Azpilicueta ကို ခေါ်ယူဖို့ စီစဥ်နေတဲ့ ဘာစီလိုနာ

Azpilicueta _to barcelona
July 29, 2022

ဘာစီလိုနာအသင်းဟာ ကွန်ဒယ်ပြီးတော့ နောက်ထပ် Azpilicueta [ အက်ဇပလီကွီတာ ] ကို ခေါ်ယူဖို့ စီစဥ်နေပါတယ်။

Azpilicueta [ အက်ဇပလီကွီတာ ] အပါအဝင် နောက်ထပ် ကစားသမား အများအပြားကို ဘာစီလိုနာအသင်းအနေနဲ့ ခေါ်ယူဖို့ စီစဥ်နေကြောင်း သိရှိရပါတယ်။

ချဲလ်ဆီးအသင်းနဲ့ အပြိုင်အဆိုင် ယှဥ်ပြိုင်ခဲ့ပြီးနောက် ဘာကာအသင်းဟာ အနိုင်ရရှိခဲ့ပါတယ်။ ရက်သတ္တပတ်များစွာကြာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းဟာ ဆီဗီလာအသင်းမှ ဂျူးလ်စ်ကွန်ဒယ်ကို ခေါ်ယူဖို့ သဘောတူညီမှု နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဘာကာအသင်းရဲ့ ခံစစ်လိုအပ်ချက်

ကတ်တလန်အသင်းဟာ သူတို့ရဲ့ ခံစစ်ရွေးချယ်မှုတွေကို မြှင့်တင်လိုတာက အချိန်ကြာမြင့်နေပြီ ဖြစ်ပြီး ကွန်ဒယ်ကိုတော့ ဗဟို ခံစစ်နေရာအတွက် ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။

စပိန်ကလပ်အသင်းဟာ ကစားသမားနဲ့ အချိန်အတော်ကြာ ညှိနှိုင်းဆွေးနွေးကာ သူ့ကို စိတ်ရှည်ရှည်ထားပြီး ချဲလ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့ကို ရှောင်ရှားဖို့ တောင်းဆိုခဲ့ပါတယ်။ ကစားသမားကို ခေါ်ယူဖို့အတွက် သူတို့ရဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေကို ဖြတ်သန်းခဲ့ရပါတယ်။

Azpilicueta _with CL Trophy

ချန်ပီယံလိဂ်ဖလားရခဲ့စဥ်က ချဲလ်ဆီးအသင်း။

ချဲလ်ဆီးအသင်းဆီကနေ ပိုမိုကြီးမား‌တဲ့ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပေမယ့် နောက်ဆုံးမှာ ဘာစီလိုနာအသင်းဟာ ပြင်သစ်သားကို ခေါ်ယူဖို့အတွက် ကနဦး ယူရို သန်း ၅၀ နဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

ရောဘတ်လီဝန်ဒေါစကီး၊ ဖရန့်ကက်စ်စီ၊ ရာဖင်ဟာနဲ့ အန်ဒရီယာစ် ခရစ္စတန်ဆန်တို့ကို ခေါ်ယူဖို့အတွက် စပိန်ကလပ် အသင်းဟာ အပြောင်းအရွှေ့ ကိစ္စ အလုပ်တွေ ရှုပ်နေခဲ့ပါတယ်။ အဲ့အပြောင်းအရွှေ့တွေ ပြီးဆုံးသွားချိန်မှာ အခု နောက်ခံလူ ကွန်ဒယ်အပြင် နောက်ထပ် ကစားသမားတွေ ထပ်လောင်း ပေါင်းထည့်ချင်နေသေးတာကြောင့် အပြောင်းအ‌ရွှေ့က မပြီးစီးနိုင်သေးပါဘူး။

[ အက်ဇပလီကွီတာ ] Azpilicueta နဲ့ နောက်ထပ် ဘာကာ ခေါ်ယူမယ့် ကစားသမားများ

ကလပ်အသင်းဟာ စိန်ခေါ်မှုမျိုးစုံနဲ့ ဖြတ်သန်းခဲ့ရတဲ့ နှစ်တွေရဲ့ ဂုဏ်ကျက်သရေ အောင်မြင်မှုတွေကို ပြန်လည်ရယူလိုတာကြောင့် လာမယ့်ရာသီမတိုင်ခင် သူတို့ရဲ့ အသင်းမှာ တိုးတက်လာဖို့ ဆန္ဒရှိနေဆဲ ဖြစ်ပါတယ်။

နည်းပြ ဇာဗီရဲ့ အသင်းဟာ သူတို့ရဲ့ နောက်တန်း ခံစစ်နေရာတွေမှာ ပိုမိုတောင့်တင်းအောင် တည်ဆောက်ချင်နေပြီး အပြောင်းအရွှေ့ ကာလ မကုန်ခင် ညာဘက်နဲ့ ဘယ်ဘက်နောက်တန်း တစ်နေရာကို ထည့်သွင်းဖြည့်တင်းဖို့ ‌မျှော်လင့်နေပါတယ်။

Azpilicueta, Kepa, and Marco Alonso

ဥရောပ စူပါကပ်ဖလား ရယူခဲ့စဥ်က အက်ဇပလီကွီတာ။

သူတို့ဟာ စီဇာ အက်ဇပလီကွီတာနဲ့ မာကို အလွန်ဆိုတို့ ချဲလ်ဆီးအတွဲကို ဖော်ထုတ်ထားပြီး ဖြစ်ပေမယ့် သူတို့အတွဲအတွက် ညှိနှိုင်းမှုမှာ ခက်ခဲနိုင်ပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်မှာ စပိန်သား နှစ်ယောက်စလုံးရဲ့ သက်ဆိုင်ရာ စာချုပ်တွေဟာ လာမယ့်နှစ်ဆို ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ချဲလ်ဆီးအသင်းကနေ ထွက်ခွာဖို့ လွယ်ကူစေနိုင်မယ့် သက်တမ်းတိုး စာချုပ်တွေကို လက်မှတ်ရေးထိုးဖို့ အစီအစဥ် မရှိသေးပါဘူး။

စပိန်မြေကို ပြန်သွားချင်နေတဲ့ Azpilicueta [ အက်ဇပလီကွီတာ ]

ဒါပေမယ့် ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာက ခေါ်ယူခဲ့တဲ့ ကွန်ဒယ်၊ ရာဖင်ညာနဲ့ အော်စမန် ဒမ်ဘီလီတို့လို တူညီတဲ့ အပြောင်းအရွှေ့ ပစ်မှတ်တွေအတွက် ကလပ်အသင်းနှစ်သင်းအကြား ယှဥ်ပြိုင်မှုတွေ ဖြစ်ပွားနေတာတွေ ရှိပါတယ်။ ဒါကြောင့်မို့ ဘာစီလိုနာအသင်းကို ကူညီခြင်းကနေ ရှောင်ကြဥ်ဖို့ ဆုံးဖြတ်ထားတာပါ။

နောက်ခံလူ Azpilicueta [ အက်ဇပလီကွီတာ ] ဟာ ချဲလ်ဆီးအသင်းမှာ ဆယ်စုနှစ်တစ်ခုကြာ ကစားခဲ့ပြီးနောက် စပိန်ကို ပြန်သွားလိုကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပေမယ့် သူ့ရဲ့ အပြောင်းအရွှေ့က လွယ်လွယ်နဲ့ ရနိုင်မှာ မဟုတ်ပါဘူး။

နောက်ထပ် ဘာစီလိုနာအသင်းရဲ့ ပစ်မှတ်ကတော့ ကွင်းလယ်တစ်နေရာ ဖြစ်ပါတယ်။ ခေါ်ယူဖို့ကလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါက ဖရန့်ကီ ဒီဂျောင် အသင်းကနေ ထွက်ခွာမလားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

Azpilicueta _against man city

မန်စီးတီးအသင်းနဲ့ ရင်ဆိုင်တွေ့စဥ်က အက်ဇပလီကွီတာ။

ဒီဂျောင်နဲ့ ဘာစီလိုနာအသင်းရဲ့ အခြေအနေ

ကွင်းလယ်ကစားသမား ဒီဂျောင်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ အချိန်အတော်ကြာ ချိတ်ဆက်နေပြီး ကလပ်အသင်း နှစ်သင်းစလုံးက အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ ကြိုးစားနေချိန်မှာ‌တော့ ကစားသမားနဲ့ ပတ်သက်ပြီး ကိစ္စရပ်တွေက မလွယ်ကူပါဘူး။

ဒီဂျောင်ဟာ တကယ်လို့ အသင်းပြောင်းရွှေ့ဖို့ စီစဥ်မယ် ဆိုရင်တောင် သူ့ရဲ့ အပြောင်းအရွှေ့ ကိစ္စမတိုင်ခင် သူ့ရဲ့ လုပ်ခလစာ ( ရွှေ့ဆိုင်းလစာ ) ကို အပြည့်အစုံ ရယူလိုနေပါတယ်။ နူးကမ့်အသင်းဟာ မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဘာနာဒို ဆေးလ်ဗားကို အစားထိုး ခေါ်ယူဖို့ ရွေးချယ်မှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဇာဗီဟာ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူဖို့ ဆန္ဒရှိနေပေမယ့် အသင်းကနေ ဒီဂျောင် ထွက်ခွာမှသာ ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။

အင်္ဂလန် ချန်ပီယံအသင်းက မန်စီးတီးအသင်းမှာ အရေးပါတဲ့ ကစားသမား ဖြစ်လာတဲ့ ပေါ်တူဂီ ကစားသမားအတွက် ယူရိုသန်း ၈၀ ပတ်ဝန်းကျင် တောင်းဆိုထားပါတယ်။ ဒီပြောင်းရွှေ့မှုဟာ ထင်ထားသလောက် လွယ်ကူမှာ မဟုတ်ပါဘူး။

ဘာကာကလပ်အသင်းမှာ ကွင်းလယ်ကစားသမားသစ် ကတ်စီ၊ ဂါဗီ၊ ပတ်ဒရီနဲ့ နီကိုတို့လို့ တောက်ပတဲ့ လူငယ်ကစားသမားတွေ အပါအဝင် ကွင်းလယ်မှာ တခြား ရွေးချယ်စရာများစွာ ရှိနေပြီ ဖြစ်တာကြောင့် နောက်ထပ်ကွင်းလယ်က ဦးစားပေးတော့ မဟုတ်ပါဘူး။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment