Martinez ရဲ့ ပေးရတာနဲ့ တန်တဲ့ စွမ်းဆောင်ရည်။

Lisandro Martinez at Manchester United till 2027
July 28, 2022

မန်ယူနိုက်တက်က Martinez [ လီဆန်ဒရို မာတီနက်ဇ် ] အတွက် ဘာကြောင့် ‌ပြောင်းရွှေကြေး ပိုပေးရတာလဲ?

Martinez [ လီဆန်ဒရို မာတီနက်ဇ် ] အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြောင်းရွှေ့ကြေး ယူရို ၅၅ သန်း‌ အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ ဒီနွေရာသီမှာ အကြီးမားဆုံး ခေါ်ယူမှုတစ်ခုအဖြစ် ဗုဒ္ဓဟူးနေ့က အပြီးသတ်ခေါ်ယူကြောင်း အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အာဂျင်တီးနားနောက်ခံလူရဲ့ ပြောင်းရွှေ့ကြေး

နယ်သာလန်လိဂ်မှာ ခက်ခက်ခဲခဲနဲ့ အောင်အောင်မြင်မြင် ကစားနိုင်ခဲ့တဲ့ အမ်စတာဒမ်အသင်း ကစားသမားတစ်ယောအတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေးတစ်ခုပါပဲ။ ဘောနပ်စ်ငွေ ပေးချေမှုမှာ နောက်ထပ် ယူရို ၁၀ သန်း ရှိလာဦးမယ်လို့ ခန့်မှန်းထားခဲ့ပေမယ့် အရင်က ယူရို သန်း ၅၀ နဲ့ပဲ ညှိနှိုင်းမှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။

သေချာတာကတော့ ယူနိုက်တက်အနေနဲ့ နောက်တန်းခံစစ်နေရာအတွက် ဂျူဗင်တပ်စ်ရဲ့ မတ်သိစ် ဒီလစ် ( နောက်ထပ် အေဂျက်စ်ကစားသမားဟောင်း ) နဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ဘန်ဂျမင် ပါဗတ်တို့လို့ တခြား ရွေးချယ်စရာတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် နောက်ခံလူတစ်ယောက် ခေါ်ယူဖို့အတွက် ငွေကြေးအမြောက်အမြား သုံးစွဲဖို့ ဆုံးဖြတ်ချက်ချ ရွေးချယ်ခံခဲ့ရသူကတော့ လီဆန်ဒရို မာတီနက်ဇ်ပါပဲ။

Lisandro Martinez at Man United till 2027

ယူနိုက်တက်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုလိုက်တဲ့ မာတီနက်ဇ်။

[ လီဆန်ဒရို မာတီနက်ဇ် ] Martinez  အတွက် ဘာကြောင့်ဒီလောက်အများကြီး ပေးရတာလဲ?

ပထမဆုံးအနေနဲ့ နည်းပြ တန်ဟတ်ဂ်အပေါ်  ကလပ်အသင်းရဲ့  သူခေါ်ယူလိုတဲ့ ကစားသမားတွေကို ရအောင်ခေါ်ယူပေးမယ်ဆိုတဲ့  ကတိကဝတ်ကို ပြသတာပါ။ လက်ရှိမှာတော့ တိုက်ရယ် မလာစီယာ‌ကို ခေါ်ယူခဲ့ပြီး အခုချိန်ထိ ဘာကာ ကစားသမားတစ်ယောက် ဖြစ်နေဆဲ ဖြစ်တဲ့ ဖရန့်ကီဒီဂျောင်ကိုလည်း ခေါ်ယူနိင်ဖို့ ကြိုးပမ်းနေကြပါတယ်။

ဒုတိယအချက်အနေနဲ့ ပိုအရေးကြီးတာက နောက်ခံလူ မာတီနက်ဇ်ဟာ တန်ဟတ်ဂ် လိုချင်တဲ့ ရှားပါး အရည်အချင်းတွေ ရှိပြီး ကမ္ဘာ့ ဘောလုံးလောကမှာ ယေဘုယျအားဖြင့် ရှာရခက်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူက ဘယ်သန် နောက်တန်း ခံစစ်မှူးတစ်ဦး ဖြစ်ပါတယ်။

ဘယ်သန် ကစားသမားတွေက တော်တော်လေးတော့ ရှားပါတယ်။ လက်ရှိကစားနေဆဲဖြစ်တဲ့ ဘောလုံးလောကရဲ့ ၂၂ ရာခိုင်နှုန်းကသာ ဘယ်သန် ကစားသမားတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ဘယ်သန် နောက်တန်းခံစစ်မှူးဆိုရင် ပိုတောင် ရှားပါသေးတယ်။

Lisandro Martinez at Man United

ယူနိုက်တက် နောက်ခံလူသစ် မာတီနက်ဇ်။

ရှားပါးလှတဲ့ ဘယ်သန် နောက်တန်းခံစစ်မှူးများ

အဲ့လို အရေအတွက် နည်းပါးတဲ့ထဲကနေ အရည်အသွေးမြင့် ကစားသမားတစ်ဦး ဖြစ်နေတာကလည်း ပိုပြီးရှားပါးနေပါသေးတယ်။ နည်းပြကြီး တန်ဟတ်ဂ်ရဲ့ အဆိုအရ မာတီနက်ဇက်ဟာ ၂၄ နှစ်သာ ရှိသေးတာကြောင့် သူ့ရဲ့ အသင်းသစ်ဟာ ရေရှည် ရင်းနှီးမြှုပ်နှံမှုတစ်ခု ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ရှု့ထောင့်အရ ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ဘယ်သန် ဗဟိုနောက်ခံလူ ၃ ဦးသာ ဥရောပ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူတို့ကတော့ ဒေးဗစ် အလာဘာ ( ဘိုင်ယန် ၂၀၂၀ နဲ့ ရီးယဲလ်မက်ဒရစ် ၂၀၂၂ )၊ ဒန်တီ ( ဘိုင်ယန် ၂၀၁၃ )နဲ့ ဝေါ်တာ ဆမ်မြူယယ် ( အင်တာမီလန် ၂၀၁၀ ) တို့ပဲ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ မကြာခင် အချိန်မရွေး ဥရောပ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်လိမ့်မယ်လို့ အကြံပြုလိုခြင်း မဟုတ်ပေမယ့် ဘယ်သန် ဗဟိုခံစစ်တွေ ဘယ်လောက်ထိ ရှားပါးတဲ့ ကစားသမားတွေလဲဆိုတာ ပြသရုံပါ။ ပြီးတော့ ဒါက ဘယ်သန်ခံစစ်မှူး မာတီနက်ဇ်ဟာ ဘာကြောင့် ခေါ်ယူဖို့ သင့်တော်လဲဆိုတာကို ပြသနေခြင်း ဖြစ်ပါတယ်။

[ မာတီနက်ဇ် ] Martinez  ရဲ့ ဘက်စုံ စွမ်းပကား

မန်ယူနိုက်တက်အသင်းက ‌သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်နေချိန်မှာ သူတို့ရဲ့ လက်ရှိအသင်း နောက်ခံလူတွေဖြစ်တဲ့ ဟယ်ရီ မက်ဂွိုင်းယား၊ ဗစ်တာ လင်ဒီလော့ဖ်နဲ့ ရာဖေး ဗာရန်းတို့နဲ့ မတူညီတဲ့ စွမ်းဆောင်ရည်တွေ ပေးစွမ်းနိုင်မယ့်သူကို အလိုရှိနေတယ်ဆိုတာ ရှင်းပါတယ်။

Lisandro Martinez at Ajax with Tan Hag

အေဂျက်အသင်းမှာတုန်းက နည်းပြ တန်ဟတ်နဲ့ မာတီနက်ဇ်။

ပြီးခဲ့တဲ့ ရာသီတုန်းက မာတီနက်ဇ်ဟာ အမှတ်ပေးလိဂ်နဲ့ ဥရောပမှာ မကြာခဏဆိုသလို သူ့ရဲ့  တကယ်ကောင်းမွန်တဲ့ ဖြတ်ထုတ်မှုတွေ၊ တိကျတဲ့ ပေးပို့မှုတွေ၊ အသင်းဖော်တွေနဲ့ ချိတ်ဆက်နိုင်မှုတွေမှာ လုံးဝ အ‌ရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်တယ်ဆိုတာ မြင်တွေ့ခဲ့ရပါတယ်။

လက်ရှိမန်ယူအသင်းမှာ ကစားသမား တော်တော်များများက တစ်ဖက်အသင်းကို စိုးမိုးနိုင်လောက်တဲ့ ခြေစွမ်းတွေ မရှိတာကြောင့် မာတီနက်ဇ်ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ စွမ်းဆောင်ရည်တွေက ယူနိုက်တက်အသင်းကို အထောက်အကူပြုနိုင်မှာပါ။

တန်ဟတ်ဂ်ရဲ့ တပည့်ဟောင်း မာတီနက်ဇ်

နည်းပြသစ် တန်ဟတ်ဂ်ဟ သူအားကိုးနိုင်လောက်တဲ့ ကစားသမားတစ်ဦးကို လိုအပ်နေပြီး မာတီနက်ဇ်ကတော့ သူလိုချင်တဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်။ အဲ့လိုဖြစ်ကြောင်းကိုလည်း အေဂျက်ဇ်အသင်းမှာတုန်းက မကြာခဏဆိုသလို ကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေ ပြသခဲ့ပါတယ်။ အခုအခါ အာဂျင်တီးနားသားဟာ ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကစားဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။

အာဂျင်တီးနားသားရဲ့ ထင်ရှားတဲ့ အရည်အသွေးကတော့ နေရာသုံးခု ကစားလို့ရတယ်ဆိုတာပါပဲ။ သူဟာ ဗဟိုခံစစ်၊ ဘယ်နောက်ခံလူနဲ့ ကွင်းလယ်ခံစစ်နေရာတွေမှာ လိုအပ်သလို ကစားလို့ ရနိုင်ပါတယ်။ ဒါကြောင့်မို့ ယူနိုက်တက်အသင်းမှာ ရေရှည်ရင်းနှီးမြှုပ်နှံဖို့ ထိုက်တန်တဲ့ ကစားသမာတစ်ဦးဖြစ်ပြီး ပေးရတဲ့ ပြောင်းရွှေ့ကြေးနဲ့ တန်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment