ်သူသိမလဲ။ ”

” အထူးသဖြင့် မတ်တီယို ကိုဗါ့ဆစ် ရှိတာကြောင့် ဒီလိုအရာတွေကို မြင်ရတာ အရမ်းကောင်းပါတယ်။ ငါသူနဲ့စကားပြောဖြစ်တယ်။ ” လို့ ပုံစံတူ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment