Benjamin Sesko ကို မျက်စိကျလာတဲ့ ချဲလ်ဆီး

Benjamin Sesko to Chelsea
August 2, 2022

ယူနိုက်တက်ပစ်မှတ် Benjamin Sesko [ ဘန်ဂျမင် ဆက်စ်ကို ] ကို ခေါ်ယူဖို့  ချဲလ်ဆီးအသင်းဟာ အပြိုင်အဆိုင် ရောက်ရှိလာပါတယ်။

Benjamin Sesko [ ဘန်ဂျမင် ဆက်စ်ကို ] ကို ယူနိုက်တက်အသင်းက စိတ်ဝင်စားခဲ့ပေမယ့် အခုအခါ  ချဲလ်ဆီးအသင်းဟာလည်း သူ့ကို ခေါ်ယူချင်တဲ့ အပြိုင်အဆိုင် တစ်သင်းအနေနဲ့ ရောက်ရှိလာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ  Red Bull Salzburg [ ရတ်ဒ်ဘူးလ် ဆောဇ်ဘက်ဂ် ] ရဲ့ တောက်ပတဲ့ လူငယ် တိုက်စစ်မှူး Benjamin Sesko [ ဘန်ဂျမင် ဆက်စ်ကို ] ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားနေပြီ ဖြစ်ပါတယ်။ လန်ဒန်အသင်းဟာ မကြာသေးခင်က ကစားသမားရဲ့ အေးဂျင့်နဲ့ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ခြေစွမ်းကောင်းနေတဲ့ လူငယ် တိုက်စစ်မှူး Benjamin Sesko [ ဆက်စ်ကို ]

ဆလိုဗေးနီးယားသားဟာ မကြာသေးခင်က သြစတြီးယားချန်ပီယံအသင်းအတွက် သူ့ရဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်တွေက တကယ်ကို အထင်ကြီးလောက်စရာ ကောင်းခဲ့ပါတယ်။ ဒါကြောင့်မို့ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ ထိပ်တန်းကလပ်တချို့ရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်လျက် ရှိနေပါတယ်။

လူငယ် တိုက်စစ်မှူးဟာ လီဗာပူးလ်အသင်းနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ တိုက်စစ် ကစားပုံတွေကို ကောင်းမွန်စွာ ချီးမြှောက်ခဲ့ကြပါတယ်။

Benjamin Sesko has a bright future at Salzburg

ဆောဇ်ဘက်ဂ် လူငယ်တိုက်စစ်မှူး ဘန်ဂျမင် ဆက်စ်ကို။

ကစားသမားရဲ့ အေးဂျင့် Elvis Basanovic [ အဲလ်ဗစ်စ် ဘာဆန်နိုဗစ် ] ဟာ ချဲလ်ဆီးရဲ့ ပိုင်ရှင်အသစ် Todd Boehly [ တော့ဒ် ဘိုလီ ] နဲ့ ဇူလိုင်လ ၃၁ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီတုန်းက ကစားသမားရဲ့ အေးဂျင့်နဲ့ တိုက်စစ်မှူး Benjamin Sesko [ ဆက်စ်ကို ] ရဲ့ အနာဂတ်ကို ဆွေးနွေးခဲ့ကြတာ ဖြစ်နိုင်ပါတယ်။

အေးဂျင့် ဘာဆန်နိုဗစ်ဟာ အစည်းအဝေးမှာ ဆက်စ်ကိုရဲ့ အနာဂတ်အကြောင်း ပြောဆိုခဲ့ခြင်း ရှိမရှိကိုတော့ အတည်မပြုခဲ့ပါဘူး။ ဒါပေမယ့် မကြာသေးခင် အချိန်တွေတုန်းက သူ့ရဲ့ အနာဂတ်ဟာ စောင့်ကြည့်ရမယ့် အနေအထားတစ်ခုကို ရောက်လာတာကြောင့် အေးဂျင့်နဲ့ တာဝန်ရှိသူတွေ ဆွေးနွေးတဲ့ အကြောင်းအရာ ဖြစ်နိုင်ကြောင်း ထင်ရှားနေပါတယ်။

လူငယ်တိုက်စစ်မှူး Benjamin Sesko [ ဆက်စ်ကို ] ရဲ့  တောက်ပတဲ့ အနာဂတ်အတွက် ဂုဏ်ပြုခံခဲ့ရပါတယ်။

အပြောင်းအရွှေ့ ကာလ အစောပိုင်းတုန်းကတော့ ယူနိုက်တက်အသင်းဟာ မဝေးတော့တဲ့အနာဂတ်မှာ ကစားသမားအတွက် ဖြစ်နိုင်ချေရှိတဲ့ အပြောင်းအရွှေ့အတွက် ဆက်စ်ကိုရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

Red Bull Salzburg [ ရတ်ဒ်ဘူးလ် ဆောဇ်ဘက်ဂ် ] အသင်းဟာ တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ဝန်းကျင် အလိုရှိနေပြီး မန်ချက်စတာ ယူနိုက်တက် အသင်းက စိတ်ဝင်စားမှု လျော့ပါးသွားခဲ့ပြီ  ဖြစ်ပါတယ်။

Benjamin Sesko has a bright future

ချဲလ်ဆီးအသင်းဟာ ဆက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ ၂၀၁၉ ခုနှစ်မှာ ဆလိုဗေးနီးယားကလပ် ဒွမ်ဇားလ်အသင်းကနေ ဆော့ဇ်ဘက်ဂ်အသင်းဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၉ နှစ် ကစာသမားဟာ သူတို့ရဲ့  ဖီဒါအသင်းဖြစ်တဲ့ လီဖာရင်းကလပ်မှာ ( ဒုတိယတန်းအသင်း ) မှာ အငှားသွားရောက် ကစားခဲ့ပါတယ်။

ဆက်စ်ကိုဟာ ပြီးခဲ့တဲ့ ၂၀၂၀ -၂၁ ရာသီတုန်းက ဒုတိယတန်းလိဂ်မှာ လီဖာရင်းအသင်းအတွက် ပွဲပေါင်း ၂၉ ပွဲ ကစားခဲ့ပြီး သွင်းဂိုးပေါင်း ၂၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘန်ဂျမင် ဆက်စ်ကိုဟာ ပတ်ဆင်ဒါကထွက်ခွာပြီးနောက် ဆောဇ်ဘက်ဂ် စီနီယာတွေနဲ့အတူ ကစားခဲ့ပါတယ်။

သြစတြီးယား ဒုတိယတန်းလိဂ် လီ‌ဖာရင်းအသင်းမှာ ၂ နှစ်တာ ကာလ ကစားခဲ့စဥ်အတွင်း ပွဲပေါင်း ၄၄ ပွဲမှာ  သွင်းဂိုး ၂၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ကစားသမားကောင်းတွေ မွေးထုတ်ပေးတဲ့ ဆောဇ်ဘက်ဂ်အသင်း

ဆောဇ်ဘက်ဂ်အသင်းဟာ မကြာသေးခင် နှစ်တွေတုန်းက ဆာဒီယို မာနေး၊ အယ်လိန်း ဟာလန်း၊ အဒိုင်မီနဲ့ ဒါကာတို့လို တိုက်စစ် ကစားသမားကောင်းတွေနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေ ရှိခဲ့ပါတယ်။

Benjamin Sesko at Slovenia National Team

ဆလိုဗေးနီးယား လူငယ်တိုက်စစ်မှူး ဘန်ဂျမင် ဆက်စ်ကို။

ဆလိုဗေးနီးယားသားဟာ မယုံနိုင်လောက်စရာ ရောင်းထုတ်နိုင်တဲ့ နောက်ဆက်တွဲ ကစားသမား ဖြစ်လာနိုင်ကြောင်း ယုံကြည်ထားပါတယ်။ ပြီးခဲ့တဲ့ ရာသီကုန်တုန်းက ၇ ပွဲမှာ ၁၃ ဂိုးအထိ သွင်းယူပေးခဲ့ပြီး သူ့ရဲ့ အောင်မြင်မှုကို နောက်ခံထားဖို့ ဂိုးအရေအတွက် မှတ်တမ်းတွေ ရှိနေပါတယ်။

ပြီးခဲ့ တဲ့ရာသီက ‌အသင်းဟာ ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး အခုနှစ်မှာလည်း နောက်တစ်ကြိမ် ထပ်တက်ဖို့ ပြင်ဆင်နေတာကြောင့် ‌သူသာ အသင်းမှာ ဆက်ရှိနေသေးရင် အသင်းကို ဦးဆောင်သွားမှာပါ။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment