Bernardo ဆေးလ်ဗားရဲ့ ဘာကာနဲ့ အပြောင်းအရွှေ့

Bernardo Silva to barcelona
August 1, 2022

ဘာနာဒို ဆေးလ်ဗား [ Bernardo Silva ] ဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

Bernardo Silva [ ဘာနာဒို ဆေးလ်ဗား ] ကို မန်စီးတီးအသင်းဆီကနေ ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းဟာ ကစားသမားနဲ့ အပြည့်အဝ သဘောတူညီမှု ရရှိထားပြီလို့ စပိန်သတင်းတွေအရ သိရပါတယ်။

ကတ်တလန်ကလပ်အသင်းဟာ Bernardo Silva [ ဘာနာဒို ဆေးလ်ဗား ] ကို ဖရန့်ကီ ဒီဂျောင်ရဲ့ နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားနေတာ ကြာပါပြီ။ ဆေးလ်ဗားကို ဒီနွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူစာချုပ် ချုပ်ဆိုနိုင်ဖို့ဆိုတာက နဂိုရှိတဲ့ ဖရန့်ကီ ဒီဂျောင်ဟာ အသင်းကနေ ထွက်ခွားသွားမှသာ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

နယ်သာလန်သား ဒီဂျောင်ကို မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ မန်ချက်စတာ စီးတီးကွင်းလယ် ကစားသမား Bernardo [ ဘာနာဒို ဆေးလ်ဗား ] ဟာ ငယ်စဥ်က ဘာစီလိုနာ ပရိတ်တစ်ဦးဖြစ်ပြီး ဇာဗီရဲ့ ကမ့်နူး ပရောဂျက်မှာ ပါဝင်ဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါကြောင့်မို့ ဘာကာအသင်း‌ဆီ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားတယ်လို့ ယုံကြည်ရပါတယ်။

ဘာစီလိုနာအသင်းဟာ Bernardo Silva [ ဘာနာဒို ဆေးလ်ဗား ] ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

ကမ့်နူးအသင်းဟာ ရောဘတ် လီဝန်ဒေါစကီး၊ ရာဖင်ညာ၊ ဂျူးလ်စ်ကွန်ဒယ်၊ အန်ဒရီး‌ယားစ် ခရစ္စတန်ဆန်နဲ့ ဖရန့်ကက်စ်စီတို့လို ကစားသမားတွေကို ခေါ်ယူးခဲ့ပြီး ဒီနွေရာသီ အပြောင်းအရွှေ့ ကာလမှာ အလုပ်တွေ များနေခဲ့ပါတယ်။

သူတို့ဟာ Bernardo [ ဘာနာဒို ဆေးလ်ဗား ] ရဲ့ အခြေအနေကို စောင့်ကြည့်နေချိန် သူတို့နောက်မှာ ချဲလ်ဆီးအသင်းက နောက်တန်း မာကို အလွန်ဆိုနဲ့ စီဇာ အက်ဇပလီကွီတာ ခံစစ်အတွဲနဲ့  စီးပွာရေးအတွက် လမ်းဖွင့်ထား‌ဆဲ ဖြစ်ပါတယ်။

Bernardo Silva at Man City

မန်စီးတီးမှာ ခြေစွမ်းပြနေတဲ့ ဘာနာဒိုဆေးလ်ဗား။

မန်ချက်စတာစီးတီး ကွင်းလယ်တိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဆေးလ်ဗားဟာ ပြီးခဲ့တဲ့ ရာသီတုန်းက မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၁၃ ဂိုး သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု  ၇ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ကွင်းလယ်လူ Bernardo Silva [ ဘာနာဒို ဆေးလ်ဗား ] ရဲ့ ပြောင်းရွှေ့ကြေး

ဒါပေမယ့် ဘာစီလိုနာက တိကျတဲ့ကမ်းလှမ်းမှုနဲ့ ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ ကြိုစားခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ ပက်ဂွာဒီယိုလာရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပေါ်လစီအတိုင်း အပြောင်းအရွှေ့ကိစ္စကို အနှောင့်အယှက် ပေးမှာ မဟုတ်ပါဘူး။

လက်ရှိ ဘာစီလိုနာအသင်းဟာ သူတို့အား လာလီဂါရဲ့ မှတ်ပုံတင် စည်းမျဉ်းတွေအောက်မှာ သေချာမှတ်ပုံတင်နိုင်ဖို့အတွက် ကစားသမားတွေကို ရောင်းချဖို့ လိုအပ်နေပါတယ်။ သို့ပေမယ့် သူတို့ဟာ ရာသီအတွက် အချိန်မမီရင်တော့ အသင်းအနေနဲ့ ရန်ပုံငွေတွေ ပိုမိုရရှနိုင်မယ့် တတိယမြောက် စီးပွားရေး လမ်းကြောင်းကို စ,တင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Bernardo Silva at Portugal

ပေါ်တူဂီ လက်ရွေးစင် ကစားသမား ဘာနာဒိုဆေးလ်ဗား။

ဒီလိုအသုံးပြုခြင်းအားဖြင့် မန်စီးတီးကွင်းလယ်ကစားသမား Bernardo [ ဘာနာဒို ဆေးလ်ဗား ] ကို ခေါ်ယူဖို့ ယူရို သန်း ၈၀ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အဲ့ရန်ပုံငွေ ရရှိမှသာ ကစားသမားကို မန်းစီးတီးအသင်းက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ကြီးကြီးမားမားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းနိုင်မှာ ဖြစ်ပါတယ်။

ဖရန့်ကီ ဒီ‌ဂျောင်ကို ခေါ်ယူဖို့ စီစဥ်နေတဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင်ကို ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း ဘာစီလိုနာအသင်းထံ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ Sport နဲ့ အခြားသော စပိန်မီဒီယာအချို့ရဲ့  ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းက တရားဝင် ကမ်းလှမ်းမှုပြုလုပ်ဖို့ နီးစပ်နေပြီလို့ ‌ဆိုထားပါတယ်။

နယ်သာလန် ကွင်းလယ်လူ ဒီဂျောင်ဟာ မန်ချက်စတာယူနိုက်တက်ထံမှ ရရှိထားသည့် ကမ်းလှမ်းမှုမျိုးမဟုတ်ဘဲ စတန်းဖို့ဒ်ဘရစ်ချ်သို့ ပြောင်းရွှေ့ရန် ပြင်းပြင်းထန်ထန် စဉ်းစားမည်ဖြစ်ကြောင်း Sport ထပ်လောင်းပြောကြားခဲ့သည်။

ဇူလိုင်လအစတွင်  ချယ်လ်ဆီးအသင်းပိုင်ရှင် Todd Boehly သည် အပြောင်းအရွှေ့ထိပ်သီးဆွေးနွေးပွဲအတွက် ဘာစီလိုနာသို့ သွားရောက်ခဲ့သည့် ချယ်လ်ဆီးအသင်းမှ ဒီဂျောင်ကို စိတ်ဝင်စားခဲ့ခြင်းဖြစ်သည်။

Bernardo Silva to replace De Jong

ဘာကာဟာ ဒီဂျောင်နေရာအစားထိုးဖို့ ဆေးလ်ဗားကို ခေါ်ယူချင်နေပါတယ်။

အဲဒီတွေ့ဆုံမှုမှာ ကလပ်နှစ်သင်းစလုံးဟာ ဒီနွေရာသီမှာ ဘာကာနဲ့ သတင်းထွက်နေတဲ့  စီဇာ အက်ဇပလီကွီတာ နဲ့ မာကိုအလွန်ဆို တို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း  ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ကိုလည်း ချဲလ်ဆီးက နယ်သာလန်သားနဲ့ စကားပြောခွင့်ပြုဖို့ တောင်းဆိုခဲ့ပြီး ဆွေးနွေးမှုမှာ ထွက်ပေါ်လာခဲ့ပါတယ်။

လက်ရှိမှာ ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်တွေမှာ ဂျော်ဂျင်ညို နဲ့ အန်ဂိုလို ကန်တေတို့နဲ့အတူ ဗဟိုကွင်းလယ်လူသစ်တစ်ဦးကို ၀ယ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment