Felix [ ယာအို ဖီးလစ်ခ်စ် ] ရဲ့ ပြောင်းရွှေ့ကြေး။

Felix want to leave Atletico Madrid
December 8, 2022

တိုက်စစ်မှူး Joao Felix [ ယာအို ဖီးလစ်ခ်စ် ] ရဲ့ ပြောင်းရွှေ့ကြေး။

Felix [ ယွာအို ဖီးလစ်ခ်စ် ] ကို ရောင်းချဖို့ အက်သလက်တီကို မက်ဒရစ်အသင်း အနေနဲ့ မန်ချက်စတာ ယူနိုက်တက် ပစ်မှတ် ဖြစ်တဲ့ ပေါ် တူဂီ တိုက်စစ်မှူးရဲ့  ပြောင်းရွှေ့ကြေးကို သတ်မှတ် ဖော်ပြခဲ့ပါတယ်။

ယွာအို ဖီးလစ်ခ်စ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် မတိုင်ခင် မန်ချက်စတာ ယူနိုက်တက်အသင်း အသင်းဘက်က အက်သလက်တီကို ကြယ်ပွင့်ကို စိတ်ဝင်စားမှုရရှိထားပြီး ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း အပြောင်းအရွှေ့ ဈေးကွက်ထဲကို ရောက်ရှိလာခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အေတီဂို နည်းပြ ဆီမြွန်နီနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့တဲ့ ပေါ်တူဂီသား Joao Felix [ ယွာအို ဖီးလစ်ခ်စ် ]။

ဖီးလစ်ခ်စ်ဟာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်း နဲ့အတူ အထင်ကြီးလောက်စရာ ပုံစံနဲ့ ရပ်တည်နေပြီး နောက်ဆုံး ၁၆ သင်း ရှုံးထွက်အဆင့်မှာ ဆွစ်ဇာလန်ကို ၆ – ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ သိသိသာသာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။

အထူးသဖြင့် အဲ့ဒီပွဲက ခရစ္စတီယာနို ရော်နယ်ဒို ပွဲထွက် ၁၁ ယောက်စာရင်းမှာ မပါဝင်လာဘဲ ဂွန်ကာလို ရာမို့စ် က ဟတ်ထရစ်သွင်းယူ နိုင်ခဲပြီး သူ့ရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်ကို ပြသခဲ့တဲ့ ပွဲတစ်ပွဲပါပဲ။

Felix had less minutes at Atletico Madrid

အက်သလက်တီကို မက်ဒရစ်မှာ ပွဲထွက်ခွင့်နည်းနေတဲ့ ဖီးအစ်ခ်စ်။

မကြာသေးခင် ကာလအတွင်း ဖီးလစ်ခ်စ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်း နည်းပြဖြစ်သူ ဒီယေဂို ဆီမြွန်နီနဲ့ ဆက်ဆံရေးတွေ ယိုယွင်းလာခဲ့ပြီး ပွဲထွက်ခွင့်တွေ သိသိသာသာ လျော့နည်းလာခဲ့တာ တွေ့ရပါတယ်။

လက်ရွေးစင် အသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာ ပါဝင် ကစားခွင့် ရခြင်းက အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးအတွက် ကြိုဆိုစရာ အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့တယ် ဆိုတာ သေချာပါတယ်။

ပေါ်တူဂီသားကို ခေါ်ယူဖို့ ဥရောပ ထိပ်တန်းအသင်းတွေ ချိတ်ဆက်နေကြပါတယ်။

အမှန်တကယ်တော့ လူငယ် တိုက်စစ်မှူးဟာ စပိန်မြို့တော်ကနေ ထွက်ခွာဖို့ ဖြစ်သင့်နေပြီဆိုတာကို ကိုယ်တိုင် သတိထားမိတာကြောင့် သူ့ရဲ့ အသင်းပြောင်းဖို့ ကိစ္စက ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဖြစ်နိုင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်၊ PSG နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ဟာ ဖီးလစ်နဲ့ အနီးကပ်ဆုံး ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် ကစားသမားကို စိတ်ဝင်စားဖို့ စိတ်ကူးထားတဲ့ တစ်ခုတည်းသော ကလပ်တွေတော့ မဟုတ်ပါဘူး။

Felix scored against Ghana

ဂါနာဘက်ကို ဂိုးသွင်းယူနေတဲ့ ဖီးလစ်ခ်စ်။

ဒီဥရောပ ထိပ်တန်းအသင်း သုံးသင်းအပြင် လန်ဒန် ကလပ်အသင်း တွေ ဖြစ်တဲ့  အာဆင်နယ် နဲ့ ချဲလ်ဆီး အသင်းတို့ဟာလည်း အားကစား မီဒီယာ Relevo ကတစ်ဆင့် ကစားသမား နဲ့ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဆိုတော့ Joao Felix ရဲ့ ပြောင်းရွှေ့ကြေးက ဘယ်လောက်လဲ။

တူညီတဲ့ သတင်းရင်းမြစ်အရ အက်သလက်တီကို မက်ဒရစ် အသင်းဟာ ဖီးလစ်ကို ယူရို သန်း ၁၄၀ နဲ့ ရောင်းချရန်ဖွင့်ထားပြီး ၂၀၁၉ ခုနှစ်တုန်းက ကစားသမားအတွက် သူတို့ရဲ့ ကနဦး ပေးချေမှု ယူရို ၁၂၆ သန်းကို ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။

ဒီလို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို ဘယ်အသင်းကမှ ပေးဆောင်မယ် မထင်ပါဘူး။ ဖီးလစ်အ နေနဲ့ လက်ရှိ အက်သလက်တီကို မက်ဒရစ်အသင်းမှာ စာချုပ်သက်တမ်း ၄ နှစ် ကျန်ရှိနေပါ သေးတယ်။

မကြာသေးမီ အချိန်တွေတုန်းက သူ့ရဲ့ တောက်ပမှုဟာ ဘယ်လောက်ထိ ကျဆင်းသွားသလဲ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူ့ရဲ့ တန်ကြေးဟာ အောက်တိုဘာလတုန်းက ယူရို သန်း ၆၀ ကနေ ကျဆင်းသွားခဲ့တာပါ။

Felix at World Cup 2022

ဖီးလစ်ခ်စ်ဟာ ကမ္ဘာ့ဖလားမှာ ၁ ဂိုးသွင်း၊ နှစ်ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကမ္ဘာ့ဖလားဟာ Felix [ ယွာအို ဖီးလစ်ခ်စ် ] ရဲ့ တကယ့် အလားအလာကို ပြသခဲ့ပြီး ယူနိုက်တက်အသင်း ဒါမှမဟုတ် တခြားကလပ်တွေက သူ့ကို အက်သလက်တီကို မက်ဒရစ် လိုချင်တဲ့ စျေးနှုန်းနဲ့ မဟုတ်ဘဲ ဈေးနှုန်းချိုချိုနဲ့ ခေါ်ယူချင်တာ ဖြစ်ပါတယ်။

ယွာအိုဖီးလစ်ခ်စ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ထားပါတယ်။ သူဟာ ပြိုင်ပွဲရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမား စာရင်းမှာ အသင်းဖော် ဘရူနိုဖာနန်ဒက်စ်နဲ့ အင်္ဂလန်ရဲ့ ဟယ်ရီကိန်းတို့နောက် ဒုတိယမြောက်အဖြစ် ရပ်တည်နေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment